ကွေ့ကောက်သောမြစ်အလယ် ဒုတိယအတွဲ အပိုင်း ၁၁
ကျနော်က ကာမကိစ္စကို သူ့လို ကိုယ့်ဘဝတိုးတက်ဖို့အတွက် အသုံးချတာမျိုး မလိုလားပါဘူး။ ကိုယ့်နှလုံးသားနဲ့ ခံစားပြီး ချစ်ခင်ရသူနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် နွှဲပျော်ချင်သူပါ။ သူလုပ်သလို လျောက်လုပ်ရင်လည်း ထောင်ထဲက ထွက်ရမှာ မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇနဲ့ မွေးရာပါ အရည်အချင်းတွေက မတူဘူးလေ။ ငါးရှာတဲ့ တံငါသည်အတွက် ငါးရတာဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ကာမမှုကို ခုံမင်ပြီး အမြဲလိုက်ရှာနေသူအတွက် မိန်းမဆိုတာ မရှားဘူးပေါ့။ သူ့ငါးမြှားချိတ်မှာ လာချိတ်တဲ့ ငါးတွေက အစာကို အသာငမ်းငမ်း တပ်မက္သူတွေပဲ ရှိမှာပါ။ ဒါကို အားကျပြီး လိုက်လုပ်ရင်တော့ အမှားကြီးမှားမှာပါ။ ကိုယ့်ဘဝ၊ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ့်လမ်းကြောင်းကို မပျောက်ပျက်စေဖို့ လိုတယ်လို့ ကျနော်ထင်ပါတယ်။
ကျနော် ဘွဲ့ရပြီး အလုပ်ထဲဝင်နေချိန်မှာ စိုင်းမောင် နိုင်ငံခြားထွက်သွားပါတယ်။ ဒီနောက်ပိုင်းတော့ သူလည်း အဆင်ပြေပြီး ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်နေပါပြီ။ ဒီလိုနဲ့ အိမ်ကို တော်တော်နဲ့ မပြန်ဖြစ်ပေမယ့် တခါတလေတော့ အမေ့ဆီ ပြန်ပေးဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အမေလည်း အရင်လို မဟုတ်တော့ပါဘူး။ အရွယ်ကလည်း သွေးဆုံးချိန်ရောက်ပြီမို့ ကာမစိတ်တွေ နည်းသွားပုံပါပဲ။ ဒါပေမယ့် သူ့လင်က အတင်းတောင်းဆိုရင်တော့ သူတို့အခန်းထဲမှာ တဖွပ်ဖွပ် လိုးနေသံတွေ ကြားရတတ်ပါတယ်။ အရင်လို အိမ်ရဲ့နေရာမျိုးစုံမှာ လိုးကြတာတော့ မရှိတော့ပါဘူး။ ကျနော် အိမ်အလည်ပြန်ချိန်မို့ ဆင်ခြင်နေကြတာလားတော့ မသိပါဘူး။
ဒါပေမယ့် သူတို့လင်မယား သိပ်အစဥ္မပြေတော့သလို အမေကလည်း ကျနော့်အပေါ် ပိုပြီး ဂရုစိုက်လာတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော် မပျော်နိုင်ပါဘူး။ ဒီလို ဂရုစိုက္မှုတွေကို ကျနော် တစ်သက်လုံး မျှော်လင့်ခဲ့ရတာလေ။ အခုလို ကာမစိတ်တွေ ကုန်ခမ်းချိန်ကျမှ သားအပေါ် သတိရသတဲ့လား။ ကျနော့်မှာ အမေ့ရဲ့ ဂရုစိုက္မှုကို မပျော်နိုင်ဘဲ စိတ်ပိုနာကျည်းမိသလိုပင် ဖြစ်ရပါတယ်။ အမေကတော့ သူလည်း အလုပ်သိပ်မလုပ်နိုင်တော့ချိန် ဖြစ်သလို၊ အရင်လို ကာမမှုကို သာယာစိတ်တွေ နည်းပါးလာပြီမို့ အရွယ်ရောက်လာတဲ့ သားအပေါ်ကို အားကိုးလာတာ ဖြစ်မှာပါ။ ကျနော်ကလည်း ရတဲ့လခထဲက ခွဲပြီး အမေ့ကို ပေးပါတယ်။ ဒီငွေထဲကနေ သူ့ယောကျာ်းရဲ့ အရက်ဖိုး ဖြစ်ရတာတော့ စိတ်ထဲ မနှစ်မြို့ပေမယ့် ဘာမှတော့ မပြောတော့ပါဘူး။
တစ်နေ့ ကျနော် မြို့ကို ပြန်လာချိန်မှာ ပထွေးနဲ့ ပြဿနာတက်ပါတယ်။ ကျနော့်ကို အရက်ဖိုးတောင်းရာကနေ စကားများပြီး ပထွေးက ရန်ပြုဖို့ ကြိုးစားလာပါတယ်။ ကျနော်လည်း တစ်သက်လုံး ခံပြင်းလာတာမို့ ထိတ်တိုက်ရင်ဆိုင်ဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာ အမေဟာ ကျနော်မထင်မှတ်တာကို လုပ်လိုက်ပါတယ်။ အမေက ကျနော့်ရှေ့မှာ ကာရပ်ပြီး ပထွေးကို ရန်လုပ်ကာ အိမ်ပေါ်က နှင်ချပါတော့တယ်။ သူ့အတွက် လင်မရှိတာက ရတယ်တဲ့။ သားမရှိလို့ မရဘူးတဲ့။ ကျနော့်မှာ အမေ့စကားကြားပြီး အိမ်အပြင်ပြေးထွက်လာမိပါတယ်။ ပြီးတော့ လူရှင်းတဲ့ နေရာတစ်နေရာမှာ အော်ဟစ်ငိုကြွေးမိပါတယ်။ တစ်ဘဝလုံး အားငယ်လို့၊ သိမ်ငယ်လို့၊ အနှိမ်ခံရလို့၊ အရှက်ရလို့ ကျနော် မျက်ရည်မကျခဲ့ပါဘူး။ အဲဒီလိုတွေ ကြုံလာတိုင်း ဝိုင်းလာတဲ့ မျက်ရည်ကို မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး အံကြိတ်ကာ နေခဲ့ရတာပါ။
ရင်ထဲက နာကျင်ကြေကွဲရမှုတွေကို မျက်ရည်နဲ့ မဖော်ပြခဲ့ပါဘူး။ ရင်ထဲမှာ မျက်ရည်ဖြိုင်ဖြိုင်ကျလည်း ပြင်ပမှာတော့ အံကြိတ်မာန်တင်းကာ အရွယ်နဲ့မမျှအောင် ခံစားခဲ့ရတာပါ။ အခုတော့ အမေ့ရဲ့ စကားတစ်ခွန်းက ကျနော့်ရဲ့ မျက်ရည်တံခါးကို တွန်းဖွင့်လိုက်ပါပြီ။ ဒီစကားတွေကို လွန်ခဲ့တဲ့ နှစ်တွေတုန်းကသာ ပြောခဲ့ရင် ကျနော့် စိတ်ဒဏ်ရာတွေ ဒီလောက် ရနိုင်ပါ့မလား။ အခုတော့ အရွယ်လွန် အမေအိုတစ်ဦးရဲ့ သားအပေါ်မှာထားတဲ့ မေတ္တာစကားဟာ ကျနော့်ရင်ထဲက ဒဏ်ရာတွေကို ကုစားနိုင်ပါ့မလားဆိုတာ မသိနိုင်တော့ပါဘူး။ အဲဒီနောက်ပိုင်း အမေက ဘယ်လိုရှင်းထုတ်လိုက်လဲ မသိပါ။ ပထွေးကို လုံးဝ မတွေ့ရတော့ပါဘူး။
အမေ့ရဲ့ အဲဒီစကား တစ်ခွန်းကြောင့်ပဲ အမေ မသေခင်အထိ ကျနော်ဟာ အတူနေပြီး လုပ်ကျွေးခဲ့ပါတယ်။ အစပိုင်း နှစ်တွေမှာ မပြည့်မစုံနဲ့ နေထိုင်ခဲ့ရတာပါပဲ။ နောက်နှစ်အတန်ကြာတော့မှ အဖေဆုံးပြီး အမွေရတော့လည်း အမေ့ကိုပါ ခေါ်ကာ အဖေ့အိမ်ကြီးမှာ အတူတူ နေခဲ့ပါတယ်။ ဒါပေမယ့် တသက်လုံးခံစားခဲ့ရတဲ့ စိတ်အခံကြောင့် အမေနဲ့ ရင်းရင်းနှီးနှီးတော့ မရှိခဲ့ပါဘူး။ အမေလိုအပ်တာတွေ လုပ်ပေးကိုင်ပေးပဲ ရှိပါတယ်။ နောက်ပိုင်း အမေ ခြေထောက် သိပ်မကောင်းတော့ အိမ်အောက်သိပ်မဆင်းဘဲ အိမ်ပေါ်မှာပဲ အနေများတယ်။ ကျနော်ကတော့ စားဖို့သောက်ဖို့နဲ့ လိုအပ်တာတွေ အိမ်ပေါ်တက်စီစဥ္ပေးပြီးရင် အိမ်အောက္မှာပဲ အနေများပါတယ်။ ယမင်းရောက်လာတော့လည်း ကျနော်က အမေ့အပေါ် ခပ်စိမ်းစိမ်း ဖြစ်နေလို့ ယမင်းက နားမလည်နိုင်ဘဲ ကျနော့်ကို အပြစ်တင်တတ်ပါတယ်။ ကျနော်ကတော့ အတိတ်အကြောင်းတွေ ပြန်ပြောရင် ရင်နာရလို့ ယမင်းကို ဘာမှပြန်မပြောပြခဲ့ပါဘူး။
အမေနဲ့ ပထွေးနဲ့ ကွဲပြီးတော့ ကျနော်တို့ သားအမိနှစ်ယောက် အိမ်ဌားနေပြီး ဆင်းရဲတဲ့အချိန်တုန်းက ကျနော့်ဘဝမှာ ဒုတိယအကြိမ် မျက်ရည်ကျခဲ့ရတဲ့ အဖြစ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျနော်က မြို့မှာမနေဘဲ တခြားမြို့မှာ အလုပ်လုပ်နေတာပါ။ တပတ်တစ်ကြိမ်တော့ မြို့က အမေ့ဆီပြန်ပါတယ်။ အဲဒီလို ပြန်လာတဲ့တစ်ခေါက္မှာ မျိုးဝင်းနဲ့ တွေ့ပါတယ်။ မျိုးဝင်းက ကျနော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကို ညနေကျရင် ဆက်ဆက်လာဖို့ ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း ညနေဘက္မှာ အဲဒီဆိုင်ဖက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်ထဲရောက်တော့ မျိုးဝင်းမရောက်သေးပါဘူး။ မိန်းကလေးတွေ အအေးထိုင်သောက်နေကြတဲ့ ဝိုင်းပဲ ရှိပါတယ်။
လက်ဖက်ရည်ဆိုင်ရဲ့ ဘေးမှာ တက္ကသိုလ်ဆရာမတွေ ကျူရှင်သင်တဲ့အိမ် ရှိပါတယ်။ ဒါကြောင့်လည်း သင်တန်းသူတွေက အတန်းချိန် မတိုင်ခင်မှာ ဒီဆိုင်မှာ ခဏထိုင်ကြတာပေါ့။ ကျနော်လည်း မိန်းကလေးတွေ ရှိနေတာနဲ့ သူတို့နဲ့ ဝေးရာ အပေါက်ဝနားက ချောင်ကျကျနေရာမှာပဲ ထိုင်နေလိုက်ပါတယ်။ သူတို့ဘက်ကိုလည်း မကြည့်ဘဲ လမ်းဘက်ကိုပဲ မျှော်ကြည့်ကာ မျိုးဝင်းကို စောင့်နေလိုက်ပါတယ်။ အဲဒီအချိန် ကျနော့်မျက်ဝန်းထဲ ဝင်လာတာက အဝါရောင် ဝမ်းဆက်လေးနဲ့ မြန်မာဆန်ဆန် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ အဝေးက ကြည့်ယုံနဲ့ ထင်းခနဲဖြစ်နေတဲ့ အလှနတ်သမီးလေးဟာ ကျနော်ရှိရာ လက်ဖက်ရည်ဆိုင်ဘက် တစ်လှမ်းချင်း အိန္ဒြေရရ လျောက်လှမ်းလာပါတယ်။
ထိုမိန်းကလေးက ဘေးဘီဝဲယာကို မကြည့်ဘဲ သူလျောက်ရမယ့် လမ်းကိုပဲ ကြည့်ကာ ခေါင်းကို အသာငုံ့လို့ အိန္ဒြေရရ လျောက်လှမ်းလာပုံက ကျနော့် မျက်လုံးထဲ အလွန်ကျက်သရေရှိပြီး စွဲဆောင်သွားနိုင်ပါတယ်။ သူမရဲ့ ခြေလှမ်းတိုင်းဟာ ကျနော့်နှလုံးသားကို ဆက်ဆက်ခါအောင် တုန်ခါလာစေတယ်။ တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ ကျနော့်နှလုံးသားထဲ တစ်လှမ်းချင်း တိုးဝင်လျောက်လှမ်းလာသလိုပါပဲ။ သူမရဲ့ပုံဟန်ကို သေချာ မမြင်တွေ့ရသေးခင်မှာပဲ ထိုမိန်းကလေးဟာ ကျနော်ရင်ဘက်ထဲကို နေရာအပြည့် ယူနေခဲ့တာကို ကျနော် မသိခဲ့ရပါဘူး။
ဒီလိုနဲ့ ထိုမိန်းကလေးဟာ ကျနော်ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဖက်ကို လျောက်လှမ်းဝင်လာပြီး ခဏရပ်ကာ ဆံနွယ်ရှည်တွေကို ခါပြီး ဆိုင်အတွင်းကို ဝေ့ကြည့်လိုက်ပါတယ်။ သူမ ရပ်နေတဲ့နေရာဟာ ကျနော်ထိုင်နေတဲ့ နေရာနဲ့ ၁၀ ပေလောက်ပဲ ကွာပါတယ်။ အခုမှပဲ ပျိုမြစ်နုငယ်ကာ ချောမောလှပပြီး ကျက်သရေရှိလှတဲ့ မိန်းကလေးရဲ့ မျက်နှာပြင်ကို ကျနော် သေချာခံစားရပါတော့တယ်။ အဝါရောင် အင်္ကျီ၊ ထမိန်လေးနဲ့ လိုက်ဖက်စွာပဲ သူမရဲ့အသားအရည်လေးဟာ ကြည်လင်ဝင်းဖန့်နေပါတယ်။ ဖြူစွတ်စွတ် အသားအရေမျိုးမဟုတ်ဘဲ ထိကိုင်ရက်စရာမရှိအောင် ကြည်လင်ရှင်းသန့်တဲ့ သူမရဲ့မျက်နှာနုနုလေးကို ကျနော် ငေးကြည့်လို့ မဝပါဘူး။
အကြောစိမ်းလေးများ မြင်ရအောင်ပင် ရှင်းသန့်တဲ့ လည်တိုင်ဖွေးဖွေးလေး၊ ရွှေရင်အစုံ မမို့တမို့၊ သေးကျဥ္တဲ့ခါး၊ လုံးဝန်းပြီး ယောင်ယောင်လေး ကားနေတဲ့ တင်ပါးမို့မို့လေးတွေ၊ ဒါတွေဟာ နုငယ်ပျိုမြစ်ခြင်းနဲ့ ကျက်သရေရှိ လှပခြင်းတို့ကို ဖွင့်လှစ်ပြနေသလိုပါပဲ။ အရပ်ကလည်း မနိမ့်မမြင့်၊ ဘယ်အရာမဆို အလွန်အကျွံနဲ့ သေးငယ်လျော့ပါးခြင်းဆိုတဲ့ အစွန်းနှစ်ဖက် လွတ်သော အလှတရားမျိုး ပိုင်ဆိုင်သူပါ။ ဒီလိုအလှတရားများကို ငယ်ရွယ်နုပျိုခြင်းနဲ့ အိန္ဒြေရှိခြင်းဆိုတဲ့ တန်ဖိုးနှစ်ခု ထပ်ပေါင်းစပ်လိုက်တော့ မြင်သူ ငေးလောက်အောင် ဖြစ်ရတာ မဆန်းပါဘူး။
ကျနော်ကလည်း ပုခုံးမှာ လွယ်ထားတဲ့ လွယ်အိတ်ကြိုးကို ကိုင်ထားတဲ့ သူမရဲ့ ဖယောင်းသွယ်လက်ချောင်းလေးများနဲ့ ဖွေးဉကာ ဖြောင့်စင်းနေတဲ့ ခြေဖမိုးလေးတွေကအစ အစုန်အဆန်ကြည့်နေမိရင်း အသိလွတ်ကာ မှင်တက်နေမိပါတယ်။ တဆက်တည်းမှာ ဒီလိုအလှပဂေးလေး ကျနော်တို့မြို့မှာ ရှိနေတာကို မသိခဲ့တဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိပါတော့တယ်။ ကျနော် သတိလွတ်ပြီး ငေးကြည့်နေချိန်မှာပဲ ထိုမိန်းကလေးက ဆိုင်ထဲဝေ့ကြည့်ရင်း ကျနော်နဲ့ အကြည့်ဆုံသွားပါတယ်။ သူ့ကို စူးစူးရဲရဲကြည့်နေတဲ့ ကျနော်ကိုတွေ့တော့ မျက္မှောင်လေး မသိမသာကြုံသွားပြီး ချက်ချင်း အကြည့်လွှဲသွားပုံလေးက ချစ်စရာလေးပါ။
နောက္မှ ဆိုင်ထဲက သူမသူငယ်ချင်းတွေကို တွေ့သွားပြီး ထိုဝိုင်းကို ဆက်လျောက်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူမဟာ ကျနော်ရှိတဲ့နေရာဆီ လှည့်လည်း မကြည့်တော့ပါဘူး။ ကျနော်ကသာ သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ သူမပုံဟန်လေးကို ခိုးကြည့်ကာ အချစ်စိတ်တွေ အရှိန်အဟုန်နဲ့ တိုးပွားနေရပါတယ်။ တစ်ကိုယ်လုံးမှာလည်း တရှိန်ရှိန်နဲ့ ဖြစ်နေပြီး စကြာဝဠာအပြင်ဘက်ကို ထိုးထွက်နေတဲ့အတိုင်း ခံစားနေရပါတယ်။ အပြုံးချိုချိုလေးနဲ့ မပွင့်တပွင့် ပြောဟန်လေးတွေ၊ ပုံမှန်အချိန်မှာတောင် ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းအစုံလေးတွေဟာ ကျနော့်နှလုံးသားကို သူ့ခြေရင်း သက်ဆင်းသွားစေပါတယ်။
သူမကို စတွေ့ချိန်ကတည်းက အတိုင်းအဆမရှိအောင် ရင်ခုန်မှုများကြောင့် လူမှာလည်း တုန်တုန်ရီရီ ဖြစ်နေပါတယ်။ ရင်ခုန်ရလွန်းလို့ ရေငတ်သလိုဖြစ်ပြီး မောပန်းနေရပါတယ်။ ဒီလိုနဲ့ သူတို့ သင်တန်းအိမ်ဘက် ထထွက်သွားတဲ့အထိ ကျနော် တစိမ့်စိမ့်ကြည့်နေမိရင်း သူမနဲ့အတူ လိုက်ပါသွားခဲ့တဲ့ အသိစိတ်တွေကို မနည်းပြန်ခေါ်နေရပါတယ်။ ကျောပေး လမ်းလျောက်သွားတဲ့အခါ သူမရဲ့ပြစ်မျိုးမှဲ့မထင် နောက်ပိုင်းအလှကို တွေ့မြင်ခံစားမိတော့ ကျနော့်မှာ အပြစ်ရှိသူတစ်ယောက်လို ခံစားမိလို့ အကြည့်လွှဲလိုက်ရပါသေးတယ်။ ကျနော့် နှလုံးသားထဲကို အပိုင်ဝင်ရောက်လာပြီး သိမ်းပိုက်ခဲ့တဲ့ သူမကို သန့်ရှင်းတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ပဲ ရှိချင်ပါတယ်။
ကျနော်တသက်လုံး မုန်းတီးရွံ့ရှာခဲ့တဲ့ ညစ်နွမ်းတဲ့ တဏှာအမြင်မျိုးနဲ့ သူမကို မကြည့်ရက်ပါဘူး။ ဒါပေမယ့် ကျနော့် အတွေးပုံရိပ်ထဲမှာတော့ လုံးဝန်းပြီး တင်းရင်းနေတဲ့ တင်ပါးဝိုင်းဝိုင်းလေးတွေရဲ့ ညင်ညင်သာသာ လမ်းလျောက်လိုက်တိုင်း မသိမသာ လှုပ်ရှားတုန်ခါသွားပုံလေးတွေက ရုပ်ရှင်အနှေးပြကွက်ကို ပြန်ကြည့်နေရသလို မြင်ယောင်နေတုန်းပါပဲ။ ဒါကြောင့်လည်း သူမလမ်းလျောက်သွားပုံလေးကို ပြန်လည်ခိုးကြည့်ရင်း ကျနော့် အတွေးအိမ်ထဲမှာ သူမရဲ့ပုံဟန်လေးတွေကို သိမ်းဆည်းထားနေမိပြန်ပါတယ်။ ပျော့ပျောင်းတဲ့ ထမိန်သားအောက္မှာ တင်ပါးဝိုင်းဝိုင်းလေးနဲ့ ပေါင်တံသွယ်သွယ်လေးတို့ရဲ့ လမ်းလျောက်လိုက်တိုင်း လှုပ်ရှား တင့်တယ် ပြေပျစ်မှုလေးတွေကလည်း ကျနော်ရင်ကို လှုပ်ခါစေတာ အမှန်ပါ။
စာသင်အိမ်ထဲ သူမ ဝင်ရောက်ပျောက်ကွယ် သွားပေမယ့်လည်း ကျနော်ကတော့ ငေးမောတွေဝေနေမိတုန်းပါပဲ။ ကျနော့်ဘဝမှာ မိန်းကလေးတွေနဲ့ ပတ်သတ်ပြီးတော့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားခြင်းကို ထိုမိန်းကလေးက ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလို ရင်ခုန်စိတ်လှုပ်ရှားစေခြင်းကပဲ နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို ပြောင်းလဲစေခဲ့ပါပြီ။ ကျနော့်တစ်ဘဝလုံးမှာ မိန်းမတွေနဲ့ ပတ်သတ်လာရင် နာကျည်းခြင်း၊ ရွံမုန်းခြင်းတွေပဲ ခံစားခဲ့ရတာပါ။ ဒါကြောင့်ပဲ မိန်းမတွေနဲ့ ခပ်ကင်းကင်းနေခဲ့သမျှဟာ ဒီမိန်းကလေးနဲ့ တဒင်္ဂတွေ့ကြုံရယုံနဲ့ ပြောင်းလဲကုန်ပါတယ်။ နှစ်လိုဖွယ်ကောင်းခြင်း၊ အိန္ဒြေသိက္ခာရှိခြင်း၊ ယဥ္ကျေးသိမ့်မွေ့ခြင်း၊ နုငယ်ပျိုမြစ် လှပခြင်းနဲ့ အပြစ်ဆိုဖွယ် မမြင်ရတဲ့ ကိုယ်ဟန်ပုံစံရှိခြင်းတို့က ကျနော့်နှလုံးသားကို အပိုင်သိမ်းသွားခဲ့ပါတယ်။
ကျနော့်မှာ တစ်ယောက်တည်း ထိုင်နေရင်း သူမအကြောင်းများကို တွေးကာ ရင်မောနေရပါတယ်။ သူမရဲ့ နေပုံထိုင်ပုံနဲ့ ဝတ်ပုံစားပုံကို ကြည့်ရတာနဲ့ အဆင့်အတန်းရှိပြီး ငွေကြေးချမ်းသာတဲ့ အသိုင်းအဝိုင်းကဆိုတာ အတတ်ပြောနိုင်ပါတယ်။ ဒါကြောင့်ပဲ ပြစ်မျိုးမှဲ့မထင်အလှမျိုးနဲ့ အလှသွေးကြွယ်နိုင်တာပေါ့။ ဒီလို အဆင့်အတန်းရှိတဲ့ မိန်းကလေးမျိုးကို တဒင်္ဂအတွင်း ချစ်မိသွားပေမယ့် ကျနော့်အခြေအနေကို ပြန်ကြည့်မိပြီး အားငယ်မိတာ အမှန်ပါ။ ကျနော်က မိတစ်ကွဲ၊ ဖတစ်ကွဲနဲ့ ကိုယ့်အားကိုယ်ကိုး နေရတဲ့ ဘဝလေ။ တစ်သတ်လုံး အားငယ်နိမ့်ကျစွာ နေခဲ့ရတဲ့ ကျနော့်ဘဝ အခြေအနေနဲ့ ထိုမိန်းကလေးက ဘယ်လိုအပ်စပ်နိုင်ပါ့မလဲ။
ဒါပေမယ့် တစ်သက္မှာ တစ်ခါသာ ဖြစ်ဖူးတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ ချစ်ခဲ့ရသူမို့ ထိုမိန်းကလေးကိုသာ လက်လွှတ်ဆုံးရှုံးရမယ်လို့ တွေးမိယုံနဲ့ ကျနော့်ရင်တွေ ဆက်ဆက်ခါအောင် နာကျင်ရပါတယ်။ ဒီချစ်ခြင်းမေတ္တာကို အားအဖြစ် အသုံးချပြီး ကျနော့်ဘဝကို တိုးတက်အောင်လုပ်ကာ သူလေးနဲ့ ဘာလို့ မနီးစပ်နိုင်ရမှာလဲလို့ တွေးမိကာ စိတ်ခွန်အားတွေ ဖြစ်လာရပါတယ်။ ထိုအတွေးများကြောင့်ပဲ ကျနော့်မှာ အားငယ်စိတ်တွေ ဝင်ခဲ့ပေမယ့် စိတ်ပျက်လက်လျော့ခြင်းတော့ မရှိတော့ပါဘူး။ ဒီကရှေ့လျောက် ထိုမိန်းကလေးအကြောင်း ပိုသိအောင် လုပ်ကာ အလုပ်ကို ပိုကြိုးစားလုပ်ဖို့ တထိုင်တည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကျနော့်ဘဝမှာ မိန်းမတွေနဲ့ ပတ်သတ်တဲ့ အတွေးအမြင်မျိုးကို ပြောင်းလဲသွားစေခဲ့တဲ့ ထိုမိန်းကလေးကို ကျနော် လက်လွှတ် အဆုံးရှုံး မခံနိုင်ပါဘူး။
ကျနော့် တစ်ယောက်တည်းထိုင်ရင်း အတွေးများနေကာ အချိန်တော်တော် ကြာသွားပါပြီ။ ကျနော့် ဆုံးဖြတ်ချက်ခိုင်ခိုင် ချပြီးလို့ စိတ်ထဲ လွတ်လပ်ပေါ့ပါးသွားချိန်မှာပဲ မျိုးဝင်းက ဆိုင်ထဲ ဝင်ချလာပါတယ်။ မျိုးဝင်းကို တွေ့မှ သူနဲ့ချိန်းထားလို့ ကျနော် ဒီဆိုင်မှာ လာစောင့်နေတာကို သတိရပါတော့တယ်။ ကျနော့် စိတ်ထဲမှာ အလှနတ်သမီးလေး စိုးမိုးနေတာနဲ့ လာရင်းကိစ္စကိုတောင် သတိမရတော့ပါဘူး။ မျိုးဝင်းကတော့ ပြုံးပြုံးရွှင်ရွှင် ဝင်လာပြီးတော့ သူ ဒီနေ့ တော်တော် နောက်ကျသွားတာကို တောင်းပန်ပါတယ်။ ထွက်လာခါနီး သူ့ပွဲရုံမှာ ဧည့်သည် ရောက်လာလို့ပါတဲ့။ ကျနော်ကလည်း တောင်းပန်ရမယ့် သူတွေမဟုတ်ဘူးပြောကာ သူ့ကို နားလည်ကြောင်း ပြန်ပြောရပါတယ်။
တကယ်လည်း မျိုးဝင်းကို ကျနော် နားလည်ပါတယ်။ သူက မိဘတွေ မရှိတော့ဘူးလေ။ ဘွဲ့ရပြီးတာနဲ့ သူ့မိဘတွေ ချန်ထားရစ်တဲ့ ပွဲရုံကို တစ်ယောက်တည်း ဝင်ဦးစီးရတာပါ။ ညီအကို မောင်နှမ မရှိတဲ့ သူ့အတွက် ကူညီမယ့်သူ မရှိပါဘူး။ သူတစ်ယောက်တည်းအားနဲ့ မိဘလက်ငုပ်လက်ရင်းကို တိုးပွားအောင် ကြိုးစားနေတာပါ။ အခုဆို လုပ်ငန်းရှင် သူဌေးလေးအဖြစ် အားလုံးက အသိအမှတ်ပြုနေကြပါပြီ။ ကျနော့်ကိုလည်း မျိုးဝင်းက အခြားမြို့မှာ သွားမလုပ်ဘဲ သူ့ပွဲရုံမှာ အတူတူ ဝင်ဦးစီးဖို့ ခေါ်ပါတယ်။ ကျနော်ကလည်း တစ်သတ်လုံး သူ့တို့မိသားစုရဲ့ အကူအညီကို ယူခဲ့ရတာမို့ အားနာကာ လက်္မခံခဲ့တာပါ။ သူငယ်ချင်းကို ပစ်ထားပြီး မကူညီနိုင်သလို ဖြစ်ရတာမို့ မျိုးဝင်းကို မျက်နှာပူရပါတယ်။
ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် ထွေရာလေးပါး ပြောကြရင်း ကျနော့်ကို ချိန်းရတဲ့အကြောင်းအရင်း မေးရပါတော့တယ်။ ဒီတော့မှ သူက ရှက်သလိုပြုသလိုနဲ့ ရယ်ကာ သူ အိမ်ထောင်ပြုတော့မယ်လို့ ပြောလာပါတယ်။ ဒီစကားကြားတော့ ကျနော် တော်တော်အံ့ဩသွားတယ်။ မျိုးဝင်းနဲ့က ငယ်ပေါင်းတွေမို့လို့ သူ့မှာ ရည်းစားမထားဖူးတာ ကျနော်အသိဆုံးပါ။ ပွဲရုံကို ဦးစီးနေတော့လည်း ကျနော်နဲ့ သိပ်မတွေ့ဖြစ်ပေမယ့် သူ့အကြောင်း အမြဲကြားနေရတာပါ။ လုပ်ငန်းရှင်ဖြစ်တော့ ရည်းစားထားဖို့ကို ပိုတောင် အချိန်မပေးနိုင်တဲ့သူပါ။ အဲဒီလိုလူက အခုမှ အိမ်ထောင်ပြုတော့မယ်ဆိုတော့ ကျနော် အံ့အားသင့်ရတာပေါ့။ ဒါဆိုရင်တော့ သူ့စီးပွားရေး လုပ်ဖော်ကိုင်ဖက်ထဲကပဲ ဖြစ်မယ် ထင်မိပါတယ်။
မျိုးဝင်းက ငွေကြေးချမ်းသာသလို၊ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးပါ။ ပြီးတော့ ငယ်ငယ်ကတည်းက သန့်သန့်ပြန့်ပြန့်နဲ့ အနေအထိုင် စည်းကမ်းရှိသူပါ။ ရုပ်ရည်ကလည်း ဓာတ်ရှင်မင်းသားတွေလို အသားဖြူဝင်းပြီး ဟောကျာ်းပီသအောင် ခန့်ညားချောမောသူ။ ဒီလို အရည်အချင်းကောင်းတွေ ရှိတဲ့ ကျနော့်သူငယ်ချင်းကို သူ့လို အရည်အချင်းတွေရှိတဲ့ မိန်းကလေးမျိုးနဲ့ပဲ လက်ထပ်စေချင်ပါတယ်။ ဒါနဲ့ မျိုးဝင်းကို ဘယ်မိန်းကလေးနဲ့လဲလို့ မေးရပါတယ်။ မျိုးဝင်းက လက်ကနာရီကို တစ်ချက်ကြည့်ပြီး ကျနော့်ကို ခဏစောင့်ဖို့ပြောကာ၊ ခဏနေရင် ထိုမိန်းကလေးကို ပြပါမယ်လို့ ပြောပါတယ်။ ပြီးတော့ သူ လက်ထပ်မယ့် အကြောင်းကို အတိုချုံး ဆက်ပြောပြပါတယ်။
မျိုးဝင်းက သူလက်ထပ်မယ်ဆိုတဲ့ မိန်းကလေးနဲ့ ချစ်သူတွေ မဖြစ်သေးပါဘူးတဲ့။ အလှူပွဲတစ်ခုမှာ ထိုမိန်းကလေးကို တွေ့ပြီး ချစ်မိသွားတာမို့ သူမအကြောင်းစုံစမ်းကြည့်တာပါ။ ထိုမိန်းကလေးနာမည်က ကြည်ပြာခင်။ သူမ မိဘတွေကလည်း ငွေကြေးချမ်းသာတဲ့ မြို့မျက်နှာဖုံးတွေပါပဲ။ ကျနော့်အနေနဲ့ နောက်ပိုင်း နှစ်များမှာ မြို့မှာ သိပ်မနေဖြစ်လို့ မြို့ထဲက အကြောင်းတွေနဲ့ လူတွေကို သိပ်မသိတော့ပါဘူး။ မျိုးဝင်းအနေနဲ့ ထိုမိန်းကလေးနဲ့ နီးစပ်ပိုင်ဆိုင်ချင်လွန်းလို့ သူ့ဘက်က လူကြီးတွေကို ပြောပြကာ ထိုမိန်းကလေး မိဘတွေရဲ့ သဘောကို တီးခေါက်ကြည့်ရပါတယ်။ မိန်းကလေးမိဘတွေကလည်း ငွေကြေးပြည့်စုံကြပါတယ်။ ဒါပေမယ့် သူတို့လည်း အသက်ကြီးပြီမို့ သူတို့ရဲ့ တစ်ဦးတည်းသော သမီးကို စိတ်ချရသူနဲ့ ထိန်းမြားပေးချင်ပါတယ်။
ဒီအချိန်မှာ မိဘတွေ မရှိတော့ပေမယ့် ကိုယ်ပိုင်ပွဲရုံနဲ့ စီးပွားအရှာကောင်းကာ ယဥ္ကျေးသိမ်မွေ့တဲ့ မျိုးဝင်းဘက်က လာကြောင်းလမ်းတော့ သဘောတူလိုက်ကြပါတယ်။ ဒါကြောင့်ပဲ စေ့စပ်ပွဲကို ဒီလထဲမှာ လုပ်ကာ မကြာမီ လက်ထပ်ပွဲကို လုပ်ဖြစ်မယ်လို့ သူက ပြောလာပါတယ်။ သူ့မှာ ငယ်ငယ်ကတည်းက တိုင်ပင်ဖော်သူငယ်ချင်းက ကျနော်ပဲ ရှိတာမို့လို့ အခုလို ပြောပြပြီး ထိုမိန်းကလေးကို ပြမလို့ဟု ဆိုပါတယ်။ သူ့ မိန်းကလေးနဲ့ သူနဲ့ ဒီနေ့အထိ စကားမပြောရသေးပါဘူးတဲ့။ စေ့စပ်ပွဲကျမှ ပြောရမှာလို့ ပြောပါတယ်။ ကျနော်လည်း ကျနော့်သူငယ်ချင်းက သူနဲ့ သင့်တော်ပြီး သူကိုယ်တိုင် ချစ်နေတဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတော့ ပျော်ရွှင်မိပါတယ်။
ဒီလိုနဲ့ မျိုးဝင်းက သူလက်ထပ်မယ့် မိန်းကလေးအကြောင်း ပြောနေရင်းနဲ့ ကျနော့်ပုခုံးကို ပုတ်ကာ ဟိုမှာ ရှေ့ဆုံးက ထွက်လာပြီလို့ ပြောပါတယ်။ ဒါနဲ့ သူကြည့်တဲ့နေရာဆီ ကျနော်လိုက်ကြည့်လိုက်တော့ ကျနော့်ခေါင်းကို မိုးကြိုးပစ်လိုက်သလို ဖြစ်သွားပါတယ်။ ရှေ့ဆုံးက ထွက်လာတဲ့ နှစ်ယောက္မှာ တစ်ယောက်က ကျနော့်ရဲ့ အလှနတ်သမီးလေးပါ။ ကျနော့်ရင်ထဲ ထိတ်လန့်စိုးရိမ်မှုဟာ ဘာနဲ့မှ နှိုင်းမရပါဘူး။ ထိုမိန်းကလေး မဟုတ်ပါစေနဲ့လို့ မရဲတရဲ ဆုတောင်းနေချိန်မှာပဲ မျိုးဝင်းက ရှေ့က အဝါဝမ်းဆက်လေးလေ ဆိုတဲ့ စကားသံနဲ့အတူ ကျနော့်နှလုံးသားတွေ တစစီ ကြွေမွခဲ့ရပါတယ်။
ထိုအလှနတ်သမီးလေးက ကျနော်တို့ ဝိုင်းကို တစ်ချက်စောင်းငဲ့ကြည့်ရင်း အိန္ဒြေရရပဲ ဆက်လျောက်လှမ်း သွားပါတော့တယ်။ ကျနော့်ရင်ထဲမှာတော့ ဘာမှမရှိတော့သလို ဗလာဟင်းလင်း ဖြစ်သွားပြီး အသိစိတ်လွတ်ကာ ငေးငိုင်နေမိပါတယ်။ မျိုးဝင်းက ကျနော့်ဆီက စကားပြန်မရတော့ ပုခုံးကို အတင်းပုတ်ပြီး ဘယ်လိုသဘောရလဲလို့ မေးနေပါတယ်။ ကျနော်လည်း သူငယ်ချင်းရှေ့မှာ ရုပ်ပျက်နေရတာ မဖြစ်သင့်တာမို့ အားယူပြုံးပြကာ အရမ်းလှကြောင်းနဲ့ သူနဲ့ အလိုက်ဖက်ဆုံး မိန်းကလေးဖြစ်ကြောင်း ပြောရပါတော့တယ်။
ဒါပေမယ့် ကျနော့်ရင်ထဲက ကြေကွဲမှုတွေကြောင့် ကျနော့်အသံဟာ အသက် မပါဘဲ အေးစက်စက် ဖြစ်နေမှာပါ။ ဒါပေမယ့် အချစ်စိတ်မွှန်ပြီး ဝမ်းသာကျေနပ်နေတဲ့ မျိုးဝင်းကတော့ မရိပ်မိပါဘူး။ ဖြစ်နိုင်ရင် ဒီအချိန်မှာ ကျနော် တစ်ယောက်တည်း ပေါက်ကွဲပစ်လိုက်ချင်ပါတယ်။ သူငယ်ချင်း ရှိနေလို့သာ စိတ်ကို မနည်း တင်းထားရတာပါ။ ဒါနဲ့ပဲ မျိုးဝင်းကို ထိုမိန်းကလေးနောက် လိုက်ကာ စကားပြောပြီး လိုက္မပို့ဘူးလားလို့ ပြောပြီး ပ ထုတ်ဖို့ ကြိုးစားလိုက်ပါတယ်။
"ဟိုမှာ၊ ပြန်သွားပြီလေ။ မင်းမလိုက်သွားဘူးလား။
ကိုယ်လက်ထပ်မယ့် မိန်းကလေးပဲ။ မင်းကားနဲ့ လိုက်ပို့သင့်တာပေါ့"
"ငါလည်း စကားပြောချင်တာပေါ့။ ဒါပေမယ့် အခုချိန်ထိ တစ်ခါမှ စကားမပြောဖူးသေးဘူးလေ။
ပြီးတော့ သူက အိန္ဒြေကြီးတယ်ကွ။ ငါက သူ့သူငယ်ချင်းတွေကြားကို ဒီအတိုင်းကြီး စကားသွားေပြာရင် သူရှက်နေမှာစိုးလို့"
"ဟင်၊ လက်ထပ်ဖို့ သူမသိသေးတာလား။
တို့ဝိုင်းကို တစ်ချက်ကြည့်သွားတယ်လေ။ သူမင်းကို သိနေတယ်မဟုတ်လား"
"အေး၊ သူ ငါ့ကိုတော့ သိနေတယ်ကွ။
ငါ လာစောင့်နေတိုင်း တစ်ချက်တော့ လှမ်းကြည့်တတ်တယ်။
လက်ထပ်ဖို့က သူ ကိုယ်တိုင် သဘောတူလို့ သူ့မိဘတွေက လက်ခံလိုက်တာပါ။
သူ့မိဘတွေ သဘောကို မလွန်ဆန်ချင်တာလည်း ပါမှာပေါ့။
ငါနဲ့ကတော့ စကားမပြောဖူးပေမယ့် တစ်ယောက်နဲ့တစ်ယောက် မျက္မှန်းတန်းမိနေပါပြီ။
ငါက စကားအရမ်း သွားပြောချင်နေတာ။ သူအနေရခက္မှာ စိုးလို့ သွားမပြောရဲတာ။
ငါတော့ သူ့ကို တော်တော် တန်ဖိုးထားပြီး ချစ်မိနေပြီ"
"အင်း၊ ဟုတ်တယ်။ အိန္ဒြေ သိက္ခာရှိတာကတော့ အမှန်ပဲ။
ချောလည်း တော်တော်ချောတယ်။ မင်းနဲ့ လိုက်ဖက်ပါတယ်"
"ဟဲ...... ငါတော့ သူနဲ့ မြန်မြန် နီးချင်ပြီ။ စေ့စပ်ပွဲရော၊ လက်ထပ်ပွဲရော မင်း ရှိနေရမှာနော်။
စေ့စပ်ပွဲက ဒီလထဲလောက် ဖြစ်မယ်။ မင်း ပြန်လာရမယ်နော်"
"အေးပါကွာ၊ ငါ လာနိုင်အောင် ကြိုးစားရမှာပေါ့။
မင်း ကိစ္စကို ငါ လျစ်လျူရှု့လို့ ရပါ့မလား။
ဒါနဲ့ မင်း အလုပ်ရှိသေးရင် ပြန်လေ။ မိုး ရွာတော့မယ်နဲ့ တူတယ်။ မြန်မြန်ပြန်တော့"
"အေး၊ သူ့ကိုတွေ့ချင်လွန်းတာရော၊ မင်းကိုလည်း သူ့ကို ပြပြီး သဘောထားမေးချင်လွန်းလို့ လာရတာ။
ဒီနေ့မှ အလုပ်တွေ ရှုပ်နေတယ်။ ဒါဆိုပြန်မယ်လေ။
မင်းကို အိမ်အရင်လိုက်ပို့ပေးမယ်။ ထ...."
"ဟမ်..... ငါ အိမ်မပြန်သေးဘူး။ ဝင်စရာ ရှိသေးတယ်။ မင်းဟာမင်း ပြန်ပါတော့"
"ဟာ....မိုးမိနေမှာပေါ့။ ငါ့ကားနဲ့ မင်းသွားချင်တဲ့ နေရာကို အရင်လိုက်ပို့ပါ့မယ်"
"ဟင့်အင်း၊ ရတယ် သူငယ်ချင်း။ ငါ ကိစ္စလေးတွေ ရှိလို့ပါ။
မင်းဟာမင်း ပြန်ပါတော့။ နောက္မှ တွေ့ကြတာပေါ့"
မျိုးဝင်းက အတင်းထပ်ခေါ်ပေမယ့် ကျနော်က သူနဲ့ မလိုက်တော့ပါဘူး။ ဒီအချိန်မှာ ကျနော်တစ်ယောက်တည်း နေချင်လို့ပါ။ ဒါကြောင့်ပဲ မျိုးဝင်းက ငွေရှင်းပြီး ထပြန်သွားပါတယ်။ မပြန်ခင် စေ့စပ်ပွဲနေ့ကို ဆက်ဆက်လာဖို့ အထပ်ထပ်မှာနေပါသေးတယ်။ မျိုးဝင်းထွက်သွားတာကို ကြည့်ရင်း ကျနော့်နှလုံးသားတွေ လေထဲလွင့်စင်ထွက်ကုန်သလို ခံစားနေရပါတယ်။ ကျနော် တဒင်္ဂအတွင်း ချစ်ခဲ့မိတဲ့ မိန်းကလေးက သူငယ်ချင်းရဲ့ ဇနီးလောင်း ဖြစ်နေရပါတယ်။ သူငယ်ချင်းကလည်း ကျနော့်အပေါ် အစစအရာရာကောင်းခဲ့တဲ့ သူငယ်ချင်းလေ။
အခြားသူတွေလို ချောတာ၊ လှတာတွေ့လို့ ရင်ခုန်စိတ်လှုပ်ရှားတာဆိုရင် ကျနော် ဒီလောက် ခံစားရမှာ မဟုတ်ပါဘူး။ အခုတော့ ကျနော့် တစ်ဘဝလုံး ခံယူချက်၊ ခံစားချက်တွေကို ပြောင်းပြန်လှန်ပစ်လောက်အောင် စွမ်းဆောင်နိုင်ပြီး၊ ကျနော့်နှလုံးသားထဲ စက္ကန့်ပိုင်းအတွင်း နေရာယူသွားတဲ့ မိန်းကလေးမို့ ကျနော့်ရဲ့ ကြေကွဲရခြင်းဟာ အတိုင်းအဆမဲ့လို့ ပြောရမှာပါ။ ဒီလို ထုထည်ကြီးလှတဲ့ ကျနော့်ရဲ့ အချစ်က နာရီပိုင်းပဲ ခံတယ်တဲ့လား။ တစ်ဘဝလုံး ကံဆိုးခဲ့လို့ အရင်ကဆိုရင် ကံကြမ္မာကို ကျနော်က ရှိတယ်လို့တောင် မထင်တော့ပါဘူး။ ကျနော့်ဘဝကို ကံဆိုးလိုက်တာလို့လည်း မညည်းညူမိပါဘူး။
အခုတော့ ကျနော့်ဘဝ ကံဆိုးလိုက်တာလို့ မြင်လာမိပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းက ဒီနေရာမှာပဲ ထိုင်နေရင်း မျှော်လင့်ချက်တွေ မွေးဖွားပေးခဲ့သလို ဘဝအတွက် အားမာန်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုတော့ မျှော်လင့်ချက်တွေ ကုန်ဆုံးကာ စိတ်ပျက်အားငယ်မိရပြန်ပါတယ်။ တစ်ထိုင်တည်းအတွင်း ပြောင်းလဲသွားတဲ့ ကျနော်ရဲ့ ဖြစ်ပုံကို တွေးမိလေ ရင်နာမိလေပါပဲ။ အပြင်မှာ မိုးရွာလာပြီမို့ ကျနော် ထွက်လာခဲ့ပါတယ်။ မိုးရေထဲ လမ်းလျောက်ရင်း ကျနော့်မျက်ဝန်းက မျက်ရည်များ အလိုလိုကျလာခဲ့ပါတယ်။ မျက်ရည်များဟာ မိုးရေနဲ့ရောပြီး ကျနော့်ခြေရင်း သက်ဆင်းသွားခဲ့သလို ကျနော့် နှလုံးသားဟာလည်း လျောက်လှမ်းခဲ့တဲ့ လမ်းတလျောက် တစစီပြိုကွဲလို့ ကျကျန်နေခဲ့ရပါပြီ။
တစ်သက်လုံး မျက်ရည်မကျခဲ့တဲ့ ကျနော်ဟာ အမျိုးသမီးတွေကြောင့်ပဲ မျက်ရည်ကျခဲ့ရတာ နှစ်ခါရှိပါပြီ။ တစ်ခါက ကျနော့်အမေကြောင့် ကျခဲ့ရပါတယ်။ အခုတစ်ခါကတော့ ခက်ခဲ ကြမ်းတမ်းပြီး နိမ့်ပါးခဲ့တဲ့ ကျနော့်ဘဝနဲ့ တိတ်တခိုး ချစ်ခဲ့တဲ့ မိန်းကလေးအတွက် မျက်ရည်ကျရပြန်ပါတယ်။ ထိုနေ့က မိုးရေတွေထဲမှာ မျက်ရည်တွေကျပြီး ဘဝကို စိတ်ပျက်အားငယ်ကာ ဦးတည်ရာမဲ့ လျောက်လှမ်းနေခဲ့ သူတစ်ယောက်ရဲ့ ခံယူချက်၊ ခံစားချက်တွေဟာ နောင်တစ်ချိန် �အပြောင်းလဲကြီး ပြောင်းလဲသွားမယ်လို့ ဘယ်သူက ထင်မိမှာလဲ။
ဒီလိုနဲ့ ကျနော်ဟာ မြို့ကို မပြန်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ မျိုးဝင်းရဲ့ စေ့စပ်ပွဲနေ့မှာ သွားခဲ့ရပေမယ့် ကျနော့်စိတ်တွေ လေလွင့်နေတာ ကျနော်ပဲ အသိဆုံးပါ။ လူအများကြားမှာ ဟန်မပျက် နေရင်း အကောင်းဆုံးနေခဲ့ရပါတယ်။ ကျနော့်ရဲ့ မာန်တင်းထားတဲ့ မျက်နှာဟာ ကြည်ပြာခင်ရဲ့ အပြုံးချိုချိုနဲ့ ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံမှုတွေကြောင့် ပျက်စီးခဲ့ရတာ အခါခါပါ။ သူမကတော့ ကျနော့်ကို မျိုးဝင်းရဲ့ အချစ်ဆုံးသူငယ်ချင်းအဖြစ် သိထားလို့ ရင်းရင်းနှီးနှီးဆက်ဆံလေ ကျနော့်ရင်ထဲက နာကျင်ကြေကွဲမှုက ထုထည်ကြီးလေပါပဲ။ ဒါကြောင့်ပဲ အတတ်နိုင်ဆုံး ရှောင်ဖယ်နေကာ သူငယ်ချင်းကောင်း ပီသအောင် နေထိုင်ခဲ့ပါတယ်။
မျိုးဝင်းနဲ့ ကြည်ပြာခင်တို့ လက်ထပ်ပြီးနောက္မှာ ကျနော်မြို့မှာ မနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ရင်ထဲက တဒင်္ဂအချစ်ကြောင့် ခံစားရမှုဟာ တဖြည်းဖြည်း ပျောက်ပျက် မသွားခဲ့ဘဲ သူတို့မျက်နှာ မြင်တိုင်း အစတိုးလို့ ခံစားနေရပါတယ်။ လင်မယားနှစ်ယောက်လုံးက ခင်ခင်မင်မင် ပြောဆို ဆက်ဆံမှုတွေ ကြုံရတိုင်း ကျနော်ရဲ့ ခံစားနေရတဲ့ စိတ်ကို အပြစ်တစ်ခုလို မြင်လာခဲ့ပါတယ်။ ကျနော့်ရဲ့ တဒင်္ဂစိတ်ကြောင့် အချစ်ဆုံးသူငယ်ချင်းအပေါ် အပြစ်တစ်ခုလို ဖြစ်နေတာ မလိုချင်ပါဘူး။ ဒါကြောင့်ပဲ မြို့ကို တစ်ပတ်တစ်ကြိမ် ပြန်လာတတ်တာကနေ တစ်လ တစ်ခါ၊ နှစ်လ တစ်ခါသာ အမေ့ဆီ ပြန်လာဖြစ်ပါတော့တယ်။
မြို့ကို ပြန်လာတိုင်း သူ့ဆီလာတွေ့ဖို့ အမြဲမှာတတ်တဲ့ မျိုးဝင်းကိုလည်း အကြောင်းအမျိုးမျိုးပြကာ ရှောင်နေခဲ့ပါတယ်။ ဒီကြားထဲမှာ ကျနော် မိန်းကလေးတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ချစ်တာ၊ ကြိုက်တာကို အခြေခံတာ မဟုတ်ဘဲ ကျနော်ရင်ထဲက သူမအပေါ် ချစ်ခြင်းကို ဖြေဖျောက် မေ့ပစ်နိုင်မလားဆိုတဲ့ စိတ်တစ်ခုနဲ့ပါ။ ချစ်သူရည်းစားရယ်လို့ သတ်သတ်မှတ်မှတ် မဟုတ်ဘဲ အလုပ်ထဲက ကျနော့်အနား ကပ်လာပြီး အထာပေးတတ်တဲ့ မိန်းကလေးတွေက အများဆုံးပါ။ ဒါပေမယ့် အဲဒီအချိန်အထိ ကျနော်က အိမ်ထောင်သည် အမျိုးသမီးတွေကို ရှောင်ပါတယ်။ ဒါကလည်း စိုင်းမောင်ရဲ့ လုပ်ရပ်တွေကို သဘောမကျခဲ့တဲ့သူမို့ ကျနော်ကိုယ်တိုင်လည်း ကာမပိုင်မိန်းမတွေနဲ့ ဝေးဝေးက ရှောင်ခဲ့ပါတယ်။
ကျနော် မကျွမ်းကျင်တဲ့ နယ်ပယ်ကို ဝင်ရောက်ပြီး တစ်ချိန်က စိုင်းမောင်ပြောခဲ့တဲ့ ကာမမှုတွေကို လက်တွေ့အသုံးချကာ ကျနော့်ရဲ့ စိတ်တွေကို အရောင်ဆိုးခဲ့ပါတယ်။ မိန်းမတွေ နှစ်သက်တတ်မယ့် နည်းလမ်းတွေကို ရှက်ခြင်း၊ ကြောက်ခြင်း၊ ရွံ့ရှာခြင်း မရှိဘဲ ဖြည့်ဆည်းပြုစုပေးရင်း ကာမသာယာမှုရဲ့ အရသာကို ကျနော် စွဲလမ်းနှစ်ခြိုက္သွားမိပါတယ်။ ကျနော့်ရဲ့ကာမဆန္ဒကလည်း တဖြည်းဖြည်း ကြမ်းတမ်းလာတာကို သတိထားမိလာပါတယ်။ ဆက်ဆံချိန်မှာ ကျနော့်အတွေးထဲ ဝင်လာတဲ့ အကြောင်းအရာတွေကပဲ ကျနော့်ရဲ့ ကြမ်းတမ်းတဲ့ ကာမမှုကို ဖြစ်စေလာတာပါ။
တစ်ချိန်က ကြည်ပြာခင်ရဲ့ နောက်ပိုင်းအလှကို ကြည့်မိယုံနဲ့ အပြစ်တစ်ခုလို ခံစားလာရာကနေ အခုတော့ ကိုယ်နဲ့ ဆက်ဆံဖက် မိန်းကလေးက ဖင်ကုန်းပေးတာနဲ့ ကြည်ပြာခင်ရဲ့ ဖင်ဝိုင်းဝိုင်းလေးတွေကို ပြန်မြင်ယောင်မိကာ စိတ်တွေ ထန်နေမိပါပြီ။ ဒါပေမယ့် ဆက်ဆံပြီးလို့ လိင်စိတ်လျော့နည်းသွားတဲ့ အခါတိုင်း ကိုယ်အချစ်ဆုံး သူငယ်ချင်းရဲ့ မိန်းမအပေါ် စိတ်ယုတ်တွေ မွေးမိလို့ နောင်တရမိတာ အခါခါပါ။ ဒါပေမယ့် တစ်ယောက်ယောက်နဲ့ ဆက်ဆံတိုင်း ထိုစိတ်ရိုင်းတွေ ပြန်ဝင်မိလို့ နောက်ပိုင်း မိန်းမတွေနဲ့ ကာမ မပတ်သတ်မိဖို့ ကြိုးစားလာရတဲ့ အထိ ကျနော့်စိတ်ကို ကျနော် လန့်လာပါတယ်။
ဒီလိုနဲ့ မျိုးဝင်းတို့ သားလေးမွေးတော့ ကျနော်ကိုယ်တိုင် လိုအပ်တာတွေ သွားဝိုင်းကူရင်း ကြည့်ပေးခဲ့ပါတယ်။ အထူးသဖြင့် မျိုးဝင်းဆေးရုံကို သွားနေတဲ့အခါ သူ့ပွဲရုံကို သွားကြည့်ပေးရင်း ပွဲရုံလုပ်ငန်းတွေကို ကျနော် လေ့လာဖြစ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ကြည်ပြာခင်အပေါ် သဘောထားတွေကိုလည်း အတော်လေး ထိန်းထိန်းသိမ်းသိမ်း နေနိုင်နေပါပြီ။ ကြည်ပြာခင်ကို ကိုယ့်သူငယ်ချင်းရဲ့ဇနီး၊ ကိုယ့်မရီးလို သဘောထားနိုင်လာပါပြီ။ ခက်တာက မိန်းမတစ်ဦးဦးနဲ့ လိင်ဆက်ဆံရင်တော့ အရင်က စိတ်တွေ ပြန်ပေါ်လာပြီး ကြမ်းတမ်းတတ်တုန်းပါပဲ။ ကျနော့်ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိတ်အခံကြောင့်ပဲ နေမှာပါ။ ဒါကြောင့်ပဲ ကျနော် မြို့ကို ပြန်လာဖြစ်တဲ့အခါမှာ ဘယ်မိန်းမနဲ့မှ မပတ်သတ်မိဖို့ ရှောင်နေမိပါတယ်။ တစ်ခုရှိတာက ကျနော် နောက်ထပ် ဘယ်အမျိုးသမီးကိုမှ ချစ်တဲ့စိတ် မပေါ်တော့တာ အသေအချာပါပဲ။
ဒီအချိန်အတောအတွင်းမှာပဲ ကျနော့်ဘဝမှာ ကံဆိုးတာလား၊ ကံကောင်းတာလား မသိရတဲ့ အဖြစ်အပျက်တစ်ခု ရှိလာပါတယ်။ ဒါကတော့ တစ်မြို့တည်းမှာ နေပေမယ့် ၁၀ ခါပြည့်အောင် မတွေ့ခဲ့ရတဲ့ ကျနော့် အဖေဆုံးသွားပါတယ်။ ရှိနေတဲ့ အချိန်မှာသာ သူ့သားကို ခေါ်မတွေ့တတ်တဲ့ အဖေက ဆုံးသွားတဲ့အခါမှာ အိမ်နဲ့ ခြံရယ်၊ ငွေကြေးအတန်အသင့်ရယ်ကို ကျနော့်အတွက် ထားသွားခဲ့ပါတယ်။ ဒီတော့လည်း အိမ်ဌားဘဝနဲ့ ဆင်းဆင်းရဲရဲ နေရတဲ့ ကျနော်တို့ သားအမိနှစ်ယောက်ဟာ အဖေ့နာရေးကိစ္စပြီးတာနဲ့ အိမ်ကြီးပေါ် တက်နေနိုင်ခဲ့ကြပါတယ်။ တစ်ချိန်က ချို့တဲ့အားငယ်ခဲ့ရတဲ့ ကျနော်ဟာ ဘဝကံကြမ္မာ အလှည့်အပြောင်းကို အံဩမိပေမယ့် ထုသားပေသား ကျနေတဲ့ စိတ်ကတော့ ထူးပြီး ဝမ်းသာမနေတော့ပါဘူး။
ဒီလိုနဲ့ အရင်းအနှီးနည်းနည်း ရှိပြီဆိုလာတော့ အလုပ်တစ်ခုလုပ်ဖို့ မျိုးဝင်းကိုပဲ တိုင်ပင်ရပါတယ်။ သူက ကျနော်လည်း အနည်းငယ် နားလည်နေပြီဖြစ်တဲ့ ပွဲရုံလုပ်ငန်းကို လုပ်ဖို့ အကြံပေးတယ်။ သူလည်း သင်ပေးမယ်တဲ့။ ခက်တာက ကျနော့်အရင်းအနှီးဟာ ပွဲရုံထောင်နိုင်လောက်အောင် မရှိပါ။ ဒီတော့ သူက ငွေအရင်းအနှီးကို သူစိုက်ပေးမယ်၊ ကျနော်က ကိုယ်တိုင် ဦးစီးပြီး သင်ယူ၊ နောက် အစဥ္ပြေမှ သူ့ကို ပြန်ပေးဖို့ ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း တစ်ဦးတည်းပိုင် မလုပ်ဘဲ၊ သူနဲ့စပ်တူသဘောမျိုးလုပ်ကာ အမြတ် တစ်ယောက်တစ်ဝက်ယူဖို့ ပြောရပါတယ်။ မျိုးဝင်းက သူ့ပွဲရုံ လုပ်ငန်းတင် မနိုင်မနင်း ဖြစ်နေလို့ ကျနော်နဲ့ စပ်တူ ထပ်မလုပ်ချင်ပေမယ့် ကျနော်တောင်းဆိုလွန်းလို့ လုပ်ဖို့ သဘောတူလိုက်ပါတယ်။
ဒီလို အလုပ်လုပ်ဖို့ ဆုံးဖြတ်ဖြစ်လိုက်တာကပဲ ကျနော့်ဘဝရဲ့ အလှည့်အပြောင်း ဖြစ်စေခဲ့တယ်ဆိုတာ ထိုအချိန်က မသိခဲ့ရိုး အမှန်ပါ။ ဒီအလှည့်အပြောင်းကို ဖန်တီးပေးသလို ဖြစ်သွားအောင် မျိုးဝင်းကိုယ်တိုင်က လုပ်ပေးမိခဲ့တယ်ဆိုရင် မမှားပါဘူး။ မျိုးဝင်းက သူ့မိန်းမက အိမ်မှာ တစ်ယောက်တည်း ပျင်းနေမှာ စိုးပြီး ကျနော့်ပွဲရုံက စာရင်းတွေကို ကိုင်ခိုင်းတာကနေ စပါတယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ကျနော့်စိတ်ထဲမှာ ရှင်းနေသေးတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်သစ်ကို စလုပ်ရတာဆိုတော့ အလုပ်ထဲမှာပဲ စိတ်နှစ်ထားလို့ပါ။ ဒါပေမယ့် ကြည်ပြာခင်နဲ့ မျက်နှာချင်းဆိုင်ပြီး စာရင်းတွေ ရှင်းရတဲ့အခါမှာ ကျနော်က အလိုလို ရင်ခုန်နေတတ်ပြီး အနေရခက်နေတတ်ပါတယ်။
ဒါကြောင့်ပဲ အစပိုင်းမှာ မျိုးဝင်းရှိမှ အဲဒီအိမ်ကို ကျနော် သွားပါတယ်။ မျိုးဝင်းကလည်း ဝိုင်းကူပေးရင်း လုပ်ငန်းမကျွမ်းကျင်သေးတဲ့ ကျနော်တို့ နှစ်ယောက်လုံးကို သင်ပေးတတ်ပါတယ်။ အဲဒီတော့ ကျနော် အနေရခက်တာ သက်သာတာပေါ့။ ကြည်ပြာခင်ကတော့ တကယ့် အရိုးခံအတိုင်းပဲ ကျနော့်ကို ခင်ခင်မင်မင် ဆက်ဆံပါတယ်။ သူ့ယောကျာ်းရဲ့ သူငယ်ချင်းဖြစ်တဲ့ ကျနော်ဟာ လုပ်ငန်းပါတနာပါ ဖြစ်နေတော့ ပိုခင်မင်လာတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ကျနော်တို့ရဲ့ အခြေအနေကို ပိုရှုပ်ထွေးလာစေမယ့် အဖြစ်က ကြည်ပြာခင်ရဲ့ ကျန်းမာရေးကြောင့်ဆိုရင် မမှားပါဘူး။ ကြည်ပြာခင်က ကလေးမွေးပြီးနောက္မှာ အားနည်းနေတတ်ပါတယ်။ အဲဒီတော့ ခေါင်းမူးနေတတ်ပြီး ဆေးခန်းကို ပြနေရတာပေါ့။
ကြည်ပြာခင်က ဗြုန်းဒိုင်းကြီး ခေါင်းမူး ခေါင်းကိုက်ဖြစ်ရင် မျိုးဝင်းက ကျနော့်ကို ဆေးခန်းလိုက်ပြခိုင်းတတ်တယ်။ ကျနော့်ပွဲရုံက မနက်ပိုင်း ကုန်စည် နှစ်မျိုး၊ သုံးမျိုးလောက်ပဲ ရှိတာဆိုတော့ နေ့ခင်းလောက်ဆိုရင် အလုပ်အားနေတတ်ပါတယ်။ မျိုးဝင်းကတော့ ကုန်စည်အစုံ လုပ်နေတာဆိုတော့ အချိန်အကန့်အသတ်မရှိဘဲ မအားရတာ များပါတယ်။ ဒါကြောင့်ပဲ ကြည်ပြာခင်ရဲ့ ဆေးခန်းပြဖို့ကို ကျနော့်ကိုပဲ အကူအညီတောင်းတာ များပါတယ်။ သူ့မှာလည်း အရင်းနှီးဆုံးက ကိုကြီးဦးနဲ့ ကျနော်ပဲ ရှိတာမို့လို့ အသက်ကြီးတဲ့ ကိုကြီးဦးတို့ကို အကူအညီတောင်းရမှာ အားနာပြီး ကျနော့်ကိုပဲ လှမ်းခေါ်နေရတာပါ။ ကျနော်ကလည်း သူ အကူအညီတောင်းတာနဲ့ ရအောင် ကူပေးတတ်ပါတယ်။
ခေတ် ငယ်တဲ့ အချိန်တုန်းကတော့ ဆေးခန်းသွားရင် ခေတ်လည်း ပါပါတယ်။ ကြည်ပြာခင် ဆရာဝန်နဲ့ ပြချိန်မှာ ကျနော်က ခေတ်ကို ထိန်းရင်း သူမအနားမှာ နေပေးရတာပေါ့။ နောက်ပိုင်း ခေတ်ကို ကိုကြီးဦးတို့က နေ့တိုင်း ခေါ်ထိန်းပေးတော့လည်း ကျနော်တို့ နှစ်ဦးတည်း သွားရတာပါပဲ။ ဒီအခါမှာလည်း ကြည်ပြာခင်အပေါ် နဂိုရှိရင်းစွဲ သံယောဇဥ္နဲ့ ကျနော်က ဂရုစိုက်ပေးမိပါတယ်။ တခါတလေ ဆေးခန်းမှာ လူများလို့ ကြည်ပြာခင် မူးနောက်နေတဲ့အခါ ယပ်ခပ်ပေး၊ ဘာပေးနဲ့ လုပ်ပေးနေမိတယ်။ ဒီလိုအပြုအမူတွေကို ကြည်ပြာခင်က အားနာလို့ မလုပ်ခိုင်းပေမယ့် ကျနော်ဘက်က လုပ်ပေးနေမြဲပါ။ ဒီလိုလုပ်ပေးခွင့် ရနေတာကို ကျနော် ကျေနပ်နေမိတယ်။
ဒီလို အတူသွား၊ အတူလာတာတွေ ရှိလာတော့ ကြည်ပြာခင်က ကျနော့်အပေါ် မိတ်ဆွေရင်းတစ်ယောက်လို ပိုခင်မင်လာပါတယ်။ ကျနော့်ဘက်ကလည်း တစ်ချိန်က တဖတ်သတ်ချစ်မိတဲ့ မိန်းကလေးဖြစ်ပေမယ့် အခုချိန်မှာ သူငယ်ချင်းရဲ့ဇနီးမယားတစ်ယောက် အနေနဲ့ အတတ်နိုင်ဆုံး သဘောထားကာ ကိုယ့်စိတ်ကို ကိုယ်ထိန်းပါတယ်။ ဒါပေမယ့် သူမနဲ့ နှစ်ယောက်တည်း နေရတဲ့အချိန်မှာ ပျော်နေမိတာနဲ့ သာယာနေမိတာကို ကျနော် သတိထားမိပါတယ်။ တခါတလေ မျိုးဝင်းကိုယ်တိုင် လိုက်ပို့တတ်တဲ့ နေ့များမှာ ကျနော့်စိတ်ထဲ ဟာတာတာကြီး ဖြစ်နေတတ်ပါတယ်။ ငြိမ်နေပြီထင်ရတဲ့ ကျနော့်နှလုံးသားဟာ တဖန်ပြန်လည်ပြီး အသက်ဝင်နိုးကြားလာတာကို ရသမျှအခွင့်အရေးလေး အပေါ်မှာ သာယာနေမိတဲ့စိတ်နဲ့ မတားဆီးဖြစ်ခဲ့ပါဘူး။
ကျနော့်ရဲ့နှလုံးသားကို အတိုင်းအဆမရှိ လှုပ်ခါတုန်ခတ်စေတဲ့ အဖြစ်အပျက္များကတော့ ကြည်ပြာ တက္ကသိုလ် ပြန်တက်ခဲ့တာက စပါတယ်။ ကြည်ပြာက တက္ကသိုလ်ပြန်တက်ဖို့ မျိုးဝင်းနဲ့ အတိုက်အခံဖြစ်ပြီးမှ ခွင့်ပြုချက် ရခဲ့တာပါ။ ဒီတော့လည်း အပို့အကြိုက ကျနော်ပဲ တာဝန်ယူရတာ များပါတယ်။ အဝေးသင်ပေမယ့် ကျောင်းကိစ္စ၊ ကျူရှင်ကိစ္စနဲ့ တစ်ပတ်မှာ နှစ်ရက်တော့ ကျနော်နဲ့ အပြင်ထွက်ရပါတယ်။ ဒီတော့လည်း တစ်သားမွေး၊ တစ်သွေးလှဖြစ်တဲ့ အသက် ၂၀ ကျော် မိန်းကလေးတစ်ယောက်ရဲ့ အလှဆုံးပြင်ဆင်ခြယ်သ ဝတ်ဆင်ပြီး အပြင်ထွက္မှုကို အနီးကပ်နေရတဲ့ ကျနော့်ရင်ထဲက နှလုံးခုန်သံတွေဟာ ဆူညံနေရတာ ထုံးစံပါပဲ။
လင်ရှိမယား ဥမ္မာဒန္တီရဲ့ အလှကို ယစ်မူးပြီး တမ်းတမ်းတတဖြစ်ရတဲ့ သီဝိမင်းရဲ့ ခံစားချက်ကို ကျနော်နားလည်ခဲ့ပါပြီ။ သီဝိမင်းကတော့ ဘုရားလောင်းမို့လို့ နောက်ဆုံးမှာ သတိသံဝေဂ ရခဲ့ပေမယ့် ကိလေသာနွံထဲက ကျနော်ကတော့ တစ်နေ့ထက်တစ်နေ့ ရမ္မက်လောင်မြိုက်ခြင်းကို တိုးတိုးပြီး ခံရတော့တာပါပဲ။ ဒါပေမယ့် ကျေးဇူးရှင် သူငယ်ချင်းရဲ့ အိန္ဒြေရှင် မိန်းကလေးမို့ အကြောင်းကြောင်းကို ထောက်ထားကာ ကျနော့်ရဲ့ စိတ်ရိုင်းတွေကို အခါခါ ချိုးနှိမ်ထားခဲ့ရပါတယ်။ ကြည်ပြာနဲ့ အတူသွား၊ အတူလာ ပြီးကတည်းက ကျနော့်ရဲ့ အတွေးတွေထဲမှာ ချစ်စရာကောင်းလွန်းလှတဲ့ သူမရဲ့ ပြောဟန်တွေ၊ ပြုံးဟန်တွေ၊ နေထိုင်သွားလာပုံတွေဟာ ကြီးစိုးနေခဲ့ပါတယ်။ တစ်နေ့ထက် တစ်နေ့ တိုးတိုးလာတဲ့ သူမအပေါ် ပိုင်ဆိုင်ချင်စိတ်ကပဲ ကျနော့်ဘဝမှာ စည်းအထပ်ထပ်ကို ချိုးဖောက်ဖို့ရာ ဖြစ်လာစေခဲ့ပါတယ်။
Comments
Post a Comment