" ဟယ် ... ခေါင်လေး ... ရောက်နေတာ ကြာပြီလား "
" ဟုတ် ... မမခင် ... နဲနဲတော့ ကြာနေပြီ "
နုနုထွဋ်ခေါင်မှာ မိုးစက်နှင့် စကားပြောရင်း ဒေါ်ခင်မိုးမြင့်အား ပြန်နုတ်ဆက်လိုက်သည်။ဒေါ်ခင်မိုးမြင့် ရောက်လာသည်နှင့် မီးငယ်မှာ စတီးချိုင်အား ပြောင်းယူရင်း နေမင်းခန့် လက်မောင်းအား ဆွဲရင်း ထရပ်လိုက်၏။နုနုထွဋ်ခေါင်စိတ်ထဲ တင်းကနဲ့ ဖြစ်နေစဉ် နေမင်းခန့်က မီးငယိအလိုကျ ထရပ်လိုက်သည်။နုနုထွဋ်ခေါင်တစ်ယောက် မျက်နှာလေးပျက်ကာ နေမင်းခန့်တို့နှင့် ရှေ့ဆင့်နောက်ဆင့် ထရပ်ရင်း မိုးစက်အား လှမ်းပြောလိုက်၏်။
" ကဲ ... ကိုမိုးစက် ... ရှင့် မြေနေရာ အလွတ်ပုံတွေ ဒီကပြန်ရင်း ကျမကြည့်သွားချင်လို့ သွားရအောင် "
" ဟော် ... ပြန်တော့မလား ... ခေါင်လေးရဲ့ "
" ဟုတ် ... မမခင် ... ဒီမှာ အလုပ်လေးလည်း ပေါ်လာလို့ပါ "
" မယ့်လေး ... ခေါင်လေးတို့များ ... အလုပ်နားရက်တောင် ... မအားပါလားနော် ... ဘာလဲ ... ဒို့အပျိုရီး တွေ့နေပြီလား ... ခ်ခ် ခ်ခ် "
" အို့ ... မမခင် ကလည်း "
နုနုထွဋ်ခေါင် မျက်နှာလေး ပန်းရောင်ပြေးသွားကာ မိုးစက်အား အားတုံ့အားနာလေး လှမ်းကြည့်မိသည်။မိုးစက်မှာ ဒေါ်ခင်မိုးမြင့် စကားကြောင့် ကျေနပ်အားရနေသည်မှာ အထင်းသားပင်ဖြစ်၏။နုနုထွဋ်ခေါင်မှာ စကားပြောပြီး နေမင်းခန့်တို့တက် အရင်ဦးအောင် ထွက်ခဲ့လိုက်သည်။နေမင်းခန့်၏ ဆွေးရိပ်သန်းသွားသော မျက်ဝန်းလေးအား မြင်လိုက်ရသဖြင့် သူမစိတ်ထဲ ကျေနပ်နေ၏။အမှန်တော့ သူမရှိနေလျက် မီးငယ်အား အိမ်ထိလိုက်ပို့ပေးသော အပြုမှုတွက် တုံ့ပြန်ချင်းသာဖြစ်သည်။မီးငယ်နှင့် ပူးကပ်စွာ ရင်းနှီးနေသည့် နေမင်းခန့်အပေါ် သဝန်တိုနေတော့၏။
" မင်း မှတ်ထား ... နေမင်းခန့် ... နုနုထွဋ်ခေါင်ဆိုတာ ... ကျန်နေရစ်မယ့် မိန်းမ မဟုတ်ဘူးကွ ... လိုအပ်ရင် အရင်ထွက်သွားမယ့် မိန်းမ "
ဒီစကားကို သူမစိတ်ထဲပြောကာ နုနုထွဋ်ခေါင်တစ်ယောက် နေမင်းခန့်တို့ ခြံဝင်းထဲရှိ ကားပါကင်နေရာသို့ လျှောက်လာခဲ့လိုက်သည်။သို့သော် နေမင်းခန့်တို့ အိမ်နှင့် ခပ်လှမ်းလှမ်း အရောက် သူမကားလေးရပ်ကာ ရှေ့ခပ်လှမ်းလှမ်းမှ မောင်းနှင်နေသော မိုးစက်ဆီ ဖုန်းလှမ်းခေါ်လိုက်၏။နေမင်းခန့်တို့အိမ်တွင် မိုးစက်မှ လိပ်စာကပ်လေးပေးထားသဖြင့် ပထမဆုံး ဖုန်းနံပတ် ခေါ်ရာ ချက်ချင်း ဝင်သွားတော့သည်။
" ဟဲလို ... ကျနော် မိုးစက်ပါ "
" ကိုမိုးစက် ... ကျမ နုနုထွဋ်ခေါင်ပါ ... အရေးကြီး ကိစ္စလေးပေါ်လာလို့ ... ရှင့်အိမ် လိုက်မကြည့်နိုင်တော့ပါဘူး ... အားနာလိုက်တာရှင် "
" ဟာ ... ရပါတယ် ခင်ဗျာ ... ဒေါ်နုနုထွဋ်ခေါင် ... အဆင်ပြေချိန် ဆက်သွယ်ပေးပါ ... ပြစ်တော့ မထားပါနဲ့ဗျာ "
" ဟုတ် ... သေချာပေါက် ဆက်သွယ်ပါ့မယ်ရှင် ... ကျေးဇူးပါ သူမဖုန်းလေးပိတ်ကာ အိမ်သို့ တန်းပြန်လာခဲ့တော့သည်။အိမ်ရောက်သည်နှင့် မိခင်ဖခင်အား ခေါင်းထဲ ငြီစီစီဖြစ်လာလို့ အနားယူမယ်ပြောပြီး အိမ်အပေါ်ထပ် သူမအိပ်ခန်းထဲ ဝင်လာခဲ့၏။စိတ်ထဲ မီးငယ်ဆိုသော မိန်းကလေးမှ နေမင်းခန့်အား လက်ဆွဲခေါ်သွားသည်ကို မြင်ယောင်ရင်း တနုံ့နုံ့ခံစားနေရသည်။
" ဘာ ... ခုထိ စာရင်းတွေ မပြီးသေးဘူး ဟုတ်လား ... သေချင်တယ် ... နင်တို့နဲ့တော့ ... သွား ဒီနေမပြီးရင် အိမ်မပြန်နဲ့ ... လာခဲ့ ဟိုတစ်ယောက် "
စာရင်းကိုင်ကောင်မလေး ဇတ်ကလေးပုကာ ထွက်ခွာသွားတော့၏။နောက်တစ်ယောက် သူမရှေ့ တိုးကပ်လာရာ...
" ကဲ ... ဒီက မမချောလေး ... ပြီးခဲ့တဲ့လက ... အိမ်တွင်းအလှဆင်ပစ္စည်း စာရင်းတွေ ရပြီလား "
" ဟို ... ပြီးသလောက်ရှိပါပြီ ... မမ ... အဆောက်ဦးတလုံးက ... စာရင်း မတင်သေးလို့ ... အဲဒါ "
" ဘာရယ် ... သူတို့မတင်ရင် ... တင်ခိုင်းဖို့က ရှင်တို့အလုပ်လေ ... ဒီနေရာ ရောက်လာပြီးမှ အောက်ကဝန်ထမ်းတွေကို ဖိဖိစီးစီး မထိန်းနိုင်ဘူးလား "
" ဟုတ် ... မမ ... သမီး ဒီနေ့ အပြီးအပ်ပါ့မယ် "
ဒေါ်နုနုထွဋ်ခေါင်တစ်ယောက် ဒီနေ့ ကုမ္ပဏီရောက်ကတည်းက တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆူကာ မျက်နှာက တင်းမာနေ၏။လက်ချောင်းလေးများ ချိုးကား သူမစိတ်တခုခုကို မကျေမနပ်ဖြစ်နေမိသည်။မနေ့ထဲက မီးငယ်ဆိုသောမိန်းကလေးမှ နေမင်းခန့်လက်မောင်အား ဆွဲခေါ်သွားသောမြင်ကွင်းမှာ အလုပ်ထဲထိ ကပ်ပါလာခဲ၏်။
" ကျွိ ... ကျွီ "
" အမေ့ "
သူမအတွေးလွန်နေစဉ် တံခါးဖွင့်သံကြောင့် လန့်အော်မိသည်။
" မမခေါင် ... ဧည့်သည်က အရေးတကြီး ... တွေ့ခွင့် တောင်းနေလို့ "
" နေ မင်း ခန့် "
" ဗျာ "
" ဒီအခန်းထဲ ဝင်ရင် ... တံခါး အရင်ခေါက်ရမယ် ဆိုတာ နားမလည်ဘူးလား "
" ဟုတ်ကဲ့ ... စကိုင်းဝေါလ် ကုမဏ္ဏီက ကိုယ်စားလှယ်က ... မမခေါင်နဲ့ အရေးတကြီး တွေ့ချင်လို့ ပြောခိုင်းလို့ပါ ... ဖုန်းဆက်တာလည်း အဆက်သွယ်မရဘူး ပြောနေပါတယ် "
နေမင်းခန့်စကားကြောင့် သူမပိုက်ဆံအိတ်ဖွင့်ကာ ဖုန်းအားထုတ်ကြည့်လိုက်မိသည်။သူမမျက်နှာလေး ဖျက်ကနဲ့ ပျက်သွားမိ၏်။ဖုန်းက ပါဝါပိ်တ်ထားမိရဲ့သား ဖြစ်နေရသည်။
" ဟူးးးးး ... ကောင်းပြီ ... ခုလွတ်လိုက် "
" ဟုတ်ကဲ ... မမခေါင် ... ကော်ဖီ လာပို့ ပေးရမလား ခင်ဗျာ "
" နေမင်းခန့် ... အလုပ်ချိန် အပိုစကားတွေ မပြောနဲ့ ငါမကြားချင်ဘူး "
" ဗျာ ... ဟုတ်ဟုတ် "
သူ့အား မကြည်မသာ ဖြစ်နေသည်ကို နေမင်းခန့်ရိပ်မိလိုက်သည်။ဘာပြက်သနာလည်း စဉ်းစားမရပေ။အခန်းပြင်ထွက်ကာ စကိုင်းဝေါလ်ကုမ္ပဏီမှ ကိုယ်စားလှယ်အား ဝင်တွေ့နိုင်ကြောင်း ပြောပြီး ရုံးခန်းအပြင်ဘက် ထွက်ထိုင်နေလိုက်၏။
" ကိုခန့် ... မမခေါင် ဒီနေ့ ဘာဖြစ်တာလည်း "
" ဟုတ်တယ် ... သမီးလည်း ဆူလွတ်နေတာ "
" ကျမလည်း ... အော်လွတ်နေတာ ... ခါတိုင်း ဒီလိုမဟုတ်ပါဘူး "
နေ့မင်းခန့် ခုံအလွတ်လေးပေါ်ထိုင်လိုက်သည်နှင့် စာရင်းကိုင်မလေးများ အခြားဝန်ထမ်းများ တစ်ယောက်ပြီးတစ်ယောက် အုံလာကာ လာမေးနေကြသည်။
" ကျနော်လည်း မသိဘူးဗျ ... ကျနော့်လည်း ... အော်လွတ်နေတာ ... ကော်ဖီသောက်ဦးမလား မေးမိတာလေးကိုဗျာ "
နေမင်းခန့်နှင့်ဝန်ထမ်းများ ပွစိပွစိ ပြောနေစဉ် ရုံးခန်းအတွင်းမှ နုနုထွဋ်ခေါင်နှင့် ကိုယ်စားလှယ်တို့ ထွက်လာသဖြင့် အမြန်လူစု ခွဲလိုက်ကြသည်။
" ကဲ ... ကျမ အမြန်ဆုံး ဆက်သွယ်ပေးပါ့မယ် ... ဒီရက် အလုပ်များနေတာနဲ့ ... အဲဒီ ပရောဂျက် ကို့ မေ့သွားတာပါ "
နုနုထွဋ်ခေါင်အား ကိုယ်စားလှယ်မှ စကားပြန်ပြောကာ နှစ်ဦးသား ရုံးခန်းမှ ထွက်ခွာသွားတော့သည်။နုနုထွဋ်ခေါင် ထွက်သွားသည်နှင့် ခုန လူစုခွဲလိုက်သောသူများ နေမင်းခန့်ဘေးနား ပြန်အုံလာရင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
" ဟေးးး ... ကိုယ့်နေရာ ကိုယ်သွား ... ကိုယ့်အလုပ် ကိုယ် ပြီးအောင်လုပ်ကြ ... မမလေး အလုပ် ၅ရက် နားသွားပြီ "
ဝန်ထမ်းမလေးများနှင့် နေမင်းခန့် တွတ်ထိုးနေစဉ် နောက်ကျောဘက်မှ MD ဦးအောင်မိုး အသံကြောင့် လူစုပြန်ခွဲသွားတော့၏။
" မေကြီး "
" ပြောလေ ... အသဲလေး "
" သမီး ... အလုပ်လုပ်ရတာ ဒီရက် မပျော်တော့ဘူး "
" အလုပ်တွေတအားလုပ်တာကို ... သဲလေးက ... မေကြီးတို့ ... ခရီးထွက်ကြမလား ... စိတ်အပန်းဖြေရင်း "
" ဟင့်အင် "
ဒေါ်နန်းသဇင်မှာ ကိုယ်လုံးထွားထွားကြီးနှင့် သူမရင်ခွင်ထဲ တိုးဝှေ့ပြောနေသော သမီးဖြစ်သူအား ခပ်တင်းတင်းလေး ပွေ့ဖက်ထား၏။သူမတို့နေအိမ်၏ အောက်ထပ် ဧည့်ခန်းတွင် ဆိုဖါခုံ အရှည်ကြီးပေါ်တွင် သားအမိနှစ်ယောက် ထိုင်ရင်း စကားပြောနေကြသည်။ဆိုဖါခုံနှင့် မျက်နှာချင်းဆိုင် မျက်နှာပြင်အား ဖန်သားဖြင့် ပြုလုပ်ထားသော စားပွဲခုံပေါ်မှ သောက်လက်စ အချိုရည် ဖန်ခွက်လေးအား ဒေါ်နန်းသဇင် မော့လိုက်ရင်း သမီးဖြစ်သူ မျက်နာအား ကြည့်နေလိုက်သည်။ဒီနေ့ နုနုထွဋ်ခေါင် ကုမ္ပဏီမသွားတာ ၃ရက်ရှိပြီဖြစ်သည်။စိတ်ရှုတ်နေသောပုံစံလေးနှင့် သမီးဖြစ်သူအား မေးကြည့်သော်လည်း ရေရေရာရာ မသိရပေ။အလုပ်ပင်ပန်းတာပဲ အကြောင်းပြနေ၏။
" တီတီ ... တီ ... တီ ... တီ "
သားအမိနှစ်ယောက် စကားပြောနေစဉ် ခြံဝမှ ကားဟွန်းသံကြောင့် နှစ်ဦးသား ကြည့်မိလိုက်သည်။ခြံစောင့်မှ တခါးဖွင့်ပေးသည်နှင့် ကားလေးတစ်စီး ခြံဝင်းထဲ ဆင်ဝင်အောက်ထိ မောင်းဝင်လာ၏။ကားလေး မြင်ကတည်းက နုနုထွဋ်ခေါင် မျက်လုံးလေး အရောက်တောက်ကာ မျက်နှာလေး ဝင်းလက်လာသည်။
" မေကြီး ... သမီး မေးရင် ... နေမကောင်းဘူးပြောနော် ... သူတွေ့ချင်ရင် ... သမီး အခန်းထဲ လာတွေ့လိုကလို့် ... ဟီဟိ "
" ဟော တော် ... ခ်ခ် ခ်ခ် "
သမီးဖြစ်သူ စကားကြောင့် ဒေါ်နန်းသဇင် ပြုံးမိတော့သည်။ထိုစဉ် လက်ထဲ မုန့်ထုပ်များကိုင်ကာ ခပ်ချောချော လူရွယ်လေး ဧည့်ခန်းထဲ ဝင်ခွင့်တောင်းနေသည်ကို ကြားလိုက်ရ၏။
" မမခေါင် ရှိပါသလား ခင်ဗျာ ... ကျနော်က သူ့တပြည့်ပါ "
အသံနှင့် အတူ လူက ဧည့်ခန်းထဲဝင်လာရင်း မျက်လုံးများက ဟိုရှာဒီရှာ ကြည့်နေတော့သည်။
" အေးအေး ... ထိုင်ဦးကွယ့် ... မောင်ရင် ... ဒါနဲ့ ... မောင်ရင့် နာမည် "
" ကျနော့် နာမည် ... နေမင်းခန့်ပါ ... အန်တီ ... မမခေါင် အလုပ်မလာတော့ နေမကောင်းဘူးထင်လို့ လာမေးတာပါ "
ဒေါ်နန်းသဇင်မှာလည်း ငယ်ရာက ကြီးလာသူမို့ နေမင်းခန့် ပုံစံအားကြည့်ကာ နားလည်လိုက်သည်။နေမင်းခန့် ရောက်ကတည်းက မျက်လုံးများ ဂနာမငြိမ်ပဲ သမီးဖြစ်သူအား တွေ့ချင်မြင်ချင်နေသည်မှာ သိသာလွန်း၏။သမီးဖြစ်သူကလည်း ၃ရက်ဆက်တိုက် မှိုင်နေရာမှ ကားလေးမြင်လိုက်သည်နှင့် မျက်နှာလေးဝင်းလက်လာကာ အိမ်အပေါ်ထပ်အား ကလေးတစ်ယောက်လို ခုန်ပေါက်ပြေးတက်သွားသည်။တက်သွားသည်လှေကားတစ်လျှောက်တွင် နို့အုံထွားထွားကြီးက တုန်ခါလျက် ခါးအောက် ဖင်သားကြီးများ ရမ်းခါသွားတော့၏။သမီးဖြစ်သူနှင့် ပက်သက်မှု့ရာခိုင်နုန်းလည်း သိချင်နေမိသည်။သို့သော် သမီးဖြစ်သူက အိပ်ခန်းထဲထိ တွေ့ခွင့်ပေးနေသဖြင့် သာမာန်ထက် ပက်သက်မှု့က ပိုနေပြီလား စဉ်းစားမိသေးသည်။ဒေါ်နန်းသဇင်မှာ သူမရှေ့ ကုန်းကုန်းကွကွ ဖြင့် စိတ်လှုပ်ရှားနေသော နေမင်းခန့်အား ကြည့်ပြီး ရယ်ချင်လာတော့၏။စကားမပြောပဲ အတန်ကြာငြိမ်သက်နေရာမှ နေမင်းခန့် ကုန်းအထ...
" အော် ... မောင်ရင် ... ပြန်တော့ မလို့နဲ့ တူတယ် "
" ဗျာ ... အန်တီ ... ဟုတ် ဟုတ်ကဲ့ "
အမှန်တော့ နေမင်းခန့်မှာ ဒေါ်နန်းသဇင်မှ စကားစမပြောတော့သဖြင့် မုန့်ထုပ်တွေမှကြည့်လိုက် ကားသော့အား ဘောင်းဘီအိပ်ထဲ ထိုးကာ မတ်တပ်ရပ် ပြန်ထုတ်လိုက်နှင့် စကားအပြော စောင့်နေမိသည်။သို့သော် ဒေါ်နန်းသဇင်မှ အိမ်ပြန်တော့မည်ထင်ပြီး မေးနေသဖြင့် ချော်လဲရောထိုင် ဖြေရင်း ခါးဆန့်ကာ ထရပ်လိုက်တော့သည်။
" သမီးကဖြင့် ... မောင်ရင်တွေ့ချင်ရင် ... သူ့အိပ်ခန်းထဲ လာတွေ့ဖို့ မှာထားသေးတာ ... ကောင်းပြီလေ ... သမီးလေး ဆင်းလာရင် မောင်ရင် လာသွားတာ ပြောလိုက်ပါ့မယ် "
" ဟာ ... အာ့ဆို ... မပြန်တော့ဘူး အန်တီ "
" ဟင် ... မပြန်ဘူးဆို ... မောင်ရင်က ဒီအိမ် နေမလို့လား "
" ဗျာ ... မနေပါဘူး ခင်ဗျာ "
" ပြန်တော့မယ် ... ဆိုပါတော့ "
" ဟုတ် ... အဲ ...... မပြန် သေး ပါ ဘူး "
" ခိခိ "
ဒေါ်နန်းသဇင်မှာ နေမင်းခန့် ဖြစ်ပျက်နေပုံအား ကြည့်ကာ မထိန်းနိုင်ပဲ ရယ်မိလိုက်တော့၏။
" ဟိုလေ ... အန်တီ ...... ဟို ဟို "
" ရဲရဲ ပြောပါကွဲ့ ... တဟိုဟိုနဲ့ "
" မမခေါင်နဲ့ ... တွေ့လို့ ရပြီလား ... အန်တီ "
" ဟယ် ... သမီးက ... မောင်ရင့်ကို ... တွေ့ချင် သူ့အိပ်ခန်းထဲ လာတွေ့လို ပြောခိုင်းထားလေ ... အန်တီလည်း ပြောပြီးသားလေ "
" ဟုတ် ... ဒါဆို ... ကျနော် သွားတွေ့ဦးမယ်နော် "
" ဟဲ့ ... ဒါက ဘယ်တုန်း "
" ဟို ... အိမ်ပေါ် လေ ... အန်တီ "
" မောင်ရင်က ... သမီး အခန်း ... သိလို့လား "
" ဗျာ ... မသိသေးဘူး ဗျ "
နေမင်းခန့်မှာ နုနုထွဋ်ခေါင်နှင့် တွေ့ချင်နေရာ ဒေါ်နန်းသဇင်မှ ကြပ်နေသဖြင့် အခက်တွေ့နေရသည်။
" လှေကား အတိုင်းတက်သွားလိုက် ... ဧည့်ခန်း တောင်ဘက်က သမီးအိပ်ခန်းပဲ ... မြောက်ဘက်က ငါတို့အိပ်ခန်းနော် မှားမဝင်နဲ့ "
" ဟုတ်ဟုတ် ... ကျနော် တက်ပြီနော် ... အန်တီ "
နေမင်းခန့် အိမ်ပေါ်ရောက်သည်နှင့် ကျွန်းသစ်ဖြင့် ပြုလုပ်ထားသော ပရိဘောဂ ပစ္စည်းများ ဧည့်ခန်းတွင်း တွေ့လိုက်ရသည်။ပြတင်းပေါက်များ ဖွင့်ထားသဖြင့် အပြင်မှ ဝင်ရောက်လာသော လေပြေလေးများကြောင့် ခန်းစည်းစလေးများ တဖျတ်ဖျတ် လွင့်နေတော့၏။ဧည့်ခန်း တောင်ဘက် အိပ်ခန်းတံခါးလေးအား ဖွင့်ကာ ဝင်ခဲ့လိုက်သည်။တခန်းလုံး နှင်းဆီအနံ့လေး မွှေးကြိုင်နေကာ အဝတ်ဗီဒိုကြီးတစ်လုံးက အိပ်ခန်းအနောက်ဖက် နံရံကပ်လျက် မျက်နှာချင်းဆိုင် အရှေ့ဘက်နံရံတွင် အလှပြင် မှန်တင်ခုံတစ်ခုတွေ့ရှိရ၏။မှန်တင်ခုံနင့် ကုတင်ကြား မြောက်ဘက်တွင် ရေခဲသေတ္တာ အသေးတစ်လုံး ထားရှိသည်။ကုတင်ပေါ်တွင် စောင်အပါးလေးခြုံကာ အိပ်ပျော်နေသော နုနုထွဋ်ခေါင်အား တွေ့လိုက်ရတော့သည်။
ဒေါ်နန်းသဇင်မှာ ဧည့်ခန်းတွင် ထိုင်ရင်း နေမင်းခန့်အား စချင်သဖြင့် ဧည့်မခံမိရာ ခုမှ သတိရတော့သည်။အအေးတစ်ဗူးဖြင့် ဖန်ခွက်တစ်လုံးနှင့် ကိတ်မုန့်ပန်းကန်လေးအား လင်ဗန်းအသေးတခုထဲ ထည့်ကာ အိမ်ပေါ်တက်ခဲ့လိုက်၏။သမီးဖြစ်သူ အိပ်ခန်းနားအရောက် ထွက်ပေါ်လာသော အသံကြောင့် ခြေလှမ်းများရပ်တန့်ကာ လင်ဗန်းလေးကိုင်ရင်း မျက်လုံးပြူးသွားရ၏။
" ဖြည်းဖြည်းကွာ ... နေမင်းခန့် "
" အင်းပါ "
" အ ... ကျွတ် ကျွတ် "
" တအားနာလို့လား ... မမခေါင် "
" အွန်း ... ကြပ်တယ်ဟ "
ဒေါ်နန်းသဇင်တစ်ယောက် ရင်တုန်ပန်းတုန်ဖြစ်ကာ စိုးရိမ်စိတ်များ ငယ်ထိပ် တက်လာရသည်။ဘယ်လောက်ပဲ အလိုလိုက်ပြီး ချစ်ခဲ့ချစ်ခဲ့ မအေတစ်ယောက်လုံးရှိနေလျက် ဒီလို အပြုမူမျိုး ဒေါ်နန်းသဇင် လုံးဝလက်မခံပေ။တံခါးဖွင့်ရမလား မဖွင့်သင့်ဘူးလား စဉ်းစားနေရင်း ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် အအေးလင်ဗန်းကိုင်ထားလျက် ပုခုံးဖြင့် အိပ်ခန်းတံခါးအား တွန်းဖွင့်လိုက်ရာ...
" ဟင် ... မေကြီး "
" ဟာ ... အန်တီ "
မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒေါ်နန်းသဇင် တစ်ယောက် မျက်နှာဖြဲလေးနှင့် အအေးဗန်းလေးအား မှန်တင်ခုံပေါ်တင်ရင်း ကြိတ်ရယ်နေတော့၏။နုနုထွဋ်ခေါင်မှာ ကုတင်ပေါ်ခြေတွဲလောင်းချထိုင်နေလျက် နေမင်းခန့်မှာ နုနုထွဋ်ခေါင်လက်မှ ဆင်းမှီးလက်စွပ်လေးအား ဆွဲချွတ်ပေးနေရှာသည်။
Comments
Post a Comment