Skip to main content

ဆရာမလေးရဲ့ အရှုပ်တော်ပုံ အခန်း ၁-၂-၃

 





အခန်း ၁။

(မမ ဝင်လာရမလား)

အခန်းဝက အသံကြောင့် ကျောင်းသားတွေရဲ့ အဖြေလွှာတွေစစ်ဆေးနေတဲ့ ကျမ အခန်းဝဆီကို ကြည့်လိုက်တော့ အောက်ထပ်က တိုးတိုးဆိုတဲ့

ကောင်ကလေးဖြစ်နေလို့


(ဝင်လာခဲ့လေ ကိုတိုး လာ ဆိုဘာကိစ္စ)


ကျမခွင့်ပြုချက်ရလို့ဝင်လာတဲ့ ကိုတိုးအကြည့်ကကျမ ရင်သားဆီရောက်နေတာမို့ အသာငုံ့ကြည့်လိုက်မိတယ် အော်ကိုယ့်အိမ်ကိုယ့်ယာ ဆိုပြီးသတိမပြုဘဲနေတာ ကျမရဲ့ ယောက်ျားရှပ်အကျီ အပေါ်ကြယ်သီးနှစ်လုံး မတပ်ထားလေတော့ ဘရာလွတ်နေတဲ့ ရင်သားဝင်းဝင်း တွေက အတိုင်းသားကို။


ကျမလဲမသိမသာနဲ့ အဖြေလွှာတွေထပ်တင်ရင်းနဲ့ ကြယ်သီးတွေကိုတပ်လိုက်ပြီး တိုးတိုးကိုကြည့်လိုက် တော့ သူလဲအကြည့်ပြန်လွဲလို့


(မမ ပြောထားတဲ့ ခြံကိစ္စလေ အာ့ မမအားရင်သွား ကြည့်မလားလို့ ခြံရှင်နဲ့ကျနော်လာကြည့်မယ်ပြောထား တယ် မမ)


အဲ့ကြမှ ဟိုတစ်လောက ပိတ်ချင်းမြောင်ဘက်မှာ ခြံ တစ်ခြံလောက်ရချင်တာ သူ့ကိုပြောထားမိတာ အမှတ် ရလိုက်တယ်။


(အေး ဟုတ်သားပဲ မမ တောင်မေ့နေတာ)


(ခြံလိုဟာမျိုးက ဝယ်ချင်တိုင်းမျမရတာ မမပြောထား ထဲက ကျနော် စုံစမ်းနေတာ အခုမှအဆက်အသွယ်ရလို့ အာ့ မမ အားရင်သွားမလား)


(မအားလဲ အားရမှာဘဲ ကိုတိုးပြောသလို ခြံကရောင်း သူရှိတုန်းဝယ်ရတာ)


(အာ့ဆို ဘယ်တော့သွားမလဲ ဘယ်သူ့ခေါ်အုန်းမလဲ)


ကျမလက်ကနာရီကြည့်လိုက်တော့ မနက်ဆယ်နာရီကို ညွှန်းနေပြီမို့


(ဒီလိုလုပ်လေ အခုကဆယ်နာရီရှိနေပြီ။နေ့လည်စာစား ပြီးသွားကြတာပေါ့။တခြားလဲခေါ်မနေတော့ဘူး မင်းဦးလေးကလဲ ဘာမှအားကိုးရတာမှမဟုတ်တာ။ခုခြံလဲသူ့ ကြောင့်ဝယ်ရမှာ ယောင်ခြောက်ဆယ် လုပ်နေတာထက် စာရင်ခြံလေးဝယ်ပေးထားတာကမှ လူရိုသေရှင်ရိုသေ အလုပ်ပြစရာလေးရှိအောင်လို့လေ။မင်းဆိုင်ကယ်ရှိ တယ်မဟုတ်လား)


(ရှိတယ်လေ မမ)


(အေး အာ့ဆို မမတို့ပဲသွားလိုက်ကြတာပေါ့)


(ဟိုလေ အာ့ကအဆင်ပြေပါ့မလား နှစ်ယောက်ထဲသွား တော့ ဦးလေးကများပြောနေမလား)


(အမလေးကိုတိုးရယ် မင်းဦးလေးများ အာ့လောက်အာ ရုံစိုက်ရင် မမဒါတွေလိုက်လုပ်နေစရာမလိုဘူး)


အခန်း ၂။


ကျမဆိုတာ အများအခေါ် ဒေါ်သဇင်ဦး အသက်က၃၇နှစ်ပဲ ရှိသေးပေမယ့် ပညာတံခွန် ဆိုတဲ့ ဘော်ဒါကျောင်း ပိုင်ရှင်။အရင်က ထ-ပြ နဲ့အစိုးရပညာရေးဝန်ထမ်း ဘဝကနှုတ်ထွက်လို့ ခုခေတ်ရေစီးချောင်း နဲ့အတူ ပေါ်ပေါက်လာတဲ့ ကိုယ်ပိုင်ပညာရေးကျောင်းကို စီးပွားဖြစ်လုပ်ငန်းအနေနဲ့ ထူထောင်လုပ်ကိုင်တာမို့ ဂါရဝ တရားနဲ့အတူ ဒေါ်သဇင်ဦးလို့ လူအများအခေါ်ခံနေရတယ်။


ကျမရဲ့ရုပ်ရည်လား အရင်ကကြည်လဲ့လဲ့ဦး လိုပဲဆိုပါတော့။ခန္ဓာကိုယ်အချိုးအစားက ၃၅-၂၉-၃ရ ဆိုတဲ့ ပုရိသတို့သဘောကျတဲ့ဆိုဒ်ပေါ့ရှင်။အရပ်က၅ပေ၂လက်မဆိုတော့ပုတယ်ပြောမရသလို ရှည်တယ်လို့လဲမဆိုသာဘူး။


အော် အိမ်ထောင်လား။ရှိပါ့ရှင်။ကျမအလုပ်ဝင်ပြီး၅နှစ်လောက်အရ။အိမ်ကသဘောတူကြည်ဖြူလို့ပေးစားတဲ့ ဦးဝေဇင် ဆိုတာက ကျမရဲ့ အိမ်ဦးနတ်ပေါ့။သူတို့

အိမ်ကဆွေစဉ်မျိုးဆက်ချမ်းသာလာတော့ ဦးဝေဇင်ဆိုတဲ့ ကျမယောက်ျားကလဲ ဝေလေလေ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။မေမေတို့ သဘောတူတယ်ဆိုတာကလဲ သူတို့မိသားစုရဲ့ ကြီးပွားချမ်းသာမှုကိုမက်မောလို့ပါ။ကျမကိုလဲ ကိုကိုက အလုပ်လုပ်မနေနဲ့ ထွက်လိုက်ပါတဲ့။ကျမကတော့သင်ထားတဲ့ပညာတွေကို အသုံးချချင်သေးတယ်။


အာ့ကြောင့်လဲ အစိုးရအလုပ်ကထွက်ပြီး ကိုယ်ပိုင်ပညာသင်ကျောင်းလေးကို ပညာတံခွန်လို့ အမည်ပေးပြီးလုပ်ကိုင်ခဲ့တာ အခုဆိုမြို့မှာ တော်တော်လေးနာမည်ရနေပြီ။ကိုကို့ ကိုလဲ အလုပ်လေးနာမည်ပြောလို့ရအောင်ခြံလေးဝယ်ပေးဖို့ဆုံးဖြတ်ထားတာ။ကိုကိုနဲ့ကျမ ကအသက်၁၅နှစ်ကွာတော့ အခုကိုကိုက၅၂နှစ်။

ကိုကိုကပဲချို့ယွင်းသလား ကျမကပဲချို့ယွင်းသလားမသိပါဘူး။အိမ်ထောင်သက်၁၂နှစ်သာရှိလာတယ်။ကျမတို့မှာ သားရတနာသမီးရတနာ မထွန်းကားခဲ့ပါဘူး။

စောနက မောင်တိုးဆိုတာက ကျမရဲ့ဘော်ဒါဆောင်မှာ ညစောင့်။ကောင်လေးက အသက်၁၉ကျော်ကျော်အဖေအမေတွေက တောက။ဆယ်တန်းအောင်ပြီးမြို့

မှာအလုပ်လုပ်ချင်တာမို့ ကျမကညစောင့်အလုပ်ပေးထားလိုက်တာ။နေ့ဖက်တော့ သူ့သူငယ်ချင်းတွေနဲ့ အရောင်းအဝယ်လုပ်တယ်တဲ့။ကြီးပွားချမ်းသာချင်တဲ့

စိတ်ကလေးနဲ့ ကျိုးစားနေတာကို သဘောကျလို့ မောင်လေးတစ်ယောက်လို ကျမကအားပေးသလို သူကလဲအစ်မတစ်ယောက်လိုအားကိုးရှာပါတယ်။


မောင်နှမစိတ်ဘယ်လိုထားထား ဖိုနဲ့မ သဘာဝရယ်မို့ခုတလောသူ့မျက်လုံးတွေက ကျမရဲ့ အမို့အမောက်တွေပေါ် ကျက်စားနေသလို ကျမကိုယ်တိုင်ကလဲပဲ

သူ့ရဲ့ယောက်ျားပီသတဲ့ ကိုယ်ခန္ဓာပချိုးအဆစ်ကိုတခါတလေ စိတ်ကူးထဲရောက်ရောက်လာတယ်။ကိုကိုကငယ်ငယ်ထဲက ရွှေပေါ်မြတင်နေလာတော့ ကြမ်းကြမ်းတမ်းတမ်းဆိုဘာမှမလုပ်တာကြောင့် ကိုကိုဟာမိန်းမချောချောတယ်တောင်ပြောရမယ်။ဒါပေမယ့် မိန်းမဆိုတာမျိုးက ယောက်ျားသားတွေကို အားကိုးချင်တာကသဘာဝ ပဲမဟုတ်ပါလား။


အခန်း ၃။


ထမင်းစားပြီး ကိုတိုးနဲ့ကျမ ခြံကြည့်ဖို့ထွက်လာကြတယ်။မန္တလေး လားရှိုးလမ်းမကြီးပေါ်မှာက အကြောင်းမဟုတ်ပေမယ့် လမ်းမကြီးကခွဲဆင်းလို့ ခြံကိုသွားတဲ့လမ်းက တောလမ်း လမ်းကြမ်းမို့ ပြုတ်မကျအောင် ကိုတိုးခါးကိုဖက်ထားရတယ်။သူ့ဆီက ကိုယ်နံ့က ကိုကိုနဲ့မတူတာတော့ သိလိုက်ရတယ်ဆိုင်ကယ်က တခါတလေ ချိုင့်ထဲကျလို့ခုန်ရင် ကျမကိုယ်လုံးက ကိုတိုးကျောပြင်ကိုပြေးကပ်သွားရော အဲ့အခါသူ့ကျောပြင်နဲ့ ကျမနို့တွေရဲ့ အပွတ်အတိုက်တွေက ရင်ဖိုသလိုလို


(မမ ရေ လမ်းကကြမ်းတယ်။ကျနော့်ကိုအားမနာနဲ့ဖက်ထား)တဲ့။


(အေးပါကွာ ကိုတိုးသေချာစီးအုန်း လဲနေမယ်)


တကယ်လဲ ကျမ ဆိုင်ကယ်လဲမှာကြောက်တာ။


(ဟုတ် မမ)


အာ့လိုနဲ့ နောက်ဆုံးတော့ ရောင်းမယ်ဆိုတဲ့ခြံလေးဆီကိုရောက်လာပါတယ်။ကျမတို့လာမယ်ဆိုလို့ ခြံပိုင်ရှင်ကကြိုစောင့်နေရှာတယ်။ခြံလေးကလူမနေပဲ ပစ်ထားတဲ့သဘောရှိတယ်။


(အစ်မရေ ခြံကတော့မြင်တဲ့အတိုင်းပဲ ကျနော်တို့လဲပြန်မကြည့်နိုင်လို့ ပြန်ရောင်းမှာ အစ်မ လိုက်ကြည့်ကြည့်ပေါ့။ကိုတိုးရေ မင်းတို့ပြန်ရင် ခြံတံတားပိတ်ထားခဲ့ပေးငါက အလုပ်ရှိလို့ပြန်အုန်းမယ်)


(ဟာ ကိုသောင်းကလဲ ခြံလာကြည့်ပါတယ်ဆိုမှ)


(ဟ ဘာဖြစ်လဲ အားနာစရာမလိုဘူး စိတ်တိုင်းကြသာလိုက်ကြည့်ပါ။သဘောကျတယ်ဆိုရင် အရောင်းအဝယ်က မြို့မှာပဲလုပ်မှာပဲဟာ)


(အာ့ဆိုလဲ ပြီးရော ကျနော်တို့ကတော့ လိုက်ကြည့်ရအုန်းမယ်)


(အေးပါ ကြည့်သာကြည့်)


ကိုတိုးနဲ့ခြံရှင်ကပြောဆိုကြပြီး ခြံရှင်လဲဆိုင်ကယ်နဲ့ပြန်ထွက်သွားတော့ ကျမတို့နှစ်ယောက်ပဲကျန်ရစ်ခဲ့တယ်။ဘေးနားကခြံချင်းကပ်လျှက်တွေကလဲ တစ်ခြံနဲ့တစ်ခြံအလှမ်းကွာလို့ လူရိပ်လူချည်တောင်မတွေ့ရဘူး။


(ကဲ မမရေ စိတ်တိုင်းကျသာကြည့် ကြိုက်ရင်မြို့မှာအရောင်းအဝယ်လုပ်တာပေါ့)


(အေးလေ ကိုတိုးရော ဘယ်လိုသဘောရလဲ ခြံလေးကမြေရောရေရော မဆိုးဘူးလားလို့)


(ဟုတ်တယ် မမ မြေကလဲ မြေမဲ မြေဩဇာကောင်းမဲ့ပုံသူတို့က မပြုစုပဲပစ်ထားလို့ တွေ့လားသရက်ပင်တွေမနဲပါတယ် ဟိုဘက်က ထောပတ်ပင်တွေ)


(အေးကွ လာ မမတို့အနှံ့လိုက်ကြည့်ကြတာပေါ့)


ကျမနဲ့ကိုတိုး ခြံထဲအနှံ့လိုက်ကြည့်ကြရင်း ခြံအနောက်ဖက်ရောက်တော့ ရေစိးနေတဲ့ ချောင်းလေးတွေ့ရတယ်


(ဟယ် ကိုတိုး ရေချောင်းလေးပါရှိတယ် ဟ)


(ဟုတ်တယ် မမ အာ့က ခြံရဲ့အနောက်ဖက်စည်းရိုးပဲ)


ကျမ ရေချောင်းလေးဆီဆင်းသွားလိုက်တယ်။ရေကဒူးဆစ်လောက်ပဲရိဇပေမယ့် ကြည်နေတာပဲ ကျောက်စရစ်ရောင်စုံလေးတွေနဲ့မို့ ကျမ ရေစပ်အထိဆင်းပြီး

ကျောက်စရစ်ခဲလေးတွေ ကောက်နေမိတယ်။


(အမေ့)


(ဗွမ်းး)


အမေ့ဆိုတာက ရေညှိကပ်နေတဲ့ကျောက်ခဲကိုနင်းမိပြီးခြေချော်သွားလို့ ကျမနှုတ်ကထွက်တဲ့အသံ။ဗွမ်းးဆိုတာကတော့ ကျမတစ်ယောက်ရေထဲကို ဖင်ထိုင်လျှက်ကျသွားတဲ့အသံ။


(ဟာ မမ )

ကျမဒူးဆစ်လောက်ရေထဲမှာ ဖင်ထိုင်လျက်ပြုတ်ကျသွားတာမို့ အောက်ကကျောက်ခဲတွေနဲ့ ကျမဖင်ဆောင့်မိလို့နာပြီး မျက်နှာရှုံမဲ့နေတဲ့ ကျမကို ကိုတိုးပြာယာ

ခပ်လို့ အနားရောက်လာပြီး


(မမ ဘယ်နားနာသွားသေးလဲ)


ခက်လိုက်တာနော် လူပျိုလေးကို ဖင်နာသွားတယ်လို့ပြောလို့ဖြစ်ပါ့မလား။


(ရတယ်ကိုတိုးး မနာဘူး)


မနာဘူးဆိုတဲ့ကျမကို ကိုတိုးကလက်ပေးလို့ ထမယ်လုပ်တော့မှ ခြေကျင်းဝတ်ကနာလို့


(အားး)


(ဟင် မမခြေထောက်နာသွားတာထင်တယ်)


ပြောပြောဆိုဆို ကျမကိုကျောကတစ်ဖက် ဒကောက်ကွေးကတစ်ဖက် လက်လျိုလို့ စွေ့ခနဲ့ပွေ့ချီလိုက်လို့


(အို)


လို့သာ အသံထွက်နိုင်ပြီး ကိုတိုးလည်ကိုပြန်သိုင်းဖက်ထားလိုက်မိတယ်။ကိုတိုးကတော့ ခလေး‌ငယ်ကိုပွေ့ချီသလို ကျမကိုပွေ့လို့ ခြံထဲက အစောင့်တဲလေးဆီကိုသွားနေပါတော့တယ်


အခန်း - ၄ ဆက်ရန်



Comments