Skip to main content

ကွေ့ကောက်သော မြစ်အလယ် ဒုတိယတွဲ အပိုင်း ၃၃

 ကွေ့ကောက်သော မြစ်အလယ် ဒုတိယတွဲ အပိုင်း ၃၃

ယမင်းဆိုတာ သိပ်လှတဲ့ မင်းသမီးရုပ်လေးပေါ့။ ကျမ မိဘတွေက သူတို့ ဆင်းရဲချို့တဲ့ပေမယ့် ကျမကို လှလှပပနဲ့ မင်းသမီးလေးလို နေစေချင်လို့ ဒီနာမည်ပေးခဲ့တာ နေမှာပါ။ ဒါပေမယ့် အဖေနဲ့ အမေ ပေးခဲ့တဲ့ နာမည်က ကြိုးဆွဲ ရုပ်သေး မင်းသမီးလေး မဟုတ်ပါလား။

                 ကြိုးဆွဲရာ လိုက်ပါကရတဲ့ ယမင်းရုပ်လေးဟာ အမြင်မှာ လှပ တင့်တယ်ပေမယ့် ခံစားတတ်တဲ့ နှလုံးသားတော့ ဘယ်ရှိမှာလဲလေ။ ကျမမှာတော့ ခံစားတတ်တဲ့ နှလုံးသားရှိနေတယ်လေ။ ဒီ ခံစားတတ်တဲ့ နှလုံးသား​ကြောင့်ပဲ နာကျင်ခြင်းဆိုတာကိုလည်း ခံစားသိရှိလာရတာပါ။

                တကယ်ဆိုရင်လည်း ကျမ ဘဝဟာ နှလုံးသားနဲ့ စေစားရာအတိုင်း မလိုက်ပါနိုင်ခဲ့ပါဘူး။ သက္မဲ့ ယမင်းရုပ်လေးနဲ့ မခြားတဲ့ ဘဝကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ ကျမ တစ်သတ်လုံး ချစ်ခင်ခြင်းဆိုတဲ့ နှလုံးသားကို တစ်ခါဖူးမျှ ဖွင့်ထုတ်မပြနိုင်ခဲ့ပါဘူး။

               ကျမအပေါ် အစစအရာရာ ကောင်းခဲ့သလို၊ ကျမဘက်ကလည်း တိတ်တခိုး ချစ်ခဲ့ရတဲ့ ကိုကြီးကိုလည်း ကျမအချစ်တွေ ဖွင့်ထုတ်ပြနိုင်ခွင့် မရခဲ့ဘူးလေ။ ကိုကြီးအပေါ် ချစ်ခင်တွယ်တာမှုတွေကို ကိုကြီး မိန်းမ၊ မမကြည်ပြာအပေါ် ထပ်တိုး ချစ်ခင်တွယ်တာရင်းပဲ ဖြေသိမ့်ခဲ့ရပါတယ်။ နောက်ပိုင်း ခေတ်လေးမွေးလာတော့လည်း ကိုကြီးနဲ့ မမရဲ့ ရင်သွေးလေးမို့ ကျမ အချစ်ပိုခဲ့ရတာပါပဲ။

               ဒီလိုနဲ့ ကိုကြီးဟာ မမကြည်ပြာနဲ့ ကျမတို့ ဘဝတွေထဲကနေ အကြောင်းအရင်းသေချာ မသိဘဲ ရှောင်ပုန်းပျောက်ကွယ်သွားလို့ ဝမ်းနည်းခဲ့ရပါသေးတယ်။ ကိုကြီး ထွက်သွားပြီးနောက္မှာ ကျမ ဘဝအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လမ်းကို အားလုံးရဲ့ လမ်းပြတိုက်တွန်းမှုနဲ့ လျောက်လှမ်းဖို့ ရွေးချယ်ခဲ့ပါတယ်။

               ကိုသန့်စင်ကို ရွေးချယ်ခဲ့တာကို ကျမဘဝအတွက် မှန်တယ်လို့ ထင်ပါတယ်။ သူဟာ ကျမနဲ့ အိမ်ထောင်ကျပြီးကတည်းက ယောက်ျားကောင်း ပီသခဲ့သူပါ။ ပြီးတော့ အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့ ကျမ မိဘတွေအပေါ်မှာလည်း ကောင်းခဲ့ပါတယ်။

               ကိုသန့်စင်ရဲ့ အိမ်မှာ လိုက်နေရပေမယ့် ကျမ မျက်နှာတစ်ချက် မညှိုးရအောင် သူထားခဲ့ပါတယ်။ အထူးသဖြင့် ကျန်းမာရေး ဆိုးရွားလာတဲ့ ကျမ အမေအပေါ် ငွေကြေးများစွာ အကုန်အကျခံကာ ဂရုစိုက် စောင့်ရှောက်ပေးလို့လည်း သူ့ကို ကျေးဇူးတင် အားကိုးမိပါတယ်။

                ပြီးတော့ လင်မယား ဖိုမကိစ္စမှာလည်း ယောက်ျားကောင်း ပီသသူပါ။ ယောက်ျားကောင်း ပီသတယ်ဆိုတာထက်ကို ပိုတဲ့သူပါ။ တစ်ခါတလေဆိုရင် သူ့ရဲ့အားကြီးမှုတွေနဲ့ အထပ်ထပ်အခါခါ လိုချင်မှုတွေကို လန့်ရတဲ့အထိပါပဲ။ ညားကာစမှ သူ့ဒဏ်တွေ ကျမ တော်တော်ခံလိုက်ရတာပါ။

               ဖိုမ တစ်ဦးနဲ့ တစ်ဦး ကိုယ်ခန္ဓာချင်း နှီးနွယ်ဆက်စပ်ပြီး အထိအတွေ့ ခံစားမှုတွေဆီကနေ တသိမ့်သိမ့် ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီလို ရင်ခုန်စိတ်လှုပ်ရှားရာကနေ အထွဋ်အထိပ် အရသာရှိရတဲ့ ကာမမှုကို ကျမလည်း စွဲလမ်းခဲ့ရပါတယ်။ သူ့ကြောင့် မရဖူးတဲ့ အရသာထူးတွေ ရရှိခဲ့ပြီး၊ ထိုအရသာအပေါ် စွဲလမ်းခဲ့ရပါတယ်။


ဒီလို အရသာတွေ ပေးစွမ်းခဲ့တဲ့ သူ့ကိုလည်း မယားကောင်းတစ်ဦး ပီသစွာ နေထိုင် ဖြည့်ဆည်း ပြုစုပေးခဲ့ပါတယ်။ သူ့အပေါ်လည်း လင်သားတစ်ဦးအဖြစ် အားကိုးယုံကြည်ပြီး ပျော်ရွှင်ခဲ့ရပါတယ်။ သူ့အပေါ် အားကိုးယုံကြည်ပြီး ဂရုစိုက် ဖြည့်ဆည်းပေးခဲ့တာတွေက ကာမမှု ကိစ္စသာယာမှု သတ်သတ်ကြောင့်တော့ မဟုတ်ပါဘူး။

                အထက် မှာ ပြောခဲ့သလို သူဟာ ကျမဘဝအတွက်တင် မကဘဲ ကျမမိဘတွေ ဘဝကိုပါ စောင့်ရှောက်ကူညီပေးခဲ့တာတွေကြောင့်လည်း ပါပါတယ်။ တစ်သတ်လုံး ချို့တဲ့ပြီး ကိုကြီးတို့ မိသားစု ကူညီမှုဖေးမမှုကြောင့်သာ လူတန်းစေ့ နေနိုင်ခဲ့တဲ့ ကျမ မိဘတွေပါ။ မိဘတွေ အသက်ကြီးချိန်မှာ ကိုသန့်စင်ရဲ့ ကူညီစောင့်ရှောက် မှုကြောင့် ကျမ ကြည်နူးဝမ်းသာခဲ့ရပါတယ်။ သူ့အပေါ် ဒီကိစ္စအတွက် တော်တော်ကျေးဇူးတင် အားကိုးမိပါတယ်။

                ပြီးတော့ ကျမ နဲ့ ညားကတည်းက ကျမအပေါ် ဂရုစိုက် ချစ်ခင်ယုယပေးခဲ့လို့လည်း သူ့ကို ကျေးဇူးတင်ရပါတယ်။ အိပ်ရာထက် ကိစ္စတွေနဲ့ ရမ္မက်အာသာကြီးမှုတွေကတော့ လင်မယားကြားမှာ ကြုံတွေ့ရင်ဆိုင်ရမယ့် ကိစ္စတွေလို့ ကျမ လက်ခံထားပေးတာပါ။

                သူ့ကြောင့် နာကျင်မှုတွေဆီကနေ တက်လှမ်းလာမယ့် အရသာကောင်းတွေကလည်း တနင့်တပိုးကိုး။ ဒီတော့လည်း ကျမမှာ သူ့ဆန္ဒရှိသမျှကို ဖြည့်ဆည်းပြုစုပေးရင်း ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျမအနေနဲ့ သူ့အပေါ် အားနာနေမိပြီး အနေရခက်ရတဲ့ အကြောင်း နှစ်ချက်လည်း ရှိခဲ့ရပါတယ်။

                ပထမ ကိစ္စကတော့ ဖိုမ ကိစ္စပါပဲ။ ကျမဟာ ငယ်ငယ်ကတည်းက နူးညံ့စွာ နေခဲ့ရတာပါ။ ချို့တဲ့ပေမယ့် မိဘတွေက ကြမ်းတမ်းတဲ့ အလုပ်တွေ မခိုင်းစေခဲ့ပါ။ ကိုကြီးကလည်း ကျမ အပျိုဖော် ဝင်ကတည်းက အပြင်ထွက် အလုပ်လုပ်မယ် ဆိုတာတောင် ခွင့်မပြုခဲ့ဘူးလေ။

                အဲဒီလို နုနုငယ်ငယ် နေခဲ့ရတဲ့ ကျမဟာ ကိုသန့်စင်ရဲ့ ကြီးမားပြင်းထန်တဲ့ ရမ္မက်ဆန္ဒတွေကို အမှီမလိုက်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်လင်ယောက်ျားရဲ့ အလိုဆန္ဒကို မဖြည့်ဆည်းပေးလို့မှ မရတာရှင်။ သူ့ဆန္ဒတွေအပေါ် မျက်ရည်ဝဲအောင် အံကြိတ်တင်းခံရင်း ဖြည့်ဆည်းပေးခဲ့ပါတယ်။

                 ဒါပေမယ့် အကြိမ်ကြိမ်ဆိုရင် ကျမရဲ့ နာကျင်ခံခက်ရမှုတွေကို မအောင့်အီးနိုင်တော့လို့ တောင်းပန်ယူတဲ့အထိပါ။ ကျမဘက်က ဘယ်လောက်ပဲ ဖြည့်ဆည်းပြုစုပါစေ သူ့ဆန္ဒအကုန် ပြည့်မှီအောင်တော့ မဖြည့်ဆည်းနိုင်တာကိုလည်း ကျမသိပါတယ်။ အထူးသဖြင့် အခံရခက်လွန်းလှတဲ့ နောက်ပေါက်ကိစ္စနဲ့ ဘီလူးသရဲစီးသလို ကြမ်းတမ်းခက်ထန်မှုတွေကို ကျမ မခံနိုင်ပါဘူး။

                 ဒါပေမယ့် ကျမ မငြင်းဆန်ဘဲ သူအလိုရှိတိုင်း ခံနိုင်တာထက် ပိုပြီး ဖြည့်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူလည်း ကျမ မခံနိုင်တာကို သိတော့ နောက်ပိုင်း သိပ်မကြမ်းတော့ပါဘူးရှင်။ အဲဒီအတွက် သူ့ကို ကျေးဇူးတင်ပေမယ့် သူ့ဆန္ဒရှိသလောက်ကို လိုက်ပါမဖြည့်ဆည်းနိုင်တဲ့ အတွက်လည်း အားနာစိတ်မကောင်း ဖြစ်ရပါတယ်။

               ဒါပေမယ့် သမီးကိုယ်ဝန် မရှိခင်အချိန်အထိ ကျမဟာ သူဆန္ဒရှိတိုင်း အိမ်ရဲ့နေရာစုံမှာ ပုံစံစုံနဲ့ အချစ်ပွဲ အလီလီ လွှဲခဲ့ကြတာပါ။ သူ့အလိုကို အကုန်မပေးနိုင်တာက လွဲလို့ ကျမကို အကောင်းဆုံး အရသာတွေ ပေးခဲ့တဲ့ သူနဲ့ ရမ္မက်ထန် အချစ်ပွဲတွေ နွှဲရင်း ပျော်ရွှင်ကြည်နူးရတဲ့ အိမ်ထောင်ရေး နေ့ရက်တွေ ဖြစ်ခဲ့ကြပါတယ်။

                 နောက်ထပ် သူ့အပေါ် အားနာစိုးရွံ့ရတာက ကျမရဲ့ ရင်တွင်းခံစားချက်ကြောင့်ပါ။ ကိုသန့်စင်အပေါ် ကျမ ယုံကြည်အားကိုးပြီး သံယောဇဥ္ ရှိပါတယ်။ ကျမရဲ့ ကျေးဇူးရှင် လင်သားတစ်ဦးအဖြစ် အမြဲနှလုံးသွင်းပြီး ကန်တော့ အိပ်တာပါ။ ဒါပေမယ့် ကျမ နှလုံးသားမှာ ဆေးမင်ကြောင်ထိုးသလို စွဲမြဲထင်ကျန် တည်ရှိနေတဲ့ ကိုကြီးကို မေ့ပျောက်ဖြစ်ဖို့ မတတ်နိုင်ခဲ့ဘူးရှင်။

                 အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဟာ အခြားယောက်ျားသားတစ်ဦးကို သတိရ တမ်းတနေတာက အိမ်ထောင်ရေးမှာ အကြီးမားဆုံး အပြစ်တစ်ခုကို ကျူးလွန်နေမိတာမှန်း ကျမသိပါတယ်။ ဒါကြောင့်ပဲ ကိုကြီးကို မေ့ပျောက်ဖို့ ကြိုးစားရင်း သတိပိုရအောင် နှိုးဆွပေးသလို ဖြစ်နေရပါတယ်။

ဒါကလည်း ငယ်စဥ္ကတည်းက အကိုတစ်ယောက်လို အားကိုးယုံကြည်ပြီး ခင်မင်တွယ်တာခဲ့ရတာ မဟုတ်ပါလား။ အကိုတစ်ယောက်လို ချစ်ခင်တွယ်တာမှုတွေကနေ သန္ဓေတည် ပေါက်ဖွားလာတဲ့ ချစ်ခင်မြတ်နိုးမှုရဲ့ ထုထည်က ပိုမိုခိုင်မာ အားကောင်းစေတယ် မဟုတ်ပါလား။

                 ဒါကြောင့်ပဲ ရုတ်တရတ် ထွက်ခွာပျောက်ဆုံးသွားတဲ့ ကိုကြီးတစ်ယောက် အစဥ္မှ ပြေရဲ့လား၊ နေမှကောင်းရဲ့လား စတဲ့ သတိရစိုးရိမ်မှုတွေကို မတားဆီးနိုင်တာ သဘာဝကျမှာပါ။ ဒါပေမယ့် လင်မယား အိပ်ရာထက် မှာဆက်ဆံနေချိန်မျိုးမှာ ကိုကြီး မျက်နှာ ချောချောလေးကို ဖျက်ခနဲ မြင်ယောင် ကြည်နူးမိတာကတော့ ကျမအတွင်းစိတ်ရဲ့ မသန့်ရှင်းမှုတွေကြောင့်ပါ။

                  ကိုသန့်စင်နဲ့ ဆက်ဆံချိန်မှာ ကျမအတွေးထဲ ကိုကြီးပုံဟန် ဝင်လာတိုင်း အပြစ်တစ်ခုလို ခံစားရကာ အတင်း မေ့ဖျောက်ပစ်ရပါတယ်။ အဲဒီလို ကိုကြီးကို ကျမအတွေးထဲက မောင်းထုတ်ရတိုင်းမှာလည်း ကျမရင်ထဲ ဝမ်းနည်းသလို ခံစားရပြန်ပါတယ်။ သေချာတာကတော့ ကျမ မကောင်းပါဘူး။

                 တစ်ဦးကို စိတ်ထဲရှိချိန် တစ်ဦးကို အပြစ်ကျူးလွန်နေမိပြီး၊ ထိုသူကို အတွေးထဲက မောင်းထုတ်မိချိန် ဝမ်းနည်းခံစားရနေရတာဟာ ဘယ်လို ကောင်းနိုင်ပါ့မလဲရှင်။ သင့်တော်ပါ့မလား။ ကျမ နှလုံးသားထဲက တိတ်တခိုး ချစ်ခင်မြတ်နိုးရသူ ကိုကြီးနဲ့ ကျမရဲ့ ကာမပိုင် ကျေးဇူးရှင် ကိုသန့်စင်တို့အကြား လွန်ဆွဲရုန်းထိုးနေရင်း ချောင်ပိတ်မိနေရတဲ့ အဖြစ်ပါ။

                 ကိုကြီးအပေါ် သတိရတမ်းတစိတ်နဲ့အတူ ကိုသန့်စင်အပေါ် အပြစ်ကျူးလွန်နေမိရင်းပဲ ကျမရဲ့ အိမ်ထောင်ရေးနေ့ရက်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါက ကိုသန့်စင်အပေါ် ကျမရဲ့ အားနာရှက်ရွံ့ပြီး စိတ်မကောင်းဖြစ်ရတဲ့ ဒုတိယအချက်ဖြစ်ပါတယ်။

                  ဒါကတော့ သမီးမမွေးဖွားခင် အိမ်ထောင်ရေး အစအဦး နှစ်အပိုင်းအခြားမှာ ကျမ ရင်တွင်း ခံစားချက်တွေပါ။ ရွှေရောင်နေ့ရက်တွေလို့ ဆိုရပါမယ်။ အခုဆက်ပြီး ပြောပြမှာက ရွှေရောင်နေ့ရက်တွေ ပျက်စီးပျောက်ကွယ်ခဲ့ရပြီး ရင်နှင့်အမျှ ခံစားခဲ့ရတဲ့ အကြောင်းတွေပါပဲ။

                 တစ်နည်းအားဖြင့် ကျမရဲ့ ပျော်ရွှင်မှုတွေ ဆိတ်သုန်းခဲ့ရပြီး၊ နာကျင်ကြေကွဲကာ ဝမ်းနည်းရခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ နှမြောရခြင်းစသည့် ခံစားချက် များဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းများ ဖြစ်ပါတယ်။ ဒီလို နှစ်များစွာ ခံစားနာကျင်ခဲ့ရတာမှ အစပြုကာ အခုချိန်မှာတော့ မုန်းတီးရတဲ့အထိ ဖြစ်စေခဲ့ရပါတယ်။

                   ဒီဇာတ်လမ်းရဲ့ အစကတော့ ကျမ ကလေး မီးဖွားပြီး တစ်လလောက် မှာ စခဲ့တာပါ။ အစကတော့ ကျမလည်း သတိမထားမိပါဘူး။ တစ်နေ့ ကိုသန့်စင် ပြန်အလာမှာ သူ့အင်္ကျီကို လျော်ဖို့ ကျမ လဲခိုင်းခဲ့ပါတယ်။ ဒီမှာတင် သူ့အင်္ကျီပေါ်ကနေ ကျမနဲ့ ရင်းနှီးနေတဲ့ အနံ့အသက်တစ်ခု ရရှိခဲ့ပါတယ်။ ဒါကတော့ ကျမ သုံးနေကျ ရေမွှေးနံ့ပါပဲ။

                 ဒါပေမယ့် ကျမမှ ရေမွှေးမသုံးဖြစ်တာ ကြာပြီလေ။ သမီး ကိုယ်ဝန်ရင့်ကတည်းက မသုံးခဲ့တာ ဖြစ်သလို မွေးပြီးမှလည်း မသုံးပါဘူး။ ရေမွှေးနံ့ရဲ့ ပြင်းပြမှုကို လသားအရွယ် သမီးက ဘယ်ခံနိုင်ပါ့မလဲ။ သေချာတာကတော့ ဒီရေမွှေးအနံ့ဟာ ကျမဆီက မဟုတ်ပါဘူး။ ဒါဆို ဘယ်သူ့ဆီကလဲ ?


ကျမ ရေမွှေးကို ကိုသန့်စင် မစွတ်တတ်ပါ။ သေချာအောင် ပြန်ကြည့်တော့ သုံးနေကျ ရေမွှေးပုလင်းက ဘီဒိုထဲမှာ သိမ်းထားတဲ့ အတိုင်းပါပဲ။ ကိုယ်ဝန်ရင့်ကတည်းက အနံ့ပြင်းပြင်းတွေ မခံချင်တာမို့ သေချာထုတ်ပိုးပြီး အတွင်းထဲမှာ သိမ်းထားတဲ့အတိုင်း ပြန်တွေ့ရတာပါ။ ဒါဆိုရင် ကိုသန့်စင်အင်္ကျီမှာ စွဲနေတဲ့ ရေမွှေးနံ့ဟာ အိမ်က ရေမွှေးပုလင်းနဲ့ မသတ်ဆိုင်တာ သေချာပါတော့တယ်။

                 ဒါဆို ဒီအနံ့ ဘယ်လိုရောက်လာတာလဲ။ ဘယ်သူ့ဆီကလဲ ? ဘယ်သူ့ဆီကလဲလို့ တွေးမိလိုက်ချိန် ကျမ ခေါင်းတစ်ခုလုံး ထူပူသွားရပါတယ်။ အတင်းပင် ခေါင်းခါပြီး ဝင်လာတဲ့ အတွေးဆိုးကို မောင်းထုတ်ပစ်လိုက် မိပါတယ်။ ဒီအတွေးက ကျမ ခေါင်းထဲကို မဝင်သင့်တဲ့ အတွေးဆိုးပါပဲ။

                 ဒီအတွေးဆိုးကတော့ မမကြည်ပြာရဲ့ မျက်နှာကို ပြေးမြင်မိလို့ပါ။ ဒါကလည်း ရေမွှေးကြောင့်ပါပဲ။ မမက ကျမအပျိုဘဝကတည်းက လှလှပပ နေစေ၊ ဝတ်စေချင်လို့ အဝတ်အစားကအစ အသုံးအဆောင်ပစ္စည်းတွေ အစုံ ဝယ်ပေးတတ်ပါတယ်။ မမက သူ့အတွက်အသစ်ဝယ်တိုင်း ကျမအတွက် တစ်စုံဆီ အပိုဝယ်ကာ လက်ဆောင်ပေးတတ်သူပါ။

                 ကျမက တန်ဖိုးကြီးမှန်းသိလို့ နှမြောပြီး မသုံးရက်ပါ။ မသုံးရင် ကိုကြီးနဲ့ မမက အမြဲဆူနေကျလေ။ ဒါကြောင့်ပဲ ကျမမှာ သုံးပေးခဲ့ရတယ် မဟုတ်ပါလား။ အဲဒီလိုအမြဲမပြတ် ဝယ်ပေးခဲ့တဲ့ အသုံးအဆောင်တွေမှာ ဟောဒီရေမွှေးတံဆိပ်လည်း တစ်ခုအပါအဝင်ပါ။ ဒီရေမွှေးက မမကိုယ်တိုင် ကြိုက်လို့ အမြဲသုံးသလို ကျမကိုလည်း သုံးစေချင်လို့ သေချာဝယ်ပေးနေကျပါ။

                 ကျမ အိမ်ထောင်ကျပြီးတဲ့အထိ မမကသာ သတိတရ ဝယ်ပေးတတ်တာလေ။ ဒီရေမွှေးအနံ့ကို မမကော ကျမကော ကြိုက်လို့ စွဲစွဲမြဲမြဲ သုံးခဲ့တာပါ။ အခုလည်း ဒီအမွှေးနံ့ကိုရပြီး ကျမ မျက်လုံးထဲ မမကို ပြေးမြင်မိပါတယ်။ မမြင်သင့်၊ မတွေးသင့်တာကို တွေးမြင်မိလို့ မမကို အားနာမိပါတယ်။ ဒီရေမွှေးကလည်း လူတိုင်းသုံးနိုင်တာပဲလေ။ အခြားတစ်ယောက်ယောက်ဆီက ဖြစ်မှာပါ။

                အဲဒီအချိန်က စပြီး ကိုသန့်စင်အပေါ် သံသယဝင်ခဲ့ပါတယ်။ အရင်ကတည်းက သူ့အင်္ကျီမှာ ဒီအနံ့မျိုး ရတတ်သလားဆိုတာ သတိမပြုမိခဲ့ပါဘူး။ အရင်ကတော့ ကျမလည်း သုံးတာကိုး။ ကိုယ်ဝန်ရင့်ချိန်ကစပြီး မသုံးမိသလို သတိလည်း မထားမိခဲ့ပါဘူး။ မွေးဖွားပြီးတော့လည်း ဆေးနံ့အစရှိတဲ့ အနံ့တွေ နှာခေါင်းမှာစွဲနေတော့ သတိမပြုမိခဲ့ပါ။

                အခုမှ သတိပြုမိတာ ဖြစ်သလို၊ စိတ်အထင်နဲ့ လင်ယောက်ျားကို မစွတ်စွဲချင်တာမို့ ကျမ မသိချင်ယောင်ပဲ ဆောင်နေခဲ့လိုက်ပါတယ်။ ကျမ ငယ်စဥ္ကတည်းက အနံ့အသက်များနဲ့ ပတ်သတ်ရင် အနံ့ခံကောင်းခဲ့ပါတယ်။ အဖေကတော့ ချစ်စနိုးနဲ့ ခွေးမလေးလို့ အမြဲစနောက်တတ်ပါတယ်။

                ဒီလို အနံ့ခံကောင်းလို့လည်း တစ်ခါက ကိုကြီး အလုပ်ခန်းထဲမှာ ရေမွှေးနံ့ စူးစူးရလို့ ကိုကြီးအပေါ် သံသယဝင်ကာ မမအတွက် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ရဖူးတယ်လေ။ အဲတုန်းကလည်း အဖေက ကိုကြီးအပေါ် သံသယဝင်ရပါ့မလားလို့ အဆူခံခဲ့ရပါသေးတယ်။


အခုလည်း ဒီအနံ့ခံ အာရုံကြောင့် ကိုသန့်စင်အပေါ် သံသယဝင်နေဖြစ်ပြန်ပါပြီ။ ဒါပေမယ့် သံသယဝင်သွားပြီမို့ စိတ်ထဲ စနိုးစနောင့် ဖြစ်ရတာပေါ့ရှင်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ ကိုသန့်စင်အပေါ် သတိထား စောင်ကြည့်လာမိပါတော့တယ်။

                 ဒီမှာတင် ကျမသိလိုက်ရတာက ဒီရေမွှေးနံ့ဟာ သူ့အင်္ကျီမှာ နေ့တိုင်း စွဲထင်နေတာမျိုး မဟုတ်ပါဘူး။ တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်သာ စွဲထင်နေတတ်တာပါ။ ဒီလိုရတော့လည်း ကျမရင်တွေ ပိုပူလောင်ကာ ဆောက်တည်ရာမရ ဖြစ်ရပါတယ်။

                မိမိ အားကိုးယုံကြည်နေရတဲ့ လင်ယောက်ျားဆီမှာ အမျိုးသမီး တစ်ယောက်ဆီက ဖြစ်နိုင်တဲ့ ရေမွှေးနံ့ ရရှိနေတာဟာ ကျမ မိသားစု ဘဝလေးအတွက် စိုးရိမ်ပူပန်မှု ဖြစ်ရတာပေါ့။ ကျမအတွက်တင်မကဘဲ သမီးလေးအတွက်ပါ တွေးပြီး ပူပန်ရပါပြီ။ ဒီအပူမီးဟာ ကျမကို တမြေ့မြေ့ လောင်ကျွမ်းလာစေပါတယ်။

                တဖက် မှာလည်း ကိုသန့်စင်က ကျမနဲ့ သမီးလေးအပေါ် ဂရုစိုက် မပျက်ပါဘူး။ သမီးကိုလည်း သိပ်ချစ်ပြီး ဂရုစိုက်တာကို တွေ့ရပါတယ်။ ကိုယ်ဝန်ကြောင့် လင်မယား အိပ်ရာထက် ကိစ္စတွေ ဝေးကွာလာချိန်မှာ သူ့ဆန္ဒဖြေဖျောက်နိုင်ဖို့ မိန်းမတစ်ယောက်ယောက်နဲ့များ ပတ်သတ်နေသလား။

               ကလေးမွေးပြီး ၄၅ ရက်ပြည့်တော့လည်း ကျမနဲ့ အိပ်ရာထက် လင်မယားကိစ္စတွေ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့အပေါ် သံသယတွေ ဝင်နေခဲ့တာကြောင့် သာယာမှုကို ကျမ မခံစားရပါဘူး။ တကယ်ဆိုရင် ကာမကိစ္စတွေ ဝေးကွာနေတာ ကြာနေပြီမို့ မီးကုန်ယမ်းကုန် ဖြစ်သင့်ပါတယ်။

               အခုတော့ သာမာန်ဖြစ်ရိုးဖြစ်စဥ္ သဘောမျိုးသာ ဖြစ်ခဲ့ရပါတယ်။ သူ့ဘက်ကလည်း အသဲအသန်ကြီး ဖြစ်နေတာမျိုး မတွေ့ရပါဘူး။ ဒါဟာ သူ့ကို ကျမ မပေးနိုင်တဲ့ အချိန်မှာ အခြားဖြေဖျောက်စရာ မိန်းမတစ်ဦး ရှိနေခဲ့လို့ပဲ ဖြစ်မှာပါ။ ဒါတွေကပဲ ကျမ သံသယစိတ်ကို ပိုခိုင်မာလာစေပါတယ်။

                 သံသယစိတ်တွေနဲ့ ပူလောင်နေတဲ့ ကျမအတွက် ဝမ်းနည်းယူကျုံးမရဖြစ်ရမယ့် အဖြစ်တွေ ဆက်ကြုံရပါတယ်။ ရေမွှေးနံ့ရတဲ့ နေ့တွေနဲ့ ပတ်သတ်ပြီး သတိထားမိသွားတဲ့ အချက်တစ်ချက်ကြောင့် ကျမ ရင်တွေ ပိုပူလောင်ခဲ့ရပါတော့တယ်။

                 ရေမွှေးနံ့ရတဲ့ နေ့တွေဟာ မမကြည်ပြာဆီ ပွဲရုံစာရင်းတွေ သွားရှင်းတဲ့ နေ့တွေ ဖြစ်နေလို့ပါပဲ။ အရင်ကတော့ အဲဒီနေ့တွေမှာ ကျမလည်း ပါတတ်ပါတယ်။ ကိုယ်ဝန်ရင့်ချိန်နဲ့ မွေးဖွားပြီးတော့မှသာ မလိုက်ဖြစ်တော့တာပါ။ ဒါဆို ကိုသန့်စင်နဲ့ မမနဲ့...... အို ...... ကျမ ရှေ့ဆက် မတွေးရဲတော့ပါဘူး။

                အမတစ်ယောက်လို ကျမ အားကိုးယုံကြည် ချစ်ခင်ရတဲ့ မမနဲ့ ကျမကျေးဇူးရှင် လင်ယောက်ျားတို့ ကျမရဲ့ကွယ်ရာမှာ ဖောက်ပြန်နေကြသလား ? ထိုသို့ အတွေးဝင်ရုံနဲ့ ကျမရင်ထဲ တဆက်ဆက်တုန်ခါကာ ရင်ဘက်ကြီး ပွင့်ထွက်သွားသလို ခံစားနာကျင်သွားရပါတော့တယ်။


 လူမှာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘဲ ဆောက်တည်ရာမရ ဖြစ်သွားရပါတယ်။ အားအင်မဲ့သလိုဖြစ်ကာ ပျော့ခွေလဲကျသွားရပါတော့တယ်။ ဒီအတွေးက ကျမ ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသလိုပါပဲ။ ကျမရဲ့ ရပ်တည်မှုတစ်ခုလုံး မှောင်အတိကျသွားသလို ခံစားလိုက်ရပါတယ်။

               ကျမရင်ထဲမှာတော့ မဟုတ်ပါစေနဲ့လို့သာ အခါခါဆုတောင်းနေမိပါတယ်။ ဒါပေမယ့် ကျမဆုတောင်းတွေ မပြည့်ခဲ့ပါဘူး။ နောက်ရက်တွေမှာ သံသယနဲ့ စောင့်ကြည့်နေရင်းနဲ့ကို မမနဲ့ ကိုသန့်စင်တို့ရဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းကို ရိပ်မိ သိရှိလာခဲ့ရပါတယ်။ သမီးလေးမွေးပြီး ၃ လလောက် အကြာမှာပဲ သူနဲ့ မမတို့ရဲ့ ရင်နာစရာ အကြောင်းတွေကို တဖြည်းဖြည်း သိရှိခဲ့ရတာပါ။

              ကိုသန့်စင်တစ်ယောက် ပွဲရုံနဲ့ အိမ်အကြား ပျောက်ကွယ်နေတဲ့ အချိန်တွေ၊ ပြီးတော့ မမ အိမ်ကို သူ ဝင်ထွက်တတ်တဲ့ အချိန်တွေနဲ့ ယောက်ျားတစ်ယောက်ရဲ့ လိင်ဆက်ဆံပြီးချိန်မျိုးမှာ တွေ့မြင်ရတဲ့ အမူအရာ၊ အနံ့အသက်တွေက သူတို့နှစ်ယောက်ရဲ့ အကြောင်းစုံကို ဖွင့်လှစ်ပြနေခဲ့ပါတယ်။

            ကျမတို့ မိန်းမသားတွေက လင်ယောက်ျားဖြစ်သူကို အရာရာ ယုံကြည်တတ်ကြပါတယ်။ ကိုယ့်လင်သားဟာ ကိုယ့်အပေါ် သစ္စာရှိရှိ ချစ်တယ်လို့ အသေအချာ ယုံကြည်တတ်ခဲ့ကြပါတယ်။ သံသယဖြစ်စရာ အမူအရာတွေ တွေ့ရင်သာ သဝန်တို၊ စိတ်မချဖြစ်တဲ့ စိတ်နဲ့ ရန်တွေ့၊ စိတ်ကောက်တတ်ကြပေမယ့် ကိုယ့်လင်သားကို အချစ်မပျက်ကြပါဘူး။

              ပြီးတော့ ကိုယ့်လင်သားရဲ့ မူမမှန် ဖောက်ပြန်တဲ့အကြောင်းကို တခြားတစ်ယောက်က လာပြောရင်လည်း မယုံကြည်တတ်ကြပါဘူး။ ဒါပေမယ့် ကိုမျက်စိနဲ့ တပ်အပ်မြင်၊ ကိုယ်ကိုယ်တိုင် သိရှိခဲ့ချိန်မှာတော့ ရင်ကွဲမတတ် ခံစားနာကျင်တတ်ကြပါတယ်။ ယုံကြည်မှု တန်ဖိုးမဲ့ရပြီမို့ နာကျင်ကြေကွဲကြရပါတယ်။

              ကျမ အဖြစ်ကတော့ ပိုဆိုးတာပေါ့ရှင်။ ကျမက သူ့အပေါ် အားကိုးယုံကြည်ခဲ့ရတာလေ။ အရင်က ကျမ မိဘတွေအတွက် သူ့အပေါ် ကျေးဇူးတင် အားကိုးခဲ့ရသလို အခုလည်း ကျမတို့ရဲ့ ရင်သွေးလေးအတွက် မျှော်လင့်ပြီး ပိုလိုတောင် အားကိုးနေရတာလေ။ ကျမ အားကိုးယုံကြည်ရတဲ့ လင်က ကျမကို သစ္စာမဲ့တာဟာ ဘဝတစ်ခုလုံး လမ်းပျောက်သွားသလို ခံစားရပါတယ်။

ပိုပြီးတော့ နာကျင်ဝမ်းနည်းကာ အားကိုးရာမဲ့သလို ခံစားရတာက သူနဲ့ဖြစ်နေတဲ့သူဟာ မမကြည်ပြာ ဖြစ်နေလို့ပါပဲ။ ကျမ အလွန်ကို ယူကျုံးမရ ဖြစ်ရသလို ဘယ်အရာကိုမှ မယုံကြည်နိုင်တော့အောင်ပင် ဖြစ်ရပါတယ်။ ကျမ သိပ်ချစ်ရပြီး၊ ကျမကို အစကတည်းက သိပ်ကောင်းတဲ့ မမနဲ့မှ ဖြစ်ရသလားရှင်။

               မမကရော ကျမကို ညီမတစ်ဦးလို သဘောထားရဲ့သားနဲ့ ကျမ ယောက်ျားနဲ့မှ ဖြစ်ရသလား ? မမလို အိန္ဒြေသိက္ခာရှိပြီး ရိုးရိုးအေးအေး နေတတ်သူက သူများလင်နဲ့ ဖြစ်ရသလား ? မမသာ အိမ်ထောင် ထပ်ပြုချင်ရင် အခုချိန်ထိ လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေမှာပါ။

               အခုတော့ မမက ကျမရဲ့ လင်နဲ့ တိတ်တိတ်ပုန်း ဖောက်ပြန်ပျော်ပါးနေတာကို မတွေးတတ်အောင် ဖြစ်ရပါတယ်။ ပြီးတော့ လမ်းပျောက်သူ တစ်ဦးပမာ ခံစားရပြီး ဘာကိုမှ မစဥ္းစား မဆုံးဖြတ်နိုင်တော့ပါဘူး။ ကိုသန့်စင်သာ တခြားမိန်းမ တစ်ယောက်ယောက်နဲ့ဆိုရင် တော်ပါသေးတယ်။ အခုတော့ရှင်......

              ဒီလို ယူကျုံးမရတဲ့စိတ်နဲ့ ကျမ အိပ်ရာထဲ လဲပါတော့တယ်။ ဘယ်သူ့ကိုမှလည်း စကားမပြောချင်တော့ပါဘူး။ ကိုသန့်စင်ကိုရော၊ မမကိုရော ကျမ ရင်မဆိုင်ချင်လောက်အောင် ဖြစ်ရပါတယ်။ ပေါက်ကွဲပစ်ဖို့တောင် အင်အားမရှိတော့လောက်အောင် ကျမရင်ထဲ မွန်းကျပ်နေရပါတယ်။ တကယ်ကို ပေါက်ကွဲဖို့ အားအင်မဲ့ရပါပြီ။

                ဒါကလည်း ကျမ မထင်ထားတဲ့ အဖြစ်အပျက်ကြောင့် ဖြစ်ပါမယ်။ မမက ကျမ မျက်နှာမှ မထောက်ညှာပဲ ဒါမျိုးလုပ်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူးလေ။ အဲဒီတော့ ကျမ ပိုခံစား နာကျင်ရပြီး ဘာမှ မတုန့်ပြန်လောက်အောင် ဖြစ်သွားရပါတယ်။ သူတို့နှစ်ဦးရဲ့ ဖောက်ပြန်မှုဟာ ကျမ အသိနဲ့ ခန္ဓာကို ဆက်စပ်ထိန်းကြောင်းနိုင်မှု မဲ့ကာ လဲပြိုကျခဲ့ရပါတယ်။

               ဒါကြောင့်ပဲ ကျမ နေမကောင်းတာ သတင်းကြားပြီး အိမ်ရောက်လာတဲ့ မမကို စကားမပြောဖြစ်တော့ပါဘူး။ ရင်ထဲက နာကျင်ကြေကွဲရမှုတွေကို မမနဲ့ မျက်နှာချင်းဆိုင်ပြီး ရှင်းပစ်လိုက်ချင်ပါတယ်။ မမ ဘာကြောင့် ကျမအပေါ် ဒီလိုလုပ်ရက်ရတာလဲလို့ အော်ဟစ်မေးပစ်လိုက်ချင်ပါတယ်။

               ဒါပေမယ့် ဘာအပြစ်မှ မကျူးလွန်ထားတဲ့ပုံနဲ့ မမမျက်နှာလေးကို တွေ့ရတော့ ကျမ အံ့ဩရပါတယ်။ ကျမအပေါ် မမ မျက်နှာမပူဘူးလား။ အပြစ်ရှိသလို မခံစားရဘူးလား။ အခုတော့ မမ မျက်နှာလေးက အပြစ်ကင်းစင်တဲ့ ပုံလေးနဲ့ပါ။

               မမ မျက်နှာမှာ တွေ့ရတာက ကျမ နေမကောင်း ဖြစ်နေလို့ စိုးရိမ်ပူပန်နေတာတွေပဲ တွေ့မြင်နေရပါတယ်။ ပြီးတော့ သမီးမွေးပြီးခါစမှ ကိုယ့်ကိုယ်ကို ဂရုမစိုက်ရလားလို့ ကျမကိုပင် ဂရုဏာဒေါသနဲ့ ဆူနေပါသေးတယ်။ မမရဲ့ ဒီပုံဟန်လေးတွေက တကယ့် အမအရင်းတစ်ယောက်လို၊ မိဘတစ်ယောက်လို ဖြစ်နေပါတယ်။

ကျမ ဒီလိုခံစားနေရတာတွေ မမကြောင့်ဆိုတာ မသိနေရော့သလား။ ကျမ အော်ဟစ်ပြီး မေးလိုက်ချင်ပါတယ်။ မမ အပေါ် လူမှုရေးဖောက်ပြန်မှု စွဲချက်တွေ အလီလီတင်ရင်း အော်ဟစ်သောင်းကြမ်းပစ်လိုက်ချင်ပါတယ်။

              ဒါပေမယ့် ကျမ မလုပ်ဖြစ်ခဲ့ပါဘူး။ ကျမအပေါ် တစ်သတ်လုံး ညီမတစ်ဦးလို သဘောထား စောင့်ရှောက်ကူညီပေးလာတဲ့ မမကို ဘယ်လို အော်ဟစ်သောင်းကြမ်းရပါ့မလဲ။ အထူးသဖြင့် ကျမကို စိုးရိမ်နေတဲ့ မမမျက်နှာလေးကို မြင်ပြီး ကျမ ဒေါသတွေ၊ ခံပြင်းနာကျည်းမှုတွေက ဝမ်းနည်းမျက်ရည်တွေပဲ ဖြစ်ခဲ့ရပါတယ်။

              တစ်ဖက် မှာလည်း အဖြစ်အပျက်အပေါ် မယုံနိုင်ခြင်းနဲ့ ကျမအပေါ် လုပ်ရက်ကြလို့ ယူကျုံးမရခြင်းတွေက စိတ်ထဲ တနုန့်နုန့်နဲ့ ပူလောင်ခံစားနေရပါတယ်။ ဒါကြောင့်ပဲ ဝမ်းနည်းလွန်းလို့ ကျဆင်းနေတဲ့ မျက်ရည်တွေကို သူတို့ရှေ့မှာ အကျမခံဘဲ ရင်ထဲမှာပဲ ငိုကျွေးခဲ့ပါတယ်။ အဲဒီရက်ပိုင်းမှာတော့ နှစ်ယောက်လုံးကို စကားကောင်းကောင်း မပြောတော့ဘဲ ခပ်စိမ်းစိမ်းသာ နေလိုက်ပါတော့တယ်။

               နောက်ထပ် မပေါက်ကွဲရခြင်း အကြောင်းတစ်ချက်က သမီးလေးကြောင့်ပါပဲ။ ဒီသမီး လူမမယ်လေးကို မိစုံ ဖစုံနဲ့ ရှိစေချင်ပါတယ်။ အဖေဖြစ်သူရဲ့ သစ္စာမဲ့မှု​နဲ့ အမေဖြစ်သူရဲ့ ခံပြင်းဒေါသတွေ​ကြားမှာ ကျမသမီးလေး ဓားစာခံ ဖြစ်သွားရမှာ စိုးရိမ်မိပါတယ်။ လူ့လောကထဲ ရောက်လာတာ လပိုင်းပဲ ရှိသေးတဲ့ သမီးလေးကို လူ့ဘဝရဲ့ ပူလောင်မှုတွေကို မခံစားစေချင်ပါဘူး။


ပြီးတော့ အဲဒီရက်ပိုင်းမှာ ကျမ ဘာကိုမှ သေချာ မဆုံးဖြတ်နိုင် ဖြစ်နေရပါတယ်။ ကျမ အားကိုးတိုင်ပင်ရမယ့် သူကလည်း မရှိပါဘူး။ ကျမ ယုံကြည်ရတဲ့ မမကိုယ်တိုင်က ဒီအမှုကို ကျူးလွန်နေတာလေ။ မိဘတွေကိုလည်း မတိုင်ပင်ရဲပါဘူး။ ကိုသန့်စင်နဲ့ ဖေါက်ပြန်တာက မမဆိုတာသာ အဖေနဲ့ အမေ သိသွားရင် ကျမလိုပဲ ခံစားနာကျင်ရမှာပါ။ မမဟာ ကျမတို့ မိသားစု တစ်သတ်လုံး ယုံကြည်အားကိုးခဲ့ရတဲ့ ကျေးဇူးရှင် မိသားစု မဟုတ်ပါလား။

                ဒါကြောင့်ပဲ မိဘတွေ မခံစားစေချင်လို့ ကျမ ဖွင့်မပြောရက်ခဲ့ပါဘူး။ တခြားမိန်းမ တစ်ယောက်ယောက်နဲ့သာဆိုရင် ကျမ ဖွင့်ဟတိုင်ပင်ခဲ့မှာပါ။ အခုတော့ ကျမမှာ တိုင်ပင်ရမယ့်သူ မရှိတော့ပါဘူး။ ဒီလို ဘာဆက်လုပ်ရမှန်း မဆုံးဖြတ်နိုင်သေးခင် ခေါင်းအေးအေးနဲ့ စဥ္းစားဖို့ အချိန်လိုပါတယ်။ သေချာစဥ္းစားပြီးချိန်မှာတော့ ကျမ ဘဝရှေ့ဆက်ဖို့ အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်မယ် ထင်ပါတယ်လေ။

               ဒီလိုနဲ့ နောက်ရက်တွေမှာ ကျမစိတ်ကို အတည်ငြိမ်ဆုံးထားရင်း ရှေ့ဆက်ရမယ့် ဘဝကို အချိန်တိုင်း တွေးနေခဲ့ပါတယ်။ ကိုယ့်လင်သား ဖေါက်ပြန်နေတာကို ဘယ်သွေးအေးနိုင်ပါ့မလဲ။ အဲဒါကို စဥ္းစားမိတိုင်း ရင်ထဲကို မီးစနဲ့ ထိုးသလို ပူလောင်ရတာပေါ့။

              ဒါပေမယ့် သမီးလေး ငိုသံကြားတိုင်း ကျမရင်ထဲက ဝေဒနာတွေ မေ့သွားရပါတယ်။ သမီးလေးကို နို့ချိုတိုက်ကျွေးရတိုင်း ကျမ နာကျည်းဒေါသတွေ အရည်ပျော်ခဲ့ရပါတယ်။ သမီးအပေါ် ချစ်ခင်တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားက ကျမ ရင်ထဲက ဝေဒနာတွေကို လျော့ပါးလာစေခဲ့ပါတယ်။


ဒါကြောင့်ပဲ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကျမသေချာ ပြန်စဥ္းစားခဲ့ပါတယ်။ ဒီနေရာမှာ ကျမတစ်ခုပြောချင်တာက လူရဲ့စိတ်သဘောပါ။ ကိုသန့်စင် ဖောက်ပြန်နေတာ ခန့်မှန်းမိချိန်မှာ ဘယ်မိန်းမနဲ့လည်းဆိုတာ အရမ်းသိချင်ပါတယ်။

               ကျမ ယောက်ျားကို ဖျားယောင်းသွေးဆောင်ပြီး သူများအိမ်ထောင်ရေးကို ဖျက်စီးချင်တဲ့ မိန်းမယုတ်ကို ကျမ ခွင့်မလွှတ်နိုင်ပါဘူး။ ထိုမိန်းမကို ထုရိုက်ပစ်ပြီး ကျမ ခံစားရတာတွေကို ပေါက်ကွဲပစ်ချင်တာပါ။ အော်ဟစ်ရန်တွေ့ ပစ်ချင်တာပါ။

                 ဒါပေမယ့် တစ်သတ်လုံး နူးနူးညံ့ညံ့နေခဲ့ပြီး စကားတောင် ကျယ်ကျယ်မပြောခဲ့တဲ့ ကျမက ထိုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း လုပ်ချင်စိတ်တွေ ပေါ်ထွက်လာတာဟာ အံ့ဩစရာပါ။ ဒါကလည်း ကိုယ့်အိမ်ထောင်ရေးကို ပျက်စီးပြိုကွဲဖို့ ကြိုးစားလာသူကို ဘယ်မိန်းမက နူးညံ့နိုင်ပါ့မလဲရှင်။ ကြမ်းတမ်းပေါက်ကွဲမိမှာ အမှန်ပါပဲ။

                ဒါပေမယ့် မမနဲ့လို့ သိလိုက်ရချိန်မှာတော့ ကျမ ခေါင်းကို မိုးကြိုးပစ်သလို ခံစားလိုက်ရကာ လဲပြိုကျခဲ့ရပါတယ်။ လင်ခိုးမကို ပေါက်ကွဲထုရိုက်ချင်သူက အခုတော့ အိပ်ရာထဲ လဲတဲ့အထိ ဖြစ်သွားရပါတယ်။ ဒါကတော့ မယုံနိုင်ခြင်း၊ ယူကျုံးမရခြင်းနဲ့ အားကိုးယုံကြည်မှု ပျက်ပြယ်ရခြင်းတွေကြောင့် ဖြစ်မှာပ

ဒါပေမယ့် မမနဲ့လို့ သိလိုက်ရချိန်မှာတော့ ကျမ ခေါင်းကို မိုးကြိုးပစ်သလို ခံစားလိုက်ရကာ လဲပြိုကျခဲ့ရပါတယ်။ လင်ခိုးမကို ပေါက်ကွဲထုရိုက်ချင်သူက အခုတော့ အိပ်ရာထဲ လဲတဲ့အထိ ဖြစ်သွားရပါတယ်။ ဒါကတော့ မယုံနိုင်ခြင်း၊ ယူကျုံးမရခြင်းနဲ့ အားကိုးယုံကြည်မှု ပျက်ပြယ်ရခြင်းတွေကြောင့် ဖြစ်မှာပါ။

                ပြီးတော့ ခေါင်းအေးအေးနဲ့ စဥ္းစားတဲ့အခါ မမ တစ်ယောက်တည်းကို အပြစ်မြင်တာမျိုး တွေးလို့မရတော့ပါဘူး။ တခြားမိန်းမဆိုရင် ကျမ လင်ကို လိုချင်လို့ ဖျားယောင်းတဲ့ မိန်းမပျက်လို့ပဲ ထင်မှာပါ။ မမကိုတော့ အဲလို မထင်ရက်တော့ပြန်ပါဘူး။ လင်ခိုးမချင်း အတူတူ ကျမစိတ်က ဘာတွေ ကွာခြားသွားရတာပါလဲ ?

                သေချာတာကတော့ မမအပေါ် တလျောက်လုံး ချစ်ခင်တွယ်တာခဲ့တဲ့ အ​ရင်းခံစိတ်ကြောင့် ဒီလို ခံစားချက် ပြောင်းလဲတာ နေမှာပါ။ နာကျင်ရတာက သတ်သတ်ပါ။ မမအပေါ် ချစ်ခင်တွယ်တာရတဲ့ ထုထည် ခိုင်မာနေတုန်းပါပဲ။ မမကို သူများလင် အ​ချောင်နှိုက်ချင်တဲ့ ခပ်ပျက်ပျက် လင်ခိုးမလို့ ကျမ မမြင်နိုင်အောင် ဖြစ်နေရပါတယ်။

               မမနဲ့လို့ သေချာတဲ့အခါ ကိုသန့်စင်အပေါ် ကျမ ပိုနာကျည်းမိပါတယ်။ ဒါကလည်း သူ့ရဲ့လိင်စိတ်အားကြီးမှုကို သိနေလို့ပါ။ အစကတော့ သူ့ရဲ့ကြီးမားလှတဲ့ လိင်စိတ်ကို ကျမတစ်ယောက်တည်း အပေါ်မှာပဲလို့ ထင်ခဲ့တာလေ။

                အခုစဥ္းစားကြည့်မှ ဒီလောက်လိင်စိတ် ကြီးမားပြင်းထန်တဲ့သူဟာ ဘယ်မိန်းမဖြစ်ဖြစ် အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဒီအမှန်တရားကို အခုမှ ကျမ မြင်ပါတော့တယ်။ တစ်ချိန်ကတော့ ကျေးဇူးရှင်လင်ယောက်ျားကိုး။ ဘယ်မြင်နိုင်ပါ့မလဲ။

                အဲဒီတော့ သူ့လိင်စိတ်တွေ ကျမ မဖြည့်ဆည်းနိုင်တဲ့အခါ သူအခြားကို ရှာမှာ အမှန်ပါပဲ။ ဒီအချိန်မှာ မမဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာမှာ မလွဲပါဘူး။ ပြီးတော့ မမဟာ ကလေးတစ်ယောက်အမေ တစ်ခုလပ်ဆိုပေမယ့် မိန်းမချင်းတောင် ငေးရတဲ့ အလှတရား ပိုင်ဆိုင်သူလေ။

               ဒီလို အဆီတဝင်းဝင်း အနှစ်အရသာ ပြည့်စုံတဲ့ မမရဲ့ခန္ဓာကိုယ်ကို ကာမဘီလူးကြီးက သူ့ ထောင်ချောက်ထဲ မဝင် ဝင်အောင် သိမ်းသွင်း စားသုံးမှာပါပဲ။ သူ့ထောင်ချောက်ထဲ ဝင်သွားတဲ့ မမတစ်ယောက်ကတော့ ဆန်းပြားတဲ့ ရမ္မက်ကြိုးတွေ ရစ်ပတ်နှောင်တွယ်ခံရကာ ရုန်းမထွက်နိုင် ဖြစ်ရမှာပါပဲ။ ဒါကတော့ ကျမကိုယ်တွေ့ပဲလေ။

                ဒါကြောင့်ပဲ မမနဲ့ ကိုသန့်စင်ကိစ္စမှာ ကိုသန့်စင်ကိုပဲ အပြစ်ရှိမယ်လို့ မြင်မိပါတယ်။ ဒီလိုတွေးမြင်မိတာက မမမှာ အပြစ်မရှိဘူးလို့ သတ်မှတ်တာ မဟုတ်ပါဘူး။ စဖြစ်ရတဲ့ အကြောင်းအရင်းက ကိုသန့်စင်ရဲ့ တဏှာကြီးမှုကြောင့်လို့ ဆိုလိုတာပါ။ ကျမကတော့ ကိုယ့်လင်အကြောင်း သိနေလို့ အဲလိုပဲ ယုံကြည်သတ်မှတ်ပါတယ်။

                တကယ်ဆိုရင် မမက လွတ်လပ်နေသူပါ။ ကိုသန့်စင်ကသာ သူငယ်ချင်းရဲ့ မိန်းမဖြစ်သူ၊ လုပ်ငန်းချင်း ဆက်စပ်ကျေးဇူးရှိသူ၊ မိန်းမဖြစ်သူရဲ့ အမလို ချစ်ခင်ရသူကို ဒါမျိုး မလုပ်သင့်ဘူးပါဘူး။ သူ့ဘက်က စလို့သာ မမက ပါရတာနေမှာပါ။ နောက်ပိုင်းတော့ မမလည်း ရုန်းမထွက်နိုင်ဘဲ အကြိမ်ကြိမ်အခါခါ ဆက် မှားယွင်းနေတာ ဖြစ်မှာပါ။

ဒီလိုတွေးမိတော့ ကျမရဲ့ နာကျည်းမှုတွေဟာ ကိုသန့်စင်အပေါ် ပုံကျသွားခဲ့ရပါတယ်။ တကယ်ဆိုရင် မမက ကျမ မျက်နှာကို မထောက်ဘဲ ဖောက်ပြန်တယ်ဆိုရင်တောင် သူက ကျမနဲ့ သမီးလေးမျက်နှာကို ထောက်ထားညှာတာသင့်ပါတယ်။ သူ့အရိပ်ကို မှီခို​ေနရတဲ့ ကျမအပေါ် သူလုပ်ရက်တာကို တွေး တွေးပြီး ရင်နာမိပါတယ်။ သမီးမျက်နှာကို မကြည့်ဘဲ တဏှာရူးချင်တိုင်း ရူးတဲ့ သူ့ကို ကျမ စိတ်နာမိပါတယ်။

                  ဒါပေမယ့် အခုချိန်ထိ ကိုသန့်စင်ဟာ ကျမနဲ့ သမီးလေးအပေါ် ဂရုစိုက်ပေးနေတတ်ပါတယ်။ သူ့အကြောင်းကို ကျမ ရိပ်မိနေတာကို မသိသေးတာလည်း ပါမှာပေါ့။ သမီးမွေးပြီးမှ ပိုဂရုစိုက်လာတယ်လို့တောင် ထင်ရပါတယ်။ သူ့ရဲ့ လူမသိ သူမသိ အကြောင်းတွေကိုသာ ကျမ မသိခဲ့ရင် သူ့ဂရုစိုက် မှုတွေအပေါ် အလွန်ပဲ ကြည်နူးသာယာမိမှာ အမှန်ပါ။

                 အခုတော့ ကျမမှာ ဝမ်းမသာနိုင်ပါဘူး။ ဒါပေမယ့် သူ့ကို ဖွင့်ပြောပြီး ရှင်းဖို့ကလည်း သမီးမျက်နှာကို ထောက်ပြီး မဝံ့မရဲ ဖြစ်ရပြန်ပါတယ်။ ဒါကြောင့်ပဲ စိတ်သက်သာရာရမယ့် အကြောင်းတွေကိုသာ ရှာကျန်လို့ တွေးရင်း စိတ်ဖြေသိမ့်ရပါတော့တယ်။

                  သူနဲ့ ဖေါက်ပြန်နေတာ မမဖြစ်နေလို့ အံ့ဩရင်နာမိပေမယ့် တဖက်က ကြည့်ရင်လည်း တော်သေးတယ်လို့ တွေးမိပါတယ်။ မမ မဟုတ်ဘဲ တခြားမိန်းမသာဆိုရင် ကျမတို့ အိမ်ထောင်ရေး ပြိုကွဲအောင်လုပ်မှာ သေချာပါတယ်။ ငွေရှာကောင်းပြီး တဏှာထန်လွန်းတဲ့ သူ့ကို မယားငယ်မက ဆွဲဆောင်ခေါ်ဆောင်သွားနိုင်ပါတယ်။

                 မမကတော့ ဒါမျိုးလုပ်မှာ မဟုတ်ဘူးလို့ ကျမ ယုံကြည်ပါတယ်။ ကျမ အိမ်ထောင်ရေး ပြိုကွဲအောင် လုပ်မယ် မထင်သလို ခေတ်လေးကို ချစ်လွန်းတဲ့ မမစိတ်ကို ကျမ သိနေခဲ့လို့ပါ။ ကိုသန့်စင်နဲ့ကတော့ တဏှာအရင်းခံကြောင့် ဖြစ်နေကြတာ နေမှာပါ။ ဒီအတွေးက ကျမကို စိတ်သက်သာရာ ရစေပါတယ်။

                 ဒါပေမယ့် ကျမ အိမ်ထောင်ရေး မထိခိုက်စေအောင်နဲ့ ပတ်ဝန်းကျင် လူအများကြားမှာ ကျော်မကောင်း၊ ကြားမကောင်း မဖြစ်ရအောင်လို့ ကျမဘက်က အတတ်နိုင်ဆုံး စောင့်ကြည့်ထိန်းသိမ်းမှ ဖြစ်ပါတော့မယ်။ ပြီးတော့ မမကိုလည်း နှမြောလှပါတယ်။

                ဒါကြောင့်ပဲ မဖြစ်သင့်တာတွေ ဆက် မဖြစ်ရအောင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ လင်ယောက်ျားအပေါ် စောင့်ကြည့်ထိန်းသိမ်းမှု အသိဉာဏ်နဲ့ ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါမှ ကျမအိမ်ထောင်ရေး မပျက်စီးမှာ ဖြစ်သလို သမီးလေးဘဝ အေးချမ်းမှာ ဖြစ်ပါတယ်။

အပိုင်း ၃၄ ဆက်ရန်

Comments