ကွေ့ကောက်သော မြစ်အလယ် အပိုင်း ၁၉
ကိုက မနက်ကတည်းက ကားပျက်လို့ ဝပ်ရှော့ကို ပို့ထားတယ်ပြောပါတယ်။ ခဏနေရင် လာယူမယ်ဆိုပြီး မိုးချုပ်တဲ့အထိ ပေါ်မလာလို့ပါတဲ့။ ဒါနဲ့ ဝပ်ရှော့ဆရာကို မေးတော့ ကိုက ခဏဆိုပြီး ထွက်သွားတာမို့ အိမ်ပြန်တာလား၊ တခြားကို သွားတာလား သူမသိလိုက်ဘူးတဲ့။ ဒါပေမယ့် ဝပ်ရှော့က ကျမတို့ ရပ်ကွက်ထဲမှာပဲမို့ ကိုက အိမ်ပြန်လာတာ ဖြစ်နေမလားလို့ ကျမတွေးမိပြီး သွေးပျက်ခြောက်ခြားမိပါတော့တယ်။ ကိုက ကားကို ထားခဲ့ပြီး ဝပ်ရှော့နဲ့ နီးတဲ့အိမ်ကို ပြန်လာတာဆိုရင် ကျမရဲ့ နောက္မီးလင်း ဖောက်ပြန်မှုတွေကို တွေ့သွားမှာ သေချာနေပါပြီ။ အဲဒီအချိန် အိမ်ပြန်လာတာ မဟုတ်ပါစေနဲ့ ဆုတောင်းရင်း ကျမမှာ အရုပ်ကြိုးပျက် လဲပြိုကျရပါတော့တယ်။ မကြာခင်မှာ ကိုသန့်စင်ရောက်လာပြီး ဘယ်မှာမှ ရှာမတွေ့ကြောင်း ပြောကာ ကျမကို စိတ်မပူဖို့ အားပေးပါတယ်။ အကြွေးရစရာရှိတဲ့ ငွေတွေက ကိုနဲ့အတူ ပါသွားတာကို သူ စုံစမ်းသိခဲ့ရတာမို့ တစ်ခုခု ဖြစ်နေလားဆိုပြီး ထပ်တိုးပူပန်ရပါသေးတယ်။
ကျမအတွက်ကတော့ ဘယ်ဘက်က တွေးတွေး ပူပန်စရာတွေကြီးပါပဲ။ ဒီက အမိုက္မကြောင့် ကို ပျောက်နေတာ ဖြစ်နိုင်သလို၊ လူဆိုး လူမိုက်တွေကြောင့်လည်း အန္တရာယ်တစ်ခုခု ကြုံနေတာ ဖြစ်နိုင်ပါတယ်။ ဘကြီးဦးကတော့ အချိန်ခဏ စောင့်ကြည့်ပြီးရင် ရဲတိုင်ဖို့ စီစဥ္မယ်ပြောကာ အသိတွေကို အကူအညီတောင်းရင်း ကို့ကို လိုက်ရှာဖို့ ထွက်သွားပါတယ်။ ဒီအချိန်မှာ သားလေးက အိပ်ချင်နေလို့ အမမြက အခန်းထဲ သွားသိပ်နေပါတယ်။ ကျမမှာ သက္မဲ့ အရုပ်တစ်ရုပ်လို အသိစိတ်လွတ်ပြီး ထိုင်နေမိပါတော့တယ်။ ကိုသန့်စင်က လေသံတိုးတိုးနဲ့ ကျမစိုးရိမ်နေတာတွေ မဖြစ်နိုင်ကြောင်းနဲ့၊ ကျမနဲ့ သူ ဖြစ်ခဲ့တာတွေကြောင့် မဟုတ်နိုင်ကြောင်းပြောကာ မူမပျက်ဖို့နဲ့ စိတ်ကို တင်းထားဖို့ ပြောနေပါသေးတယ်။ ကျမလည်း ကြုံနေရတာတွေ ပူပန်ရတာ များလွန်းလို့ ဒီအချိန်မှာ သူ့ကို ဘာမှ ပြန်ပြောချင်စိတ် မရှိတော့ပါဘူး။ ဘာတွေပဲ ကြုံရပါစေ ကျမအတိတ်က ဝဋ်ကြွေးနဲ့ ယခုဘဝမှာ သစ္စာမဲ့ ဖောက်ပြန်ခဲ့တဲ့ ဝဋ်ကြွေးတွေကြောင့် ဒါမျိုးခံရတာပဲလို့ တွေးနေမိပါတယ်။
ဘယ်လိုပဲ ဝဋ်ကြွေးတွေကြောင့် ပူပန်နာကျင်ရပါစေ၊ ကျမတစ်ယောက်တည်း ခံယူလိုက်ချင်ပါတယ်။ အပြစ်မရှိတဲ့ ကိုနဲ့ သားလေးတို့ ဒီပူပန်မှုတွေ မခံစားစေချင်ပါဘူး။ အခုလက်ရှိမှာလည်း ကို တစ်ယောက် ဘေးမသီရန်မခပဲ အိမ်ပြန်လာပါစေလို့ ဆုတောင်းနေမိပါတယ်။ ကို အိမ်ပြန်ရောက်လာရင် ကျမဘက်က ဘာတွေပဲ ပေးဆပ်ရပါစေ ပေးဆပ်ဖို့ အသင့်ပါ။ ဒီလိုနဲ့ ည ၁၀ နာရီကျော်တဲ့အထိ ဘာမှ ထူးမလာလို့ ရဲစခန်းကို သွားပြီး အကြောင်းကြားရပါတော့တယ်။ ကာယကံရှင်ဖြစ်တဲ့ ကျမကိုယ်တိုင် လိုက်ပြီး တိုင်တန်းရတာဖြစ်ပေမယ့် ရဲတွေ ဘာမေးမေး ကျမသေချာ မဖြေနိုင်ပါဘူး။ ကျမရငမထဲက အပူမီးတွေနဲ့ ဝမ်းနည်း နာကျင်ရမှုတွေကြောင့် ကျမရဲ့ အသိစိတ်တွေ ကင်းလွတ်နေရပါပြီ။ ကျမအတွက် ညတာအရှည်ဆုံး ညတစ်ညကို ငိုကျွေးရင်းနဲ့ပဲ ဖြတ်သန်းရပါတော့တယ်။
ဒီလိုနဲ့ ကိုတစ်ယောက်ဟာ ပျောက်ချင်းမလှ ပျောက်သွားရပါတယ်။ အများကတော့ ပိုက်ဆံတွေ အများကြီး ပါသွားတာမို့ ရာဇဝတ်မှု တစ်ခုခု ဖြစ်သွားတယ်လို့ပဲ သတ်မှတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးအမြင်မှ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးနဲ့ စီးပွားရေး အစဥ္ပြေနေတာပဲလေ။ ကို့ဘက်ကလည်း အနေအထိုင် အေးဆေးတည်ငြိမ်ပြီး သိက္ခာရှိတာကို အားလုံးသိကြတာမို့ သွေးရိုးသားရိုးနဲ့ ပျောက်ကွယ်သွားတာ မဟုတ်နိုင်ဘဲ ရာဇဝတ်မှု တစ်ခုခုကြောင့်ပဲလို့ ထင်မြင်ကြတာပါ။ ဒါပေမယ့် ရဲဘက်ကလည်း ဘယ်လိုမှ မထူးခြားလာပါဘူး။ ကျမအနေနဲ့ကလည်း ကို တစ်ခုခု ဖြစ်နေလားလို့ စိုးရိမ်ပေမယ့် ကျမရဲ့ အမှားကြောင့်လည်း ဖြစ်နိုင်တာကို တွေးမိပါတယ်။ ဒါကြောင့်ပဲ ကျမမှာ နောင်တရမှုတွေ ပိုခံစားရပြီး အိပ်ယာထဲ လဲရပါတော့တယ်။ ယမင်းနဲ့ အမမြက အနီးကပ် ပြုစုပေးနေလို့ တော်ပါသေးတယ်။
ပွဲရုံကိစ္စတွေကတော့ ကိုသန့်စင်ပဲ အားလုံး လုပ်ရပါတော့တယ်။ ပွဲရုံကိစ္စနဲ့ ပတ်သတ်ပြီး သူနဲ့ ဘကြီးဦးတို့ တိုးတိုး တိုငိပင်တတ်ကြတာ ကျမကြားပေမယ့် ဝင်မမေးနိုင်ပါဘူး။ ကို မရှိတဲ့ ပွဲရုံမှာ တစ်ခုခု အခက်အခဲ ဖြစ်နေပုံပါပဲ။ ဒါပေမယ့် ကျမလည်း ကိုယ့်အပူနဲ့ ကိုယ်မို့ အာရုံထဲ မထည့်နိုင်ပါဘူး။ ဒီလိုနဲ့ ရက်သတ္တပတ် တစ်ပတ်လောက်အကြာမှာ ကျမစိတ်တွေ တော်တော် တည်ငြိမ်လာသလို ရှေ့ရေးကိုလည်း တွေးရပါတော့တယ်။ ကိုဟာ အန္တရာယ် တစ်ခုခုကြောင့် ပြန်မလာနိုင်တာဆိုရင် ရဲဘက်က တစ်ခုခု ထူးခြားရမယ်လို့ ကျမထင်တယ်။ ရဲဘက်ကလည်း ဘာမှ မထူးခြားဘဲ စုံစမ်းမရတာဆိုရင် ကိုက ကျမကို စိတ်နာလို့ ထွက်သွားတာပဲ နေမှာပါ။ ကျမတွေ့တဲ့ သော့ချိတ်ရယ်၊ ကားကိစ္စရယ်ကို အခြေခံပြီး ဒီလိုပဲ ကောက်ချက်ချမိပါတယ်။ ဒါပေမယ့် ကိုက ကျမကို ဘယ်လောက်ပဲ နာကျည်းမုန်းတီးပါစေ၊ သားလေးကိုတော့ ပစ်ပယ်သွားမှာ မဟုတ်ပါဘူး။
သားလေးဘဝမှာ မိဘမဲ့တာမျိုး ကိုက မဖြစ်စေချင်တာ ကျမ အသိဆုံးပါ။ ကျမနဲ့ မပေါင်းနိုင်ရင်တောင် သားလေးကိုတော့ အဝေးမှာ ထားသွားမယ့်လူမျိုး မဟုတ်ဘူးလေ။ အခုလို စုပ်စမြှုပ်စ ပျောက်ကွယ်သွားတာကို ကျမ အံ့ဩရပါတယ်။ ဒါကြောင့်ပဲ ကို ပျောက်ကွယ်သွားတာ ကျမကြောင့် အမှန်ဆိုရင် တစ်နေ့နေ့ ပြန်ရောက်လာကာ သားကိစ္စကို ပြောမှာ သေချာတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ကို ပြန်လာခဲ့ပြီး ကျမနဲ့ စာရင်းရှင်းရင် ကျမ မှားခဲ့တာတွေကို အကုန်ဝန်ချတောင်းပန်ကာ ကို ဆုံးဖြတ်တဲ့အတိုင်း ခံယူဖို့ ဆုံးဖြတ်ထားပါတယ်။ တကယ်လို့ ကိုက ကျမကို အဝတ်တထည်၊ ကိုယ်တစ်ခုနဲ့ ဆင်းသွားဆိုရင်တောင် ကျမ မငြင်းပါဘူး။ ဒါကြောင့်ပဲ ကို ပြန်လာမယ့်နေ့ကို စောင့်နေမိပါတယ်။
သာယာတဲ့ အိမ်ထောင်ရေးမှာ ဒီလို ရှုပ်ထွေးပြီး ပျက်စီးသွားရတာ ရင်နာစရာပါ။ ဖြစ်ခဲ့တာတွေကို ကျမသေချာ ပြန်စဥ္းစားမိပါတယ်။ ကျမ ဘက်က သစ္စာမဲ့ပြီး ဖောက်ပြန်မိလို့ဆိုတာတော့ အထူးပြောနေစရာ မလိုပါဘူး။ ဒါပေမယ့် ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်းတွေကတော့ ကို့နဲ့ ကျမရဲ့ လူတစ်ဦးအပေါ် ယုံကြည်မှု လွန်ကဲခြင်းက စရပါမယ်။ ဒါကြောင့်ပဲ အခွင့်အရေးယူဖို့ ချောင်းနေတဲ့သူကို လမ်းဖွင့်ပေးမိသလို ဖြစ်ခဲ့ရတာပါ။ နောက်ပိုင်းကိစ္စတွေကတော့ ကျမဘက်က သိသိကြီးနဲ့ မိုက်ခဲ့တဲ့ အပြစ်တွေပါ။ အသက် ၂၂ အရွယ် ကလေးတစ်ယောက်အမေရဲ့ မကြုံဖူးတဲ့ ကာမအရသာတွေအပေါ် စွဲလမ်းခဲ့မှုကြောင့် ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပေးဆပ်လိုက်ရခြင်း ဖြစ်ပါတယ်။ ယုံကြည်မှု လွန်ကဲခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်ခြင်းပါပဲ။ ကိုက ကျမကို အမြဲတန်ဖိုးထား ချစ်ခင်ခဲ့ပေမယ့် ယုံကြည်မှု ပျက်စီးသွားတဲ့အခါ တန်ဖိုးထားခြင်း မရှိတော့ဘဲ စွန့်ပစ်သွားတာ မထူးဆန်းပါဘူး။ ကျမကိုယ်တိုင်ကိုက တန်ဖိုးမဲ့အောင် နေခဲ့မိတာလေ။
ဒီလိုနဲ့ တစ်လလောက် ကြာတဲ့အခါ အခြေအနေတွေဟာ လိုအပ်ချက်တွေနဲ့ပဲ ပုံမှန်ပြန်လည်ပတ်လာပါတယ်။ ကျမအနေနဲ့ ကို့ပွဲရုံကို ဦးစီးဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ပွဲရုံလုပ်ငန်းနဲ့ အစိမ်းသက်သက် ဖြစ်နေတဲ့ ကျမအတွက်ကတော့ အရာရာ အခက်အခဲတွေကြီးပါပဲ။ ပွဲရုံမှာ ရှိတဲ့ စာရင်းကိုင်တွေနဲ့ ကိုသန့်စင်တို့ရဲ့ လမ်းပြမှုကြောင့် ကြိုးစားသင်ယူရပါတယ်။ ကိုယ်တိုင် ဝင်ဦးစီးရမှ ကို့ ပွဲရုံရဲ့ ကြီးကျယ်မှုကို နားလည်လာပါတယ်။ ကိုသန့်စင် ပွဲရုံက ကို့ ပွဲရုံရဲ့ လက်ခွဲသာသာလောက်ပဲ ရှိပါတယ်။ မနိုင်မနင်း ဖြစ်နေတဲ့ ကျမကို ယမင်းတို့ သားအဖက အစစကူညီပေးပါတယ်။ နောက်ပိုင်း ပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေရောက်တော့ စာရင်းကိုင်တွေနဲ့ ကိုသန့်စင်တို့ကပဲ လိုအပ်တာတွေ လုပ်ပေးကြပြီး ကျမကတော့ မနက်ပိုင်းလောက်ပဲ ပွဲရုံကို သွားကြီးကြပ်ပါတော့တယ်။
ဒီလို ပွဲရုံလုပ်ငန်း ပုံမှန်မလည်ပတ်နိုင်ခင်မှာ ကြီးကြီးမားမားတွေ့ရတဲ့ အခက်အခဲကတော့ ငွေကြေးကိစ္စပါ။ ကျမ အိပ်ယာထဲ လဲနေချိန်မှာ ကိုသန့်စင်နဲ့ ဘကြီးဦး ခေါင်းချင်းဆိုင်ပြီး ပြောကြတာ ဒီကိစ္စတွေပါ။ ကုန်ဖိုး ပေးစရာရှိတာတွေ သိန်း ၂၀၀ ကျော်လောက် ရှိနေပါတယ်။ ကို ရှိနေချိန်မှာတော့ ကုန်သည်တွေကလည်း ယုံကြည်ပြီး အတင်းမတောင်းဘူးပေါ့။ အလုပ်က လည်ပတ်နေတာကိုး။ အခုတော့ ကို မရှိမှန်းသိသွားကြတဲ့အခါမှာတော့ ရစရာရှိတဲ့သူတွေကလည်း စိုးရိမ်ကြမှာ အမှန်ပါပဲ။ ဒါကြောင့်လည်း ကျမလည်း ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားရပါတော့တယ်။ ဒါမှသာ နောက်လည်း အမြဲ ယုံကြည်ပေးမှာလေ။ ဒါပေမယ့် ကုန်တွေကလည်း မရောင်းရသေးသလို၊ ကျမဘက်က ရစရာ ရှိတာတွေကလည်း မရသေးပါဘူး။ ဒီတော့ ကိုယ့်ဘက်ကပဲ စိုက်ရှင်းထားရမှာပေါ့။ ဒါပေမယ့် ဘဏ်ထဲမှာ သိန်း ၁၀၀ ကျော်လောက်ပဲ ရှိပါတယ်။ ကိုသန့်စင် ဆီမှာလည်း သိန်း ၅၀ ကျော်တော့ ရှိတယ်တဲ့။ လိုတဲ့ သိန်း ၅၀ ကျော်ကို အိမ်ပေါင်ပြီး ပေးဖို့ ဆုံးဖြတ်ရပါတယ်။
ဒါပေမယ့် ကိုသန့်စင်က အိမ်ပေါင်ဖို့ သဘောမတူပါဘူး။ နောက်ဆုံးတော့ သူ့သူငယ်ချင်း သဘေင်္ာသားဆီက ခဏယူဖို့ အကြံပေးပါတယ်။ ဟိုလူက မြန်မာပြည်မှာ မရှိတုန်း ခြံနဲ့အိမ်ဝယ်ဖို့ သူ့ကို အကူအညီတောင်းကာ ငွေတွေ အပ်ထားပါတယ်။ ဒီငွေတွေကို ခဏယူသုံးဖို့ ပြောရင် လက်ခံမှာပါတဲ့၊ အတိုးလည်း ပေးစရာမလိုသလို၊ ကျမတို့သားအမိ အနေအထိုင်လည်း မပျက်ပါဘူးတဲ့။ နောက် လနည်းနည်းကြာလို့ ကုန်တွေ ရောင်းပြီးမှ ငွေပြန်ဆပ်ဖို့ ပြောလာပါတယ်။ ဘာပဲပြောပြော ကျမ မမြင်ဖူးတဲ့ သူတစ်ဦးရဲ့ ကူညီမှုကြောင့်ပဲ ကျမရဲ့ ငွေကြေးအခက်အခဲ ပြေလည်သွားရလို့ ကျေးဇူးတင်မိပါတော့တယ်။ ဒီလိုနဲ့ ကိစ္စအဝဝကို အစဥ္ပြေအောင် ကြိုးစားဖြေရှင်းရင်းနဲ့ပဲ ကို ပြန်လာမယ့်နေ့ကို စောင့်မျှော်နေမိပါတယ်။ အထူးသဖြင့် သားလေးက အဖေရောဆိုတဲ့ မေးသံကြားရရင် ကျမရဲ့ အမှားတွေကြောင့် သားလေး အဖေနဲ့ ဝေးရပါလားဆိုတဲ့ အသိဝင်လာကာ ကျမရင်ထဲ နာကျင်ရပါတယ်။
ဒီလိုနဲ့ တစ်နေ့ ကျမ ပွဲရုံက အပြန်လမ်းမှာ ဦးလေးကြီး တစ်ယောက်နဲ့ တွေ့ပါတယ်။ ကျမက ရုတ်တရက် မမှတ်မိပေမယ့် ဦးလေးကြီးက ပြောပြမှ မှတ်မိရပါတယ်။ တကယ်တော့ အဲဒီဦးလေးကြီးက ကျမရဲ့ အဖေနဲ့အမေ ရှိစဥ္တုန်းက အိမ်မှာ ဝင်ထွက်နေသူပါ။ ကျမ မိဘတွေရဲ့ ကူညီထောက်ပံ့မှုတွေ ယူခဲ့သူပါ။ အခုတော့ သူက မီးရထား ဘူတာရုံမှာ လက္မှတ်စစ် လုပ်နေတယ်တဲ့။ ဒီလိုနဲ့ ရပ်စကားပြောနေရင်း သူက ကိစ္စတစ်ခုကို ပြောပြချင်ကြောင်း ဆိုလာပါတယ်။ ဒါပေမယ့် ပြောသင့်၊ မပြောသင့် ချင့်ချိန်နေလို့ လာမပြောမိတာပါတဲ့။ ဒါနဲ့ ကျမလည်း သိချင်လာတာနဲ့ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြောပြဖို့ တောင်းဆိုရပါတယ်။ သူပြောပြတာက တစ်ခါက ညရထားတစ်စီးရဲ့ အိပ်ခန်းတွေကို လက္မှတ်စစ်ရင်း ကို့ကို တွေ့မိသလိုပါတဲ့။ ဒါပေမယ့် ကျမ မင်္ဂလာဆောင်တုန်းကပဲ နောက်ဆုံးတွေ့ဖူးတာမို့ လူတူတာပဲထင်ပြီး မနှုတ်ဆက် ဖြစ်ပါဘူးတဲ့။ အဲဒီလူကလည်း ဦးထုတ်ကို ခပ်ငိုက်ငိုက် ဆောင်းပြီး မျက်နှာ လွှဲနေလို့ သေချာ မကြည့်လိုက်ရဘူးတဲ့။
ဒီသတင်းကို ကျမ ကြားလိုက်ရတော့ အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရပါတယ်။ ကို ထွက်သွားကတည်းက ကိုနဲ့ နီးစပ်တဲ့ အကြောင်းအရာကို ပထမဆုံး ကြားသိရခြင်းပါပဲ။ အဲဒီလူက ဘယ်သူလဲ။ ကိုလား။ ဒါနဲ့ ဝတ်ပုံစားပုံနဲ့ အရောင်ကို မေးတော့ အဲဒီဦးလေးကြီးကလည်း မမှတ်မိတော့ပါဘူး။ ဒါနဲ့ ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ၊ အဲဒီတွေ့ခဲ့ပုံကို သေချာပြောပြဖို့ ကျမတောင်းဆိုရပါတော့တယ်။ဒီတော့မှ ဦးလေးကြီးက......
"ပြောပြပါ ဆိုပေမယ့်၊ ပြောသင့်မပြောသင့် စဥ္းစားနေလို့ပါ။ အစကတော့ ဦးလေးလည်း အမှုမဲ့ အမှတ်မဲ့ပဲ။ နောက်နေ့မှ မြို့ထဲမှာ တူမကြီး ယောကျာ်း ရုတ်တရတ်ပျောက်သွားတာ ကြားတော့မှ ဆက်စပ်မိသွားတာပါ။
ဒါပေမယ့် ဒီလူက မောင်မျိုးဝင်း မဟုတ်ရင် တူမကြီးအပေါ် စိတ်ဒဏ်ရာ သက်သက် ပေးသလို ဖြစ်မှာစိုးလို့ပါ။
ဒါကြောင့် စိတ်နည်းနည်းငြိမ်တဲ့ အခုချိန်လောက္မှ ပြောပြဖို့ ဆုံးဖြတ် လိုက်တာပါ။
အခု ဦးလေးပြောတဲ့သူက လူတူတာ ဖြစ်နိုင်ပါတယ်။ တထစ်ချကြီး မောင်မျိုးဝင်းလို့ မယူစစေချင်ဘူး။"
"ဟုတ်ပါပြီ ဦးလေးရယ်။ ဘယ်သူဖြစ်ဖြစ်ပါ။
ဟုတ်သည် မဟုတ်သည်က နောက္မှ စဥ္းစားပါ့မယ်။ ဘာတွေ ထူးခြားလို့များ ဒီလောက် အပြောရ ခက်နေတာလဲ။ ပြောပြပါရှင်"
"ဒီလိုကွဲ့၊ အမှန်က အဲဒီအိပ်ခန်းတွဲကို လက္မှတ်လာဝယ်တာ အမျိုးသမီးတစ်ယောက်ပဲ။ လက္မှတ်နှစ်စောင် ဝယ်သွားတာ။
ရထားထွက်ခါနီး တွဲပေါ်မှာ ဦးလေး တွေ့တာကလည်း အဲဒီအမျိုးသမီးနဲ့ နောက်တစ်ယောက်က မောင်မျိုးဝင်းနဲ့ တူတဲ့သူပဲ"
"ရှင်..... ဘယ်လို"
ကျမအနေနဲ့ လုံးဝထင်မှတ်မထားတဲ့ စကားကို ကြားရပြီး အလွန်တုန်လှုပ်သွားရပါတယ်။ ကို့ရဲ့ သတင်းတစ်ခုခုကို အရမ်း ကြားချင်နေပေမယ့်လည်း အဲဒီလူဟာ ကို မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။
"အင်း၊ အဲဒါကြောင့် တထစ်ချ မတွတ်ဘဲ လူတူတာလည်း ဖြစ်နိုင်တယ်လို့ အရင် ပြောပြထားတာပေါ့။ အဲဒီအမျိုးသမီးက ဒီမြို့က မဟုတ်ဘူး။
ဒီအမျိုးသမီးကို အရင်က မမြင်ဖူးဘူး။ ရန်ကုန်လက္မှတ်ကို နှစ်စောင် လာဝယ်တာ။ တစိမ်းအမျိုးသမီးမို့ သိသာပြီး မှတ်မိနေတာပါ။
ဒါပေမယ့် အမျိုးသားကိုကြည့်တော့ မှောင်ရိပ်နည်းနည်းကျနေသလို ဦးထုတ်ဆောင်းထားလို့ သိပ်မသဲကွဲတာပါ။
ဒါပေမယ့် ဦးစိတ်ထဲမှာ မြင်ဖူးတယ် ထင်နေတာ။ နောက်နေ့ တူမကြီး သတင်းကြားမှ ဆက်စပ်မိပြီး သတိရသွားတာပါ။ ဒါပေမယ့် အားလုံးပူလောင်နေတဲ့အချိန်မှာ မသေချာဘဲ မပြောသင့်လို့ ရဲကိုတောင် မပြောပြခဲ့ပါဘူး"
"ဦးလေးတို့ ရထားလက္မှတ်ဝယ်ရင် မှတ်ပုံတင် ပြရတယ်လေ။ မှတ်ပုံတင် သေချာမကြည့်လိုက်ဘူးလား။ မမှတ်ထားဘူးလား"
"အပြစ်တင်လည်း ခံရမှာပဲ။ အဲဒီနေ့က အဲဒီအမျိုးသမီးပဲ မှတ်ပုံတင် တစ်ခုတည်းနဲ့ လာဝယ်တာ။ ပြီးတော့ ဦးလေးတို့ သေချာ မမှတ်ထားမိဘူးဆိုတာက...... ဦးလေးတို့ အလုပ်မှာလည်း တခါတလေ လမ်းကြောင်းလေးတွေ ရှိတယ်လေ။
အဲဒါကြောင့် တချို့အထက်တန်း ခုံတွေ၊ အိပ်ခန်းတွဲတွေကနေ အပိုဝင်ငွေ ရှာကြရတာမို့ပါ။ ဒါကိုတော့ နားလည်ပေးပါနော်။ ဒါမျိုးလုပ်တာက ဦးတစ်ယောက်တည်း မဟုတ်ပါဘူး။
ရဲကို မပြောပြ ဖြစ်တာလည်း ဒါတွေ ပါတာပေါ့ တူမကြီးရယ်"
"ဟင်..... ဒါဆို လမ်းဆုံးပြီပေါ့။
ဦးလေးတို့ အလုပ်ကို ကျမ နားလည်ပါတယ်လေ"
"တစ်ခုတော့ ရှိတယ် တူမကြီးရဲ့။ အဲဒီရထားထွက်သွားတော့ အဲဒီတွဲနားရဲ့ လျောက်လမ်း ဟိုဘက်နားမှာ သော့တွဲတစ်တွဲတွေ့တယ်။
အဲဒီတွဲက ကျန်ခဲ့တာလား။ လမ်းလျောက်တဲ့ လူတွေပဲ ကျခဲ့တာလား မသိဘူး။ သော့တွေ အများကြီးပဲ။
ရထားတွဲပေါ်က ကျခဲ့တာဆိုရင် အဲဒီအိပ်ခန်းတွဲကပဲ ဖြစ်ဖို့များတယ်"
"ရှင်၊ ဟုတ်လား။ ကို ပျောက်သွားတော့ သော့တွဲတွေ အကုန်ပါသွားတယ်။ ဒါဆို အဲဒီသော့တွဲတွေရော"
"အခုတော့ မပါလာဘူး။ တွေ့ကတည်းက ဘူတာက စတိုထဲမှာ သေချာ သိမ်းထားခဲ့တယ်။ ဒီနေ့ ဦးလေးက အလုပ်ဆင်းလာပြီလေ။ မနက်ဖြန် တူမကြီးဆီ ဆက်ဆက် လာပို့ပါမယ်"
ကျမလည်း ဖြစ်နိုင်ရင် အဲဒီသော့တွဲတွေကို ချက်ချင်း လိုက်ကြည့်ချင်ပါတယ်။ ဒါပေမယ့် ဘူတာကလည်း ဝေးသလို ဦးလေးကြီးကိုလည်း အားနာလို့ အတင်းအကြပ် မပြောတော့ပါဘူး။ ပြီးတော့ သားကို မူကြို သွားကြိုဖို့ အချိန်လည်း နီးပြီမို့ မနက်ဖြန် အဲဒီသော့တွဲတွေကို ကျမအိမ်ကို ယူလာပေးဖို့ သေချာမှာရင်း ထွက်လာခဲ့ပါတယ်။ ကျမမှာ ထွက်လာရပေမယ့် ဦးလေးကြီး စကားတွေကို ပြန်ကြားယောင်နေကာ စိတ်နဲ့ လူနဲ့ သိပ်မကပ်ပါဘူး။ လမ်းတလျောက်လုံးလည်း ကိုများ ဖြစ်နေမလား၊ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတော့တယ်။ သားလေးကို ကြိုပြီး တညနေလုံးလည်း ဒီအကြောင်းကိုပဲ စိတ်ရောက်နေမိပါတယ်။ ညပိုင်း အမမြနဲ့ ကောင်မလေးတစ်ယောက် လာအိပ်ပေးပြီး စကားပြောကြ၊ TV ကြည့်ကြတော့လည်း ကျမစိတ်ထဲမှာ အတွေးများနဲ့ ရှုပ်နေလို့ သိပ်စကားမပြောဖြစ်ပါ။ ဒီည ယမင်း လာမအိပ်ဘူးလေ။ ယမင်းက တစ်ပတ်မှာ ၃၊ ၄ ရက်လောက်ပဲ အိပ်ခိုင်းတာပါ။ သူ့မှာလည်း ကျန်းမာရေးမကောင်းတဲ့ အမေကို ပြုစုရသေးတယ်လေ။
ည အိပ်ယာဝင်တဲ့အထိ ကို့အကြောင်းများကို တွေးနေမိပါတယ်။ အချိန်အားဖြင့် နှစ်လကျော် သုံးလနီးပါးရှိပြီမို့ ကို ပြန်လာမယ်ဆိုရင် ပြန်လာသင့်ပါပြီ။ အန္တရာယ်တစ်ခုခု ကျနေလို့၊ ဒါမှမဟုတ် အခြားအကြောင်းအရင်း တစ်ခုခု ရှိနေလို့သာ ပြန်မလာဖြစ်တာ နေမှာပါ။ ကို ပျောက်သွားတဲ့နေ့ကတည်းက အန္တရာယ်ဖြစ်နေမှာစိုးလို့ အဖက်ဖက်က စုံစမ်းနေပေမယ့်လည်း သတင်းအစအန မရခဲ့ဘူးလေ။ ရဲကတောင် ဘာသဲလွန်စမှ မရလို့ တစ်နေရာရာ ထွက်သွားတာ ဖြစ်မှာပါလို့ ကောက်ချက်ချနေပါပြီ။ ကျမ ဖောက်ပြန်လို့ ထွက်သွားတာဆိုရင်လည်း အခုချိန်လောက်ဆို ပြန်လာကာ ကျမနဲ့ စာရင်းရှင်းသင့် နေပါပြီ။ အခုတော့ ဒီလိုလည်း မဟုတ်တော့ ကျမ အတွေးရခက်လှပါတယ်။ ဦးလေးကြီး ပြောသလို တခြားမိန်းမတစ်ဦးနဲ့ အတူထွက်သွားခြင်းတော့ မဟုတ်နိုင်ပါဘူး။ ကို့မှာ မိန်းမကိစ္စနဲ့ ပတ်သတ်ပြီး ဘာသံမှ မကြားခဲ့ရဖူးပါဘူး။
ကို့ရဲ့ အနေအထိုင်နဲ့ ကိုယ်ကျင့်သိက္ခာကို ကျမယုံပါတယ်။ ကျမဘက်ကပဲ ကိုယ်ကျင့်တရား ပျက်ပြားသူပါ။ ကို့ကို ကျမလိုပဲလို့ မတွေးမိသလို၊ မထင်ရဲပါဘူး။ မထွက်သွားခင် ညကလည်း ကျမတို့ သားအမိနဲ့လည်း ချစ်ချစ်ခင်ခင်ပဲလေ။ သားက သော့ချိတ်ကို ဖျက်စီးတော့တောင် မိဘတွေပုံကို ကြည့်နေတဲ့ ကို့ကို ကျမဝင်တိုင်ခဲ့သေးတယ်လေ။ ဟင်..... မိဘတွေပုံဆိုမှ အဲဒီနေ့က ကို အထိတ်တလန့်ဖြစ်သွားပုံကို ကျမမျက်လုံးထဲ ပြန်မြင်ယောင် လာပါတယ်။ ရုတ်တရက္မို့ လန့်သွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုက အခုနောက်ပိုင်း အဲဒီပုံတွေကို ပြန်ကြည့်တိုင်း တစ်ခုခု ထူးခြားနေသလိုပါပဲ။ ကို ထွက်သွားတဲ့ နေရာဟာ အဲဒီပုံတွေနဲ့ ပတ်သတ်နေမလား။ အဲဒီပုံတွေ ပြန်ကြည့်ရင် ကို ထွက်သွားတဲ့ နေရာကိုများ ခန့်မှန်းနိုင်မလား။ ကျမမှာ ထိုအတွေး ဝင်လာပြီး ထထိုင်ကာ စားပွဲခုံဆီ လှန်းလာခဲ့ပါတယ်။ ကို ထွက်သွားတုန်းက သော့တွဲတွေ အကုန်ပါသွားလို့ သော့အပိုတွေ ပြန်ရှာကာ အစဥ္ပြေအောင် လုပ်ထားရတာလေ။
ဒီစားပွဲခုံ အံဆွဲကို ကိုရှိချိန်ကတည်းက ကျမသဘောနဲ့ ဖွင့်ကြည့်တာ မရှိသလောက်ပါ။ ကို့ အလုပ်စာရင်းတွေနဲ့ ကို့ မိသားစု အမှတ်တရတွေကို ကျမ စွတ်ဖက်သလို ဖြစ်မှာ စိုးလို့ပါ။ အခုတော့ ကို့ရဲ့သဲလွန်စ တစ်ခုခုများ ရမလားဆိုတဲ့ အသိနဲ့ ကျမ ဖွင့်ကြည့်ရပါတော့မယ်။ ကို ကြည့်နေကျ မိသားစု ဓာတ်ပုံတွေ ထည့်ထားတဲ့ စက္ကူဘူးကြီးထဲမှာ ဘာမှ မထူးခြားပါဘူး။ ဓာတ်ပုံတွေကလည်း အရင်က ကိုနဲ့ကျမ အတူတူ ကြည့်ဖူးတဲ့ ပုံတွေပါပဲ။ ဒီလိုနဲ့ ဓါတ်ပုံအယ်ဘန်တွေကို ပြန်ထည့်မလို့ လုပ်ရင်း ဘူးအောက်ခြေနားက စက္ကူဘူး သေးသေးတစ်ခုကို တွေ့လိုက်ရပါတယ်။ ကျမလည်း အမြန်ထုတ်ကာ ဖွင့်ကြည့်လိုက်တော့ ကျမ မထင်မှတ်တဲ့ ပစ္စည်းတစ်ခုကို တွေ့လိုက်ရပါတယ်။ ဒါကတော့ မိန်းကလေး ဆံညှပ်တစ်ခုပါ။ ကျောက်ဖြူ၊ ကျောက်နီလေးတွေ စီထားတဲ့ ဆံညှပ်လှလှလေးတစ်ခုကို ကိုက ဘာလို့ သိမ်းထားရတာလဲ။
ကျမ ဆံညှပ်မဟုတ်တာ သေချာပါတယ်။ ကျမကို လက်ဆောင်ပေးဖို့ ဝယ်လာပြီး မပေးဖြစ်သေးတာလားလို့ ထင်မိပါသေးတယ်။ ဒါပေမယ့် ဆံညှပ်ကို သေချာကြည့်တော့ သုံးပြီးသားဆိုတာ သိလိုက်ရပါတယ်။ ကလစ်ကို လက်နဲ့ညှစ်တဲ့နေရာမှာ ရွှေရောင်နည်းနည်း မှိန်နေတယ်လေ။ ဒါက တစ်ဦးဦးသုံးပြီးသားဆိုတာ မိန်းကလေးဖြစ်တဲ့ ကျမ သိတာပေါ့။ ပြီးတော့ ဆံပင်မျှင်မျှင်လေးတစ်ချောင်းတောင် ညပ်နေသေးတာပဲ။ ဒါဘယ်သူ့ဆံညှပ်လဲ။ ကောက်ရတာဆိုရင်လည်း ဒီအထဲမှာ ဘာလို့ သေချာသိမ်းထားရမှာလဲ။ ဒီပစ္စည်းက ကို့အတွက် အမှတ်တရ တစ်ခုခု ရှိနေလို့သာ ဒီလို သိမ်းထားတာပေါ့။ ပြီးတော့ အဲဒီနေ့က ကျမအခန်းထဲ ဝင်လာတုန်း လန့်သွားပုံတွေ၊ ကို့လက်ထဲက တစ်ခုခုကို စက္ကူဘူးထဲ အမြန်ထည့်လိုက်ပုံတွေ ပြန်မြင်ယောင် လာမိပါတယ်။
ကျမ ဘွဲ့မယူခင်ညကလည်း ကျမတို့ သားအမိအိပ်ချိန်ကျမှ ကိုက တိတ်တိတ်လေး ဒီဘူးကို ထုတ်ကြည့်ပြီး မျက်နှာက လွမ်းဆွတ်ကြေကွဲပုံ ဖြစ်သွားတာလေ။ ကျမကတော့ မိဘပုံတွေ ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားတာလို့ ထင်နေမိတာလေ။ သေချာ ပြန်စဥ္းစားကြည့်တော့ အဲဒီနေ့ကလည်း ပုံတွေ ထုတ်ကြည့်တာ မဟုတ်နိုင်ပါဘူး။ ဘူးထဲကနေ အပြင်ကို မထုတ်ဘဲ တစ်ခုခုကို ကိုင်ကြည့်ကာ စိတ်မကောင်း ဖြစ်နေတာလေ။ ဒီဆံညှပ်ကို ကိုင်ကြည့်တာ နေမှာပေါ့။ ကို့မှာ ကျမ မသိတဲ့ မိန်းကလေး တစ်ယောက်ယောက်ရဲ့ အမှတ်တရပစ္စည်း ရှိနေပါလား။ ဒီပစ္စည်းရဲ့ ပိုင်ရှင်က ဘယ်သူလဲလို့ စဥ္းစားရင်း ကျမ ဝမ်းနည်းကာ ငိုကျွေးရပါပြီ။ ကို့အနားမှာ အနီးကပ်နေတဲ့ မိန်းကလေးဆိုလို့ ကျမနဲ့ ယမင်းပဲ ရှိတာလေ။ ဒါဆို ဒီဆံညှပ်က ယမင်းဟာလား။ ယမင်းကို သတိရပြီး အပြင်ထွက်ပြီး မေးမလို့ ပြင်ပြီးမှ ဒီနေ့ ယမင်း ညလာမအိပ်တာကို သတိရကာ ပြန်ထိုင်လိုက်ရပါတယ်။
ရင်တွေပူကာ ဝမ်းနည်းလွန်းလို့ ကျမမှာ တစ်ညလုံး အိပ်မပျော်ကာ မျက်ရည်ကျနေရပါတယ်။ ကျမကသာ ကို့အပေါ် သစ္စာမဲ့ပြီး အခြားယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်ရွှင်ခဲ့တာလေ။ အခုလို ကို့ရင်ခွင်မှာ ကျမမဟုတ်တဲ့ အခြားမိန်းကလေး ရှိနေခဲ့သလားဆိုတဲ့ သံသယနဲ့ပင် ကျမရင်တွေကွဲအောင် ခံစားရပါတယ်။ ကိုသာ ကျမနဲ့ ကိုသန့်စင်တို့ရဲ့ အရှက္မဲ့တဲ့ ကာမပွဲကို မျက္မြင်တွေ့ခဲ့ရင် ဘယ်လောက် ခံစားရရှာမလဲဆိုတာ ကျမစာနာမိပါပြီ။ ကိုယ်လုပ်တုန်းက ကိုယ့်အပေါ် သံယောဇဥ္ရှိသူတွေအပေါ် မထောက်ထားခဲ့ပဲ အခု ကိုယ် ပြန်ခံရနိုင်တယ်ဆိုတဲ့ အတွေးမျိုး ဝင်ယုံနဲ့ပင် ကမ္ဘာပျက်သလို ခံစားရတာ ဖြစ်သင့်ပါ့မလား။ ကိုယ့်ကို ထိမှ အသဲခိုက်အောင် နာတတ်တာ လူ့သဘာဝပါပဲလေ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာတော့ ဒီပစ္စည်းရဲ့ ပိုင်ရှင်ကို ကျမသိအောင် လုပ်ချင်ပါတယ်။ ယမင်းမှ မဟုတ်ရင်တော့ ရထားပေါ်က မိန်းမလားလို့ တွေးနေမိပါတယ်။
နောက်နေ့မနက် မိုးလင်းတော့ ကျမ အိပ်ယာထဲက မထနိုင်ပါဘူး။ သားရဲ့ကိစ္စတွေကို အမမြတို့ လုပ်ပေးပြီး မူကြိုပို့ပေးကာ ကျမကို ဆေးခန်းသွားဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် ကျမက ရပါတယ်၊ မသွားတော့ပါဘူးပြောကာ အမမြတို့ကိုပဲ ပြန်ခိုင်းရပါတော့တယ်။ အိမ်မှာ ကျမတစ်ယောက်တည်း နေချင်တာက ဘူတာက ဦးလေးကြီး သော့တွဲလာပို့ရင် တစ်ယောက်ယောက် မသိစေချင်လို့ပါ။ တကယ်လို့ သော့တွဲတွေသာ ကို့သော့တွဲ အမှန်ဆိုရင် ရထားပေါ်မှာ မိန်းမတစ်ယောက်နဲ့ အတူပါသွားတဲ့သူဟာ ကိုဆိုတာ သေချာသလောက်ပါ။ ကို့ကို မိန်းမတစ်ယောက်နဲ့ အထင်လွဲရတာမျိုး ကျမ မဖြစ်စေချင်ပါ။ ကျမတို့ မိသားစုအတွက် သစ္စာအမဲ့ဆုံးသူဟာ ကျမပဲ ဖြစ်ချင်ပြီးတော့ ကို့ကိုတော့ အပြစ်အကင်းဆုံးသူ အဖြစ်ပဲ တည်ရှိစေချင်ပါတယ်။
ဒါကြောင့်ပဲ ကိုက အခြားမိန်းမတစ်ယောက်နဲ့ အတူထွက်သွားတယ် ဆိုရင်တောင် ကျမခွင့်လွှတ်ပါတယ်။ ကို့အပေါ် ကျမရဲ့ ဖောက်ပြန်သစ္စာမဲ့မှုကြောင့် ပြန်ပြီး ဒဏ်ခတ်ခံရတယ်လို့ပဲ ကျမသတ်မှတ်ထားပါတယ်။ ကျမတို့ ပတ်ဝန်းကျင်ကလူတွေက ကို့အပေါ် အပြစ်တင်ကြမှာမျိုး မလိုချင်လို့ ဒီကိစ္စကို ကျမတစ်ယောက်ထဲ ရေငုံနှုတ်ပိတ်နေလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဦးလေးကြီးရောက်လာကာ သော့တွဲတွေ လာပေးပါတယ်။ သော့တွဲတွေ ကြည့်လိုက်တာနဲ့ ကျမ လဲပြိုကျမတတ် ခံစားလိုက်ရပါတယ်။ နေ့တိုင်း မြင်ခဲ့ရတဲ့ သော့တွဲတွေပဲလေ။ ကျမ မှတ်မိတာပေါ့။ ဒါနဲ့ပဲ ဦးလေးကြီးကို ဒီသော့တွဲတွေက ကျမတို့ဟာ ဟုတ် မဟုတ် သိပ်မသေချာပါဘူး။ ဒါပေမယ့် ထားခဲ့လို့ရရင် ထားခဲ့ဖို့ပြောကာ ဒီကိစ္စတွေကို ဘယ်သူ့မှ မပြောပြဖို့ တောင်းဆိုရပါတော့တယ်။ ဦးလေးကြီးကလည်း ကျမ မိဘတွေရဲ့ ကျေးဇူးတရားတွေကို တိုင်တည်ပြီး သူ့တစ်သတ်လုံး ဒီအကြောင်းတွေကို ဘယ်သူမှ မပြောပြပါဘူးလို့ ဂတိပေးသွား ခဲ့ပါတယ်။
ဦးလေးကြီး ပြန်တာနဲ့ ကျမ ခြံထဲဆင်းကာ ကားဂိုထောင်ဆီ အပြေးလေး သွားမိပါတယ်။ ကျန်တဲ့သော့တွေအကုန်လဲပြီးပေမယ့် ကားသော့ကတော့ အရင်အတိုင်းပဲလေ။ ဒါတွေဟာ မြင်ယုံနဲ့ ကို့ရဲ့သော့တွဲတွေမှန်း သေချာသလောက် ရှိပေမယ့် နောက်ဆုံးမျှော်လင့်ချက်နဲ့ သွားကြည့်မိတာပါ။ ကားသေးတပ်ပြီး စက်နှိုးလိုက်တာနဲ့ ဝူးကနဲ အင်ဂျင်နိုးသံဟာ ကျမရဲ့ ငိုကြွေးသံတွေကို အတူ ဖိတ်ခေါ်လိုက်ပါတယ်။
ခြံကြီးထဲက ကားဂိုထောင်ထဲမှာ ကားစက်နှိုးသံနဲ့အတူ အမျိုးသမီးတစ်ယောက်ရဲ့ ငိုရှုတ်သံတွေကို ဘယ်သူက သိနိုင်ပါ့မလဲ။ ဒီငိုရှိုက်သံတွေမှာ ပူဆွေးဝမ်းနည်းခြင်း၊ လွမ်းဆွတ်သတိရခြင်း၊ ယူကြုံးမရခြင်းနဲ့အတူ နောင်တတရားတွေပါ ပါဝင်နေခဲ့ပါတယ်။ သူပြုသောကံနဲ့ သူခံရမယ့် ဝဋ်ကြွေးများကို သူသာလျှင် လက်ခံရမှာပါ။ အတန်ကြာသည်အထိ ကားစက်နှိုးသံနဲ့ ငိုကြွေးသံများကို ကြားရပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားကာ ကားဂိုထောင်ထဲက အမျိုးသမီးဟာ အားအင်ကုန်ခမ်းနေသူတစ်ယောက်လို ထွက်လာပြီး ဂိုထောင်တံခါးကို သော့ခတ်ပိတ်လိုက်ပါတော့တယ်။ သော့ပိတ်ထားသော ကားဂိုထောင်ကို အတန်ကြာစိုက်ကြည့်နေရင်း သူမရဲ့ မျက်နှာဟာ ဝမ်းနည်းနေတဲ့ပုံကနေ တဖြည်းဖြည်း တည်ငြိမ်လာပြီးနောက် ချာခနဲလှည့်ကာ အိမ်ဘက်သို့ ပြန်သွားခဲ့ပါတယ်။ ဒီအချိန်ကစပြီး ထိုကားဂိုထောင်လေးဟာ နောင် နှစ်အတန်ကြာသည်အထိ အလည်လာသူ အလျဥ်းမရှိတော့ဘဲ အတွင်းက သခင်မဲ့သွားသော ကားလေးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့ရပါတော့တယ်။
ထိုနေ့ကစပြီး ကျမအနေနဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို နားလည် လက်ခံပေးပြီး ဘဝခရီးကို ရှေ့ဆက်သွားဖို့ကိုပဲ အာရုံစိုက်ထားလိုက်ပါတယ်။ ကျမဘဝမှာ ဖြစ်ခဲ့တာတွေကို လွမ်းဆွေး နောင်တရနေပြီးတော့ အချိန်ကုန်မခံနိုင်ပါဘူး။ ကျမတို့ နှစ်ဦးကြားက အပြစ်မရှိတဲ့ သားလေးရဲ့ဘဝအတွက် ကျမ ကြိုးစားရပါတော့မယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ကို့ အနေနဲ့ ပြန်လာနိုင်ဖို့ သိပ်မမျှော်လင့်တော့ပါဘူး။ တကယ်လို့ ကို ပြန်လာရင်လည်း ကျမတို့ အိမ်ထောင်ရေး လမ်းခွဲဖို့ ကိစ္စကြောင့်ပဲ ဖြစ်မှာပါ။ ဒါကြောင့်ပဲ ကို့ရဲ့ လက်ငုပ်လက်ရင်း ပွဲရုံအလုပ်ကို မပျောက်ပျက်ရအောင် ကြိုးစားထိန်းသိမ်းရင်း ကျမရဲ့ စိတ်ကို ကြိုတင် ပြင်ဆင်ထားလိုက်ပါတယ်။
တကယ်လို့ ကို ပြန်လာပြီး လင်မယားလမ်းခွဲကာ ပိုင်ဆိုင်မှု ခွဲကြမယ်ဆိုရင် ကျမ ဘာမှ မလိုချင်ပါဘူး။ သားလေးကလွဲပြီး ကျန်တာတွေကို ကျမရဲ့ မိုက်ပြစ်ကြောင့် စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့်ပဲ ကို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ငန်းတွေကို မလျော့ပါးရအောင် ကြိုးစားထိန်းပေးနေတာပါ။ တစ်ချိန်ကျရင် ကျမအကုန် ပြန်ထားခဲ့ပြီး သားလေးနဲ့အတူ ကျမ မိဘတွေအိမ်မှာပဲ ပြန်နေဖို့အထိ စဥ္းစားထားပါတယ်။ ဒါပေမယ့် လတွေသာ အလီလီပြောင်းပြီး ခြောက်လကျော် ကြာခဲ့ပေမယ့် ကို့ရဲ့ အရိပ်အယောင်တောင် မမြင်ရပါဘူး။ ဟုတ်ပါတယ်လေ။ သူလည်း ကျမရဲ့ လုပ်ရပ်တွေအပေါ် စိတ်နာကာ ဆံညှပ်ကလစ်ပိုင်ရှင် အမျိုးသမီးနဲ့ စိတ်သက်သာရာ ရှာနေမှာပေါ့။
တခါတလေ ထိုဆံညှပ်ပိုင်ရှင် အမျိုးသမီးဟာ ဘယ်သူလဲလို့ ကျမ သိပ်သိချင်ခဲ့ပါတယ်။ ယမင်းမဟုတ်တာ သေချာပါတယ်။ တွေ့ပြီးနောက်နေ့မှာ ယမင်းလာအိပ်တော့ ကျမ ခပ်တည်တည်နဲ့ မသိချင်ယောင်ဆောင်ကာ ယမင်း ဆံညှပ်လေး ဟိုနေ့တည်းက အိမ်မှာ ကျန်ခဲ့တယ်ဆိုပြီး ပေးလိုက်ပါတယ်။ ယမင်းက တစ်ချက်ကြည့်ပြီး သူ့ဟာမဟုတ်ဘူးလို့ ငြင်းကာ ဘကြီးဦးဆိုင်က ကောင်မလေးတွေဟာပဲ နေမယ်လို့ ပြောနေပါသေးတယ်။ ယမင်းရဲ့အမူအရာကိုကြည့်ပြီး မလိမ်မှန်းသိနေသလို ဒီဆံညှပ်ပိုင်ရှင်ဟာ ကျမမသိတဲ့ ကို့ရဲ့ဒုတိယမြောက် မိန်းကလေးတစ်ယောက်ပဲ ဖြစ်မှာပါ။ ကို့ကို စိတ်မနာရက်ပါဘူး။ ကိုယ်ချစ်တဲ့၊ ယုံကြည်တန်ဖိုးထားတဲ့သူမှာ နောက်တစ်ယောက်ရှိနေတဲ့ ခံစားချက်ကို ကျမ နားလည်စာနာမိပါပြီ။ တကယ်ဆိုရင် ကျမက ကို့အပေါ်ကို အကြိမ်ကြိမ် အခါခါ သစ္စာပျက်ယွန်းခဲ့တာလေ။
ဒါပေမယ့် ကို့အပေါ် ကျမနားမလည်နိုင်တာက သားလေးအပေါ် ခွဲသွားရက်တာကိုပါ။ ကျမရဲ့ ခွင့်မလွှတ်နိုင်တဲ့ အပြစ်တွေကြောင့်ဆိုရင် ကျမကို ကြိုက်သလို ဒဏ်ခတ်ပါ။ ရိုက်ပါ၊ သတ်ပါ၊ နောက်ဆုံး မိန်းမယုတ်ဆိုပြီး အိမ်ပေါ်ကနေ နှင်ချပါ။ ကျမ ကျေကျေနပ်နပ်ကြီး ခံပါ့မယ်။ ဒါပေမယ့် ကို သိပ်ချစ်တဲ့ သားလေးရဲ့ အဖေလို့ ခေါ်လို့ရတဲ့ နေရာမှာနေပြီး အသိအမှတ်ပြုကာ ဖခင်မေတ္တာတော့ ပေးသင့်ပါတယ်။ အခုတော့ သားလေးက အဖေကို မေးတိုင်း ကျမမှာ အမျိုးမျိုး လှည့်ပတ်ပြောကာ မရေရာတဲ့ အဖြေတွေပဲ ပေးရပါတော့တယ်။ နုငယ်တဲ့ သားလေးအပေါ် ကို့ရဲ့ ပစ်ပယ်နိုင်မှုကို ကျမ တကယ်အံ့ဩပါတယ်။ သားလေးကို ကို ဘယ်လောက် ချစ်တယ်ဆိုတာ ကျမသိနေတော့ ပိုပြီး နားလည်ရ ခက်ပါတယ်။
အခုလို သားလေး ကျောင်းအပ်ရတော့မယ့် အရွယ်မှာ အဖေဆိုတာ လိုလာပြီလေ။ အခြားကလေးတွေလို မစုံ၊ ဖစုံနဲ့ မဟုတ်ရင်တောင် ဒါအဖေ၊ ဒါအမေလို့ ညွှန်ပြနိုင်တဲ့ အခြေအနေမျိုး ရှိသင့်တာပေါ့။ အပြစ်ကင်းတဲ့ သားလေးဘဝဟာ မိုက်လုံးကြီးတဲ့ အမေနဲ့ အဝေးကို ထွက်ပြေးသွားတဲ့ အဖေကြောင့် စိတ်ဒဏ်ရာတွေ ရရတော့မှာပါ။ သားမပြောနဲ့ ကျမလည်း ကို့ကို သတိရနေတာပါပဲ။ အထူးသဖြင့် ဟင်းကောင်းကောင်း ချက်တဲ့နေ့တွေမှာ ကို့ကို ပိုသတိရတယ်။ ဒါပေမယ့် သူလည်း ဟိုအမျိုးသမီးက ကောင်းတာတွေ ချက်ကျွေးမှာပေါ့လို့ တွေးမိတော့ ရင်နာရပြန်တယ်။ ကျမဘက်က ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ ကျူးလွန်ထားပေမယ့် ကို့ကို အခြားတစ်ယောက်နဲ့ တွဲပြီး စိတ်ထဲတွေးမိယုံနဲ့ ခံစားရတာ ဆိုးလွန်းပါတယ်။
ဒီ ၅ လ ၆ လအတွင်းမှာတော့ ကိုသန့်စင်နဲ့ ကင်းကင်းရှင်းရှင်း နေနိုင်ခဲ့ပါတယ်။ ဒါကလည်း ကျမ ဝမ်းနည်းပူဆွေးနေရတဲ့ အချိန်မှာ သူအနေနဲ့ ညီအကို မောင်နှမအရင်းလို ဆက်ဆံပေးလို့ ကျေးဇူးတင်ရပါတယ်။ ရှေ့ပိုင်း လများမှာ ကျမတို့ အိမ်ရဲ့စီးပွားရေးတွေကို သူနဲ့ ဘကြီးဦးတို့ တိုင်ပင်ပြီး အစစအရာရာ လုပ်ပေးကြတာပါ။ တဖြည်းဖြည်းနဲ့ ကျမစိတ်တွေ တည်ငြိမ်လာတဲ့ အချိန်မှာတော့ သူတို့ကို အားနာပြီး ကျမကိုယ်တိုင် တာဝန်ယူကာ ကြိုးစားလုပ်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးအကြောင်း ဘာမှ နားမလည်ခဲ့ဘဲ အစကနေ သင်ယူနေရတဲ့ ကျမအတွက်တော့ မလွယ်လှပါဘူး။ ပွဲရုံကိစ္စတွေကိုတော့ ကိုသန့်စင်ပဲ အများဆုံး ကူညီနေရတုန်းပါပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကုန်သည်ပွဲစား အမျိုးသားတွေနဲ့ ဆက်ဆံရတာ မလွယ်ပါဘူး။ ပြီးတော့ နယ်ဆင်းရမှာမျိုးတွေ ရှိလာရင် ကလေးတစ်ဖက်နဲ့ ကျမက ဘယ်လိုလုပ်နိုင်မှာလဲ။ ဒါကြောင့်ပဲ သူက အစစအရာရာ ဝိုင်းလုပ်ပေးကာ ကျမကို စာရင်းဇယားလောက်ပဲ တာဝန်ယူစေပါတယ်။
ကိုသန့်စင်နဲ့ အတူတူသွားရလာရတဲ့ အခါမျိုးနဲ့ နှစ်ယောက်ထဲ ရှိချိန်မျိုးတွေမှာ သူ့ဘက်က ကျမရဲ့ စိတ်ပင်ပန်းမှုတွေကို ထွေးပွေ့နှစ်သိမ့်ပေးချင်တဲ့ ပုံစံတွေ မြင်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲဒီအပြုအမူတွေကို မြင်တိုင်း ကျမရဲ့ဘဝပျက်ရအောင် ဖြစ်ခဲ့ရပုံတွေကို ပြန်မြင်ယောင်ကာ ကျမရှောင်ရှားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူလည်း အတင်းအကြပ် မလုပ်ဘဲ ကျမကို ကြည်ပြီး စိတ်မကောင်းဖြစ်နေပုံပါပဲ။ သူ့ရဲ့ အကြည့်ဆွေးဆွေးတွေကို ကြုံရတိုင်း ကျမရဲ့ အတိတ်က အမှားတွေက ပြန်ခြောက်လှန့်သလို ခံစားရပါတယ်။ ဒါပေမယ့် သူနဲ့လည်း မကင်းနိုင်သလို သူ့အကူအညီတွေလည်း အများကြီး ယူနေရတာမို့ တစ်ချိန်ချိန်မှာ ပြန်ပြီး မှားဖြစ်ကြမှာကိုလည်း စိုးရိမ်ရပါတယ်။ သူ့ကို အိမ်ထောင်ပြုဖို့ ပြောတိုင်းလည်း လက္မခံသေးတော့ ခက်ပါတယ်။
ဒီကြားထဲမှာ သတင်းစကားတစ်ခုကလည်း ကျမအဖို့ ကြေကွဲရပါတယ်။ တစ်နေ့မှာ ပွဲရုံက ဖောက်သည် ကုန်သည်တစ်ဦးက သတင်းတစ်ခု ပြောလာပါတယ်။ သူရန်ကုန်မှာရောက်တုန်း သူ့သားမှတ်ပုံတင်အတွက် မြို့နယ်တစ်ခုက လ.ဝ.က ရုံးသွားတဲ့အခါ ကိုနဲ့တူတဲ့သူကို တွေ့လိုက်ရတယ်တဲ့။ သူက ကိုမျိုးဝင်းဆိုပြီး လှန်းခေါ်နှုတ်ဆက်တာကို မသိသလိုလုပ်ကာ ကားအကောင်းစား တစ်စီးပေါ် တက်ပြီး မောင်းထွက်သွားတယ်တဲ့။ သူလူမှားတာလည်း ဖြစ်နိုင်သလို ကိုမျိုးဝင်း အမှန်လို့ပဲ သူထင်တဲ့အကြောင်း ပြောပါတယ်။ ကို့ကို တစ်ယောက်တည်း တွေ့တာလား။ တခြားဘယ်သူပါသေးလဲလို့ မေးတာကိုတော့ ထိုကုန်သည်ကြီးက ဆက်ပြောဖို့ အင်တင်တင် ဖြစ်နေပါတယ်။ ဒီလောက်ဆို ကျမ နားလည်ပါပြီ။ ဒါကြောင့်ပဲ ဆက္မမေးတော့ဘဲ အလုပ်အကြောင်းပဲ ဆက်ပြောနေလိုက်ပါတယ်။ သူပြန်သွားမှ ကျမမှာ ရုံးခန်းထဲမှာ ငိုမိရပါတော့တယ်။
ကိုသန့်စင်ရောက်လာတော့ ဒီအဖြစ်တွေကို ပြောပြပြီး ကို့မှာ အခြားမိန်းမတစ်ယောက်နဲ့ နီးနီးကပ်ကပ် ရှိနေတာ မသိဘူးလားလို့ မေးရပါတယ်။ သူက အတန်ကြာ ငြိမ်သက်နေပြီးမှ ကျမ ခံစားရမှာ စိုးလို့ မပြောပြခဲ့တာ တချို့ရှိကြောင်း ပြောလာပါတယ်။ သူပြောပြတာကတော့ သူသေချာ မသိပေမယ့် ကို ထွက်သွားပြီးမှ ပွဲရုံမှာ စုံစမ်းကြည့်တဲ့အခါ ရန်ကုန်က အမျိုးသမီးချောချောတစ်ယောက် အရောင်းအဝယ်ကိစ္စနဲ့ ၄၊ ၅ ခါလောက် လာတတ်ကြောင်း သိရတယ်တဲ့။ လာတိုင်းလည်း အပြင်ကို အတူတူ ထွက်တတ်တယ်။ တစ်ခုပိုသိရတာက နယ်ဘက်ကို အလုပ်ကိစ္စနဲ့ အဲဒီအမျိုးသမီးနဲ့ သွားဖူးကြောင်း သိရတယ်တဲ့။ ဒါပေမယ့် ဒီအမျိုးသမီးရဲ့ နာမည်ကိုတောင် ပွဲရုံက လူတွေ မသိတဲ့အကြောင်း ကျမကို ပြောပြလာပါတယ်။ ရန်ကုန် ဘုရင့်နောင် ပွဲရုံတန်းက သူဌေးတစ်ဦး မိတ်ဆက်ပေးလို့ ကို့ဆီ ရောက်လာကြောင်းပဲ သိရပါတယ်။
ကျမလည်း သားလေးမျက်နှာကို ပြန်မြင်မိပြီး ဒီကိစ္စတွေကို ဘယ်သူ့မှ မပြောဖို့ ပိတ်ထားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကို ပြန်လာဖို့ ကျမ မမျှော်လင့်တော့ပါဘူး။ ကျမလို အမိုက္မနဲ့ ဝေးရာမှာ ကို ဘဝသစ်ထူထောင်သွားပြီလို့ပဲ မှတ်လိုက်ပါတော့တယ်။ ဒါပေမယ့် သူအချစ်ဆုံး သားလေးကို ငဲ့ညှာပြီး သားလေးဆီ လာတွေ့မလားဆိုတဲ့ မျှော်လင့်ချက်ဟာလည်း ဖြစ်မလာခဲ့ပါဘူး။ သူ့ဘဝသစ်မှာ ပျော်နေလို့ သားလေးကို လာမတွေ့တာပဲဆိုတဲ့ အတွေးက ကျမကို ရင်နာလာစေပါတယ်။ ကျမအသက် ၂၄ နှစ်လောက္မှာပဲ တစ်ခုလပ် ကလေးအမေတစ်ယောက် ဖြစ်ခဲ့ရပါပြီ။
ဒီကြားထဲမှာ ကိုသန့်စင်ကလည်း ကျမနဲ့ အရင်လို ပြန်နေချင်လာပါတယ်။ တစ်ခါကဆိုရင် နှစ်ယောက်ထဲရှိတုန်း သူပွင့်ပွင့်လင်းလင်း တောင်းဆိုလာပါတယ်။ အမှန်ပြောရရင် ကျမရဲ့ သွေးသားတွေကလည်း လိုအပ်နေပါပြီ။ အိပ်ယာထက် ချစ်စခန်းဖွင့်ရခြင်းတွေ မရှိတော့တာ ရှစ်လကျော်ပြီလေ။ ဒါပေမယ့် ဒီရမ္မက်တွေကြောင့်ပဲ ဒုက္ခရောက်ခဲ့ရတာမို့ ဒါတွေကို ပြန်စဖို့ ကျမ လန့်နေပါပြီ။ ဒီနောက်ပိုင်း လတွေမှာ ကျမစိတ်ဖြစ်လာလို့ရှိရင် ကိုယ့်ဟာကိုယ် အာသာဖြေကာပဲ ဖြေသိမ့်လိုက်ပါတော့တယ်။ သူကတော့ ကောင်းကောင်းကြီး စားဖူးခဲ့တာဆိုတော့ ထပ်ပြီး လိုချင်တာ မဆန်းပါဘူး။ ကျမဘက်က ဖြစ်ခဲ့တာတွေကို ပြန်ဆင်ခြင်ပြီး ထပ်မစဖို့ပြောကာ ရှောင်ရပါတော့တယ်။
ဒါပေမယ့် ကာမဘုံသားတွေ ဖြစ်တဲ့ ကျမအဖို့ သူ့ကို ငြင်းဆန်ရတာ တဖြည်းဖြည်း ခက်လာပါတယ်။ သူကလည်း အရှက်ကုန်အောင် သောင်းကြမ်းခဲ့တဲ့ ကျမ လင်ငယ် ဖြစ်ခဲ့တာလေ။ အခုကပိုပြီး အနေနီးစပ်လာသလို၊ အခွင့်အခါတွေလည်း ပိုသင့်လာတော့ တချိန်ချိန်မှာ ပြန်ပြီး ငြိစွန်းကြဖို့ သေချာသလောက်ပါ။ ကျမမှာ ကို့ရဲ့ မျက်နှာကို ထောက်စရာ မလိုတော့ပေမယ့် သားလေးရဲ့မျက်နှာကို ထောက်ပြီး ထပ်မမှားဖို့ အားတင်းထားရတာပါ။ ဒါပေမယ့် အရွယ်ကောင်း ဖိုမနှစ်ဦးရဲ့ ရမ္မက်လိုအပ်ချက်တွေဟာ ပေါက်ကွဲတော့မယ့် မီးတောင်နှစ်လုံးလိုပါပဲ။ အထူးသဖြင့် မိန်းမသဘာဝအရ စိတ်ထလာတတ်တဲ့ ရက္မျိုးတွေမှာ တစ်ခုခု လိုအပ်နေတဲ့ ခံစားမှုမျိုးကြောင့် နေရခက်လှပါတယ်။ ဒီလိုနေ့မျိုးတွေမှာ မနေနိုင်လို့ ကိုယ့်ဟာကိုယ် လက်နဲ့ အာသာဖြေမိရင် အရင်က အလိုးခံခဲ့ရပုံတွေကို ပြန်မှန်းကာ ဖြေဖျောက္မိတာမျိုးတွေ ရှိပါတယ်။ ကာမခရီးလမ်းကို ကမ်းကုန်အောင် လျောက်လှမ်းဖူးသူမို့ ထိုအရသာတွေအပေါ် တက္မက္မှုကလည်း အားကြီးလွန်းနေပါတယ်။
အပိုင်း ၂၀ ဆက်ရန်
Comments
Post a Comment