သူမအိပ်ခန်းထဲအမြန်ဝင်လာပြီး အိပ်ယာပေါ်လှဲချလိုက်သည်။ခဏအကြာမှ ရင်တုန်ခြင်းများ ရပ်တန့်သွား၏။အိပ်ပြင်ပြင်ထက် လူးလိမ့်ရင်း တော်တော်နှင့်အိပ်မပျော်တော့ပေ။နေမင်းခန့်၏ လီးတန်ကြီးမျက်လုံးထဲပေါ်လာကာ ဒစ်ဖူးရဲရဲကြီးထိပ်ပေါက်မှ လရည်ဖြူဖြူများ ပန်းထွက်လာသည်ကို ပြန်လည်မြင်ယောင်နေမိသည်။အတော်လေးမိုးချုပ်လာမှ အတွေးများဖျောက်ကာ ကြိတ်မှိတ်အိပ်လိုက်တော့၏။
" ဒေါက် ဒေါက် ... ဒေါက် ... မမခေါင် ... မနက်ပိုင်း ချိန်းထားတာ ရှိသေးလား ခင်ဗျာ "
အခန်းပြင်မှ တံခါးခေါက်သံနှင့်အတူ နေမင်းခန့် အသံကြားမှ လူးလိမ့်ပြီး အိပ်ယာထလိုက်သည်။
" မရှိဘူး နေမင်းခန့် ... ညနေပိုင်း မြေကွက်ဖိုး ငွေချေဖို့ ... ရှယ်ယာရှင်တွေဆီ အကြောင်းကြားထားပေး ... နေလည့် ၁နာရီ ထမင်းစားပြီး ဒီကနေ ... အစည်းဝေးလုပ်တဲ့ နေရာ ထွက်ဖို့ အဆင်သင့်လုပ်ထားပေး "
" ဟုတ် "
နေမင်းခန့် အခန်းပြင်မှ ထွက်သွားသော ခြေသံကြားရမှ ဟူးကနဲ့ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်၏။ညက လီးကြီးအား ပွတ်သပ်ကစားနေမိသဖြင့် မနက်လင်းတော့ နေမင်းခန့်နှင့် မျက်နှာချင်း မဆိုင်ဝံ့ပေ။သူမဆွဲထားသော အဆောက်ဦးပုံစံအား ဖုန်းဖြင့်ဓတ်ပုံရိုက်ကာ နေမင်းခန့်အဖေထံ ပြသလိုက်သည်။ပြင်ဆင်စရာရှိတာ ပြင်ပြီးသည်နှင့် နေမင်းခန့် အမေဖြစ်သူက မြေကွက်နှင့်ပက်သက်ပြီး မြေကွက်ပိုင်ရှင်အား တာဝန်ယူပေးရန် စာချုပ်ထဲထည့်ဖို့ ဖုန်းဖြင့် လှမ်းပြောနေ၏။မနက်စာ ဆင်းစားပြီး အိပ်ခန်းထဲ နေ့တပိုင်း အောင်းနေလိုက်သည်။၁၂နာရီလောက်တွင် ရေချိုးကာ မိတ်ကပ်ပါးပါး ပုတ်ပြီး ပါတိတ်အဝါရောင် ဝမ်းဆက်လေး ဝတ်ကာ မှန်ရှေ့ သူမခန္ဓာကိုယ်အား တပတ်လှည့်ကြည့်လိုက်၏။စိတ်ကျေနပ်မှု့ရမှ နူတ်ခမ်းဖူးဖူးလေးအား နူတ်ခမ်းနီ ပန်းရောင်အဖျော့လေးဆိုးကာ ဟော်တည် အောက်ထပ် ဆင်းခဲ့လိုက်သည်။
အောက်ထပ် ထမင်းစားခန်း၌ နေမင်းခန့်နှင့်ဦးထွန်းတို့ ရောက်ရှိနေကာ စားသောက်နေသည်ကို မြင်လိုက်ရ၏။ထမင်းစားသောက်ပြီး အလုပ်ကိစ္စအတွက် ဟော်တည်မှ ထွက်ခွာလာခဲ့တော့သည်။ညနေပိုင်းတွင် မြေကွက်ပိုင်ရှင် ဦးမင်းစိုးအား မြေကွက်ဖိုးငွေ အကြေချေကာ မြေကွက်နှင့်ပတ်သတ်သမျှ တစုံတစ်ခု ဖြစ်ပေါ်လာပါက တာဝန်ယူပေးရန် စာချုပ်ထဲ ထည့်ရေးကာ စာချုပ်ချုပ်ဆိုလိုက်တော့၏။ရှယ်ယာရှင်များနှင့် လုပ်ငန်းကိစ္စများပြောကာ အလုပ်စတင်မည့် ရက်အား သတ်မှတ်ပေးလိုက်သည်။ရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များ မရှင်းလင်းသည်အချက်များအား ပြန်လည်ရှင်းပြပေးကာ အစည်းအဝေးအား သိမ်းလိုက်တော့သည်။သူမတို့တည်းခိုသော ဟော်တည်သို့ ပြန်ရောက်ချိန် မှောင်စ ပြုနေ၏။
" ကဲ ... လုပ်ငန်းကိစ္စ ပြီးသွားပါပြီ ... နက်ဖန် မနက်ပြန်ဖို့ ... အဆင်သင့်လုပ်ထားလိုက်ကြတော့ "
ဟော်တည်သို့အရောက် ကားပါကင်နား မရောက်ခင် နေမင်းခန့်နှင့်ဦးထွန်းအား မှာကြားနေသည်။
" ဟုတ် ... မမလေး "
" ဟုတ် ... မမခေါင် "
ကားပေါ်မှ အဆင်း တစုံတစ်ခု သတိရဟန်ဖြင့် ပြန်လှည့်ကာ...
" နေမင်းခန်း ... ဟိုပြန်ရောက်တာနဲ့ အဆောက်ဦးအတွင်းပိုင်း အခန်းအလှဆင်ဖို့ ဒီဇိုင်း ၃မျိုးလောက်ဆွဲထား "
နေမင်းခန့်မှာ ခေါင်းညိတ်ပြရင်း ဖင်သားကြီးများရမ်းကာ ဟော်တည်တွင်း ဝင်သွားသော နုနုထွဋ်ခေါင်၏ ခန္ဓာကိုယ်နောက်ပိုင်းအား ငေးကြည့်နေမိသည်။အလုပ်လုပ်ရာတွင် မြန်ဆန်တိကျပြီး အမြော်အမြင်ရှိသော နုနုထွဋ်ခေါင်အား ပထမဆုံးအကြိမ် လေးစားလာတော့၏။
" ဒါလေးနဲ့များ လိုက်မလား ... ဒါလေးရော "
ုခြံဝင်းကျယ်ကြီးတစ်ခု အတွင်းရှိ လှပခန့်ညားသော နှစ်ထပ်တိုက်၏ အိပ်ခန်းလေးထဲ နုနုထွဋ်ခေါင်တစ်ယောက် ကိုယ်လုံးပေါ်မှန်ရှေ့ သူမကိုယ်လုံးအား တစ်ပတ်လှည့်ကြည့်လိုက်၏။အဝတ်စားများ တထည်ပြီးတထည် ကပ်ကာ ကြည့်ရင်း သူမကိုယ် သူမ ပြန်မေးနေတော့သည်။ချောင်းသာမှ အလုပ်ကိစ္စနှင့်ပြန်လာပြီး ၁လတိတိပြည့်သောနေ့တွင် နေမင်းခန့် အိမ်မှ သဒ္ဒါဆွမ်းကပ်မည်ဖြစ်၍ ကုမ္ပဏီအတော်များများ ဖိတ်ကြားထား၏။သူမအနေဖြင့် ကုမ္ပဏီပိုင်ရှင်အနေနှင့်ရော နေမင်းခန့်၏ အထက်လူကြီးတစ်ယောက်အနေနှင့်ရော သွားရမည် ဖြစ်သဖြင့် အဝတ်စားရွေးကာ ဗျာများနေရသည်။
" ကျွိ ... ကျွီ ... ကျွီ ...... ဟောတော် ... အသဲလေး "
တံခါးဖွင့်သံနှင်အတူ မိခင်ဖြစ်သူ ဒေါ်နန်းသဇင် အိပ်ခန်းတွင်း ဝင်လာရင်း မျက်နှာကြီးပြုံးနေမိ၏။ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်ပေမယ့် အိမ်တွင် ကလေးတစ်ယောက်လို ပြုမှုနေထိုင်သော သမီးဖြစ်သူအား ချစ်စနိုးနှင့် ခေါ်လိုက်မိသည်။
" ကြည့်မနေပါနဲ့ မေကြီးကလည်း ... ဒီမှာ သမီးကို ကူရွေးပေးပါဦး "
ဒေါ်နန်းသဇင်မှာ သူ့နေရာနှင်သူ အချိုးဆစ်ကျကာ လှပကျော့ရှင်းနေသော သမီးဖြစ်သူ၏ ကိုယ်လုံးအလှအား ငေးကြည့်နေမိ၏။နုနုထွဋ်ခေါင်မှာ သူမအိပ်ခန်းထဲ ခန္ဓာကိုယ်ပေါ်တွင် ဗလာစီယာ ခရမ်းရောင်လေးနှင့် ခါးအောက်ရှိ ဖင်သားကြီးက အတွင်းခံဘောင်းဘီမပါပဲ စကပ်အပါးသားအပျော့လေး ဝတ်ထားရင်း အဝတ်စားများ ရွေးနေရင်း မိခင်ဖြစ်သူအား လှမ်းပြောနေသည်။သူမ ခြေရင်းတွင် အဝတ်စားများ ပုံနေကာ အဝတ်ဗီဒို တစ်ခုလုံးလည်း ရှုတ်ပွ နေတော့၏။
" ခ်ခ် ... အမလေး ... လာပါပြီရှင့် ... သူ့ကိုယ်သူ ကလေးလုပ်နေတာ ... ကြည့်ပါဦး နဲတာကြီးတွေ မဟုတ်ဘူး "
သမီးဖြစ်သူနား တိုးကပ်သွားရင်း ဖင်သားစိုင်ကြီးများအား ပွတ်သပ်လိုက်သည်။
" ကိုကြီးခန့်မော်တို့ ဆွမ်းကျွေး သွားမလို့ မေကြီးရဲ့ ... ဘာဝတ်သွားရမှန်း မသိဘူး "
အနားရောက်လာသော မိခင်ဖြစ်သူ ပါးပြင်အား နမ်းရင်း နူတ်ခမ်းလေးစူကာ ပြောနေလိုက်၏။
" ခါတိုင်း ... ဒီလို မဟုတ်ပါဘူး ... မေကြီး အသဲလေးက ... ဘာလဲ ... အဲဒီမှာ ချစ်သူနဲ့ ချိန်းထားတာလား "
" ဟာ ... မေကြီး နော် "
နှာခေါင်းလေးရှုံ့ကာ မိခင်ဖြစ်သူ မျက်လုံးလေးဆွေကြည့်လိုက်ပြန်သည်။
" ခ်ခ် ... ခ်ခ် ... ကဲပါ ... အသဲရယ် ... အပေါ်က ဟောဒီ ကိုယ်ကျပ် မီးခိုးရောင်လေးဝတ် ... အောက်က ထမိန်စကပ် အညိုလေးဝတ် ... ခေတ်လည်းနောက်မကျဘူး ... ဟော့ဟော့ရမ်းရမ်းလည်း မဖြစ်တော့ဘူးပေါ့ "
" အဟေးးးး ... အာ့မို့ မေကြီးကို ... ချစ်နေရတာ "
မိခင်ဖြစ်သူ ရွေးပေးသော အကျင်္ ီနှင့် ထမိန်အား ဝတ်ကာ မှန်ထဲကြည့်ရင်း အားရကျေနပ်မိသည်။မီးခိုးရောင်အကျင်္ ီ ကိုယ်ကျပ်လေးမှာ သူမကိုယ်လုံးလေးအား ချပ်ကပ်နေကာ လက်မောင်းသားဖွေးဖွေးပြည့်ပြည့်လေးက ပေါ်လွင်နေ၏။ရင်သားစူစူလေးများ ဖေါင်းကြွနေကာ ခါးလေးခွက်နေသဖြင့် အောက်မှ ဖင်သားကြီးများကလည်း ထမိန်စကပ်ကြောင့် ပို၍ ထွားလာသယောင် ထင်နေရပြန်သည်။မျက်နှာနုနုချောချောလေးပေါ် မျက်ခုံးထူထူနှင့်မျက်လုံးရွဲကြီးများ နေရာယူထားကာ စင်းနေသောနှာတံလေးနှင့် နူတ်ခမ်းဖူးဖူးလေးက မြင်သူတကာတိုင်း လည်ပြန်ငေးယူရ၏။ပိုက်ဆံအိတ် အနက်လေးအား ပုခုံးပေါ်လွယ်ကာ ကားသော့နှင့် သူမ ကိုင်နေကြ ဖုန်းပါမပါ စစ်ကြည့်လိုက်သည်။
မိခင်ဖြစ်သူအား အာဘွားတချက်ပေးကာ အောက်ထပ်သို့ဆင်းခဲ့လိုက်၏။အောက်ထပ်သို့ အရောက် ကားဂိုဒေါင်ဘက် လျှောက်ကာ သူမကားလေးအား ထုတ်ပြီး လမ်းမပေါ်မောင်းထွက်ခဲ့သည်။လမ်းမကြီးဘေးနား အသွားအပြန်ယဉ်များ လမ်းသွားလမ်းလာများ ခဏစောင့်ကာ လမ်းမပေါ် ကားလေးအား မေးတင်လိုက်၏။ထို့နောက် နေမင်းခန့်တို့ အိမ်သို့ ကားလေးအား ဦးတည်လိုက်တော့သည်။သူမရောက်သွားချိန် လူအတော်တော်များ ရောက်ရှိနေသည်။ခြံဝင်းထဲဝင်လိုက်သည်နှင့် ကားလေးများ တန်းစိရပ်ထားရာ ခြံဝင်း၏ ညာဘက်ခြမ်းသို့ တန်းမောင်းကာ လွတ်တဲ့နေရာအား ကားထိုးရပ်လိုက်သည်။ကားပေါ်မှဆင်းကာ ခြံဝင်းအလယ်တည့်တည့် အုတ်ခင်းလမ်းလေးပေါ် ပြန်လျှောက်လာခဲ့၏။အိမ်မကြီးထဲ အရောက် ဇွန်းသံ ခရင်းသံ ရယ်မောသံများ နားထဲတိုးဝင်လာကာ နေမင်းခန့်၏ အသံလေး အရင်ဆုံးကြားလိုက်ရသည်။
" ဟော ... မမခေါင် လာပြီ "
နေမင်းခန့် အသံနှင်အတူ စားသောက်နေသော ကုမ္ပဏီပိုင်ရှင်များ စီးပွားရေးထိပ်တန်းပညာရှင်များ လုပ်ငန်ရှင်းများ အလွှာအသီးသီးမှ ပုရိသတို့၏ မျက်လုံးများက သူမခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။
" ဟာ ... မင်းသမီး ရှုံးတယ်ဗျာ "
" လူပြည်မှာ ... နတ်သမီး တကယ်ရှိတာဗျို့ "
" လူမှဟုတ်ရဲ့လား ... ချောလိုက်တာ "
လုပ်ငန်းနှင့်ပတ်သက်ပြီး ရင်းနှီးသူအချို့က ဝိုင်းစနေကြသည်။ခုမှမြင်ဖူးသော သူတစ်ချို့ကလည်း နုနုထွဋ်ခေါင်နှင့်ရင်းနှီးသူအချို့အား မေးမြန်းနေကြသည်။နုနုထွဋ်ခေါင်မှာ ပြန်လည်းပြုံးပြနုတ်ဆက်ရင်း နေမင်းခန့်စီစဉ်ပေးသော စားပွဲအလွတ်တစ်လုံး၌ ဝင်ထိုင်လိုက်၏။နေမင်းခန့်မှာ စတစ်ကော်လံအဖြူ ပိုးပုဆိုး နက်ပြာလေးနှင့် ဆံပင်လေးအားလှန်ဖီးထားကာ ခန့်ညားချာမောနေသည်။
" မမခေါင် ... အုန်းထမင်းလား ... ထမင်းအဖြူလည်း စားလို့ရတယ် "
" ရိုးရိုး ထမင်းဖြူပဲ လုပ် ... နေမင်းခန့် "
ခဏအကြာ ကြက်ကြော် ဆိတ်သားနှပ်နှင့် ထမင်းဖြူများ နေမင်းခန့်ကိုယ်တိုင် ယူချလာသည်။နတ်သမီးရှုံးအောင် လှပနေသော နုနုထွဋ်ခေါင်ဘေးမှ ဘယ်မှ ထမသွားတော့ပဲ မျက်နှာလေးအားငေးကြည့်နေ၏။ကြက်ကြော် ကြွတ်ကြွတ်လေးအား အမျှင်လေးများဖြစ်အောင် ခွာပေးကာ ဖန်ခွက်အလွတ်တစ်လုံးထဲ အအီပြေ သောက်ရန် အချိုရည်ငှဲ့ပေးနေပြန်သည်။နုနုထွဋ်ခေါင်မှာလည်း ဝင်လာကတည်းက ဂရုတစိုက် ဧည့်ခံပြုစုပေးတော့ နေမင်းခန့်၏ အပြူအမူလေးများကြောင့် ဘဝင်ခိုက်နေမိသည်။ထိုစဉ် သူမတို့ဝိုင်းသို့ လူတစ်ယောက်ရောက်ရှိလာ၏။
" ဒေါ်နုနုထွဋ်ခေါင်လား ခင်ဗျာ ... နာမည်က ရင်းနှီးနေတာ ကြာပါပြီ ... လူတော့ ခုမှပဲ မြင်ဖူးတော့တယ် "
" ဟုတ် ... ကျမ ... နုနုထွဋ်ခေါင်ပါ ... ဘာရှိလို့ များပါလည်းရှင် "
နုနုထွဋ်ခေါင်မှာ ထမင်းစားအပြီး အချိုရည်သောက်နေစဉ် ရုတ်တရက် လာမိတ်ဆက်သော ခပ်သန့်သန့် လူအား ချက်ချင်းပြန်မေးလိုက်သည်။
" အေးဗျာ ... စားတုန်းသောက်တုန်း ... ခုလို လာပြောမိတာ အားနာမိပါတယ် ... ကျနော်နာမည် မိုးစက်ပါ "
" ရပါတယ်ရှင် ... ကျမ ထမင်းစားပြီးပါပြီ "
ခုမှသိသော သူစိမ်းယောကျင်္ားတစ်ဦးအား ပြုံးရွှင်စွာ ရယ်မောစကားပြောနေသော နုနုထွဋ်ခေါင်အား ကြည်ရင်း နေမင်းခန့် မျက်နှာလေး တည်သွားရသည်။ခုန ပျော်ရွှင်မှု့လေးများ ချက်ချင်းပျောက်ကွယ်သွားတော့၏။
" ဟုတ် ... ကျနော် ... နေရာ အလွတ်လေး တခု ... အဆောက်ဦးလေး တခု အပ်ချင်လို့ပါ ... ခုန ... ဦးဝေလု တို့နဲ့ စကားစပ်မိမှ ... ဒေါ်နုနုထွဋ်ခေါင်နဲ့ အလုပ်လုပ်ဖို့ အကြံပြုကြလို့ပါ "
" အော် ... ဦးဝေလု တို့နဲ့က ... လူရင်းတွေပါရှင် "
" ဟုတ် ... ပေ၅၀ဝ ပတ်လည်လောက်ကို ... မီနီမားကပ် အသေးစားလေးတခု ပါအောင် တိုက်ခန်းလေးတွေ ဆောက်ချင်လို့ပါ ... ပြီးတော့ အပန်းဖြေဖို့ ရေကူးကန်တို့ ကစားကွင်းတို့ အစုံပေါ့ ... အဲလို ဆောက်ချင်ပေမယ့် ... ဘာမှ မစီစဉ်တတ်လို့ပါ "
" ဟုတ် ... ဒီက ... ကိုကြီးခန့်မော် နဲ့ မရင်းနှီးဖူးနဲ့ တူတယ် "
" ကျနော်က ဒီလိုင်းထဲက မဟုတ်ဘူး ဒေါ်နုနုထွဋ်ခေါင်ရယ် ... ဦးဝေလုတို့နဲ့ ပါလာရင်း စကားစပ်မိရာက ... ခုလို လာမေးမိတာပါ ... ဘန်ကောက်မှာ ရှယ်ယာဝင်ထားတာတွေရှိတယ် ... ခု ကျနော့် အစီစဉ်လေး အောင်မြင်ရင် မြန်မာပြည်မှာပဲ အေးဆေးပြန်နေချင်လို့ "
" ဟုတ်ပါပြီရှင် ... ကျမ အဆင်ပြေတဲ့နေ့ ... ကိုမိုးစက်ကို လှမ်း ဆက်သွယ်ပေးပါ့မယ် ... မြေကွက်အနေထားနဲ့ ပတ်ဝန်းကျင်အနေထား ပုံလေးတွေ စုထားပေးပေါ့ "
" ဟာ ... အဲဒါတော့ စိတ်ချ ... ကျနော့အိမ်မှာ ... အဲဒီမြေလွတ်ကို ရှု့ဒေါင့် အမျိုးမျိုးက ရိုက်ထားတဲ့ပုံတွေ ရှိတယ်ဗျ ... ခုလိုက်ကြည့်တောင် ရပါတယ် "
" ခ်ခ် ခ်ခ် ... လုပ်ငန်းကြီး လုပ်မယ့်သူပဲ ... မလောပါနဲ့ ကိုမိုးစက်ရယ် "
မိုးစက်နှင့်စကားပြောရင်း နုနုထွဋ်ခေါင်မှာ နေမင်းခန့်အား မသိမသာ ခိုးခိုး ကြည့်ရင်း စိတ်ထဲ ကြိတ်ပြီးကျေနပ်လျက်ရှိသည်။နေမင်းခန့်မှာ မျက်နာပျက်နေကာ သူမပေါ် သဝန်တိုနေသည်ကို မြင်နေရ၏။သို့သော် ချက်ချင်း နုနုထွဋ်ခေါင်တစ်ယောက် ဝဋ်လည်ခဲ့ရသည်။နေမင်းခန့်ဘေးနား ဆံပင်ဂုတ်ဝဲလေးနှင့် ငယ်ငယ်ချောချော မိန်းကလေးတစ်ယောက် ရောက်လာကာ နေမင်းခန့်အား လက်မောင်းရိုက်လိုက် ပုခုံးပုတ်လိုက်နှင့် ရယ်ရယ်မောမော စကားတွေပြောနေသည်ကို မြင်လိုက်ရတော့၏။ထိုမိန်းကလေး ရောက်လာသည်နှင့် နေမင်းခန့်မှာ သူမဘက် လှည့်မကြည့်တော့ပေ။စိတ်ထဲ ဖျင်းကနဲ့ဖြစ်ကာ မိုးစက်နှင့် လုပ်ငန်းကိစ္စ စကားပြောရာတွင် စိတ်မပါတော့ပေ။ထိုစဉ် ဆံပင်ဂုတ်ဝဲနှင့် မိန်းမချောလေးမှာ နေမင်းခန့် လက်မောင်းအား ဆွဲကာ...
" မရဘူးကွာ ... ခုထ ... အိမ်လိုက်ပို့ ... အိမ်ဖို့ အုန်းထမင်း သွားပို့ရမှာ "
" မီးငယ် ကလည်းကွာ ... ဒီမှာ ... ကိုကို့ ဧည်သည်တွေ ရောက်နေလို့ပါ "
" ခုထဆို ... ထနော် ... မီးငယ် အကြောင်းသိတယ် မလား "
မီးငယ်မှာ နုနုထွဋ်ခေါင်တို့အား တစက်မှ မကြည့်ပဲ နေမင်းခန့် အား ဇွတ်ပူဆာနေသည်။နုနုထွဋ်ခေါင်မှာ မီးငယ်အား တချက်ကြည့်ရင်း မိုးစက်နှင့် စကားဆက်ပြောနေ၏်။သို့သော် နေမင်းခန့်အား ပိုင်ဆိုးပိုင်နင်းနှင့် လက်မောင်းအားဆွဲကိုင်ပြောနေသော မီးငယ်အား စိတ်ထဲမှ အမှုံ့ချေပစ်ချင်နေသည်။သူမ အသက်ရွယ်အရ နေမင်းခန့်အား ဒီလိုအပြုမှုမျိုး လုပ်ရန် မသင့်တော်ပေ။သင့်တော်သည်တိုင် နေမင်းခန့်နှင့် သူမမှာ ချစ်သူလည်းမဟုတ်။အလိုလိုနေရင်း စိတ်ထဲ တအုံနွေးနွေး ခံစားနေရသည်။ထိုစဉ် နေမင်းခန့် မိခင် ဒေါ်ခင်မိုးမြင့်တစ်ယောက် စတီးချိုင်ကြီးကိုင်ကာ ရောက်ရှိလာ၏။
Comments
Post a Comment