Skip to main content

ကွေ့ကောက်သော မြစ်အလယ် ဒုတိယတွဲ အပိုင်း ၃၄

 ကွေ့ကောက်သော မြစ်အလယ် ဒုတိယတွဲ အပိုင်း ၃၄

 ဒီနောက်ပိုင်းမှာ ကျမဘက်က မသိချင်ယောင်ဆောင်ပြီး မမနဲ့ သူ့ကို ဟန်မပျက် ဆက်ဆံပေးခဲ့ပါတယ်။ မမကတော့ ကျမအပေါ် အရင်လိုပဲ နေထိုင်ဆက်ဆံ ချစ်ခင်ပေးတုန်းပါပဲ။ သမီးတစ်ယောက်နဲ့ ကသီလင်တနိုင်နေတဲ့ ကျမကို ဖေးကူစောင့်ရှောက်ပေးရင်း အမရင်းတစ်ယောက်လို ကောင်းပေးနေခဲ့ပါတယ်။

                 မမက ကျမအပေါ် ဂရုစိုက် ချစ်ခင်လေ ကျမ ရင်ထဲ ဝမ်းနည်းလေပါပဲ။ မမကတော့ ကျမရင်ထဲ ခံစားနာကျင်နေရတာတွေ ဘယ်သိမလဲ။ ကိုကြီးနဲ့ အိမ်ထောင်ပြုပြီးကတည်းက ဆင်းရဲနွမ်းပါးတဲ့ ကျမကို ညီမအရင်းလို စောင့်ရှောက်ချစ်ခင်ခဲ့တာလေ။ အဲဒီအကြောင်းတွေ ပြန်စဥ္းစားမိတိုင်း ကျမ ဝမ်းနည်းရပါတယ်။

                အပြုံးချိုချိုနဲ့ ကျက်သရေရှိရှိ လှပနေတဲ့ မမ မျက်နှာလေး မြင်တိုင်း ဒီအမျိုးသမီးက လင်တစ်ယောက်တည်းကို ကျမနဲ့ မျှဝေဆက်ဆံနေတဲ့ သူပါလားလို့ အတွေးဝင်မိတတ်ကာ ခံစားရပါတယ်။ တကယ်ဆိုရင် မမနဲ့ ကျမ ဘဝမှာ အံ့ဩဖွယ်ကောင်းအောင် တိုက်ဆိုင်သလို ဆန်းကြယ်လှပါတယ်။

                မမနဲ့ ကျမဟာ ကိုမျိုးဝင်းဆိုတဲ့ ကိုကြီးနဲ့ နှစ်ယောက်လုံး ပတ်သတ်ခဲ့ကြတယ်လေ။ ကျမက ကိုကြီးကို တိတ်တခိုး ချစ်ခင်စွဲလမ်းရပြီး၊ မမကတော့ ကိုကြီးကို ပိုင်ဆိုင်ခဲ့ရတယ် မဟုတ်ပါလား။ အခုလည်း ကျမတို့ နှစ်ယောက်ဟာ ကိုသန့်စင်နဲ့ ပတ်သတ်နေမိကြပြန်ပါတယ်။ မမနဲ့ ညားတဲ့ ကိုကြီးကို ကျမက စိတ်ထဲချစ်နေမိပြီး ကျမနဲ့ ညားတဲ့ ကိုသန့်စင်နဲ့ မမက တိတ်တိတ်ပုန်း ဖောက်ပြန်နေပါပြီ။

                ဒီလိုအတွေးများနဲ့ ရှာကြံစိတ်ဖြေသိမ့်မိတော့ မမနဲ့ မျက်နှာချင်းဆိုင်ရတာ သိပ်မခက်တော့ပါဘူး။ နေတတ်လာပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ မမနဲ့ ညီအမတွေလိုပဲ ချစ်ချစ်ခင်ခင် ပြန်နေနိုင်ခဲ့ပါတယ်။

                ဒါပေမယ့် ကိုသန့်စင်နဲ့ ပတ်သတ်ရင်တော့ ကျမရင်ထဲမှာ ဖြေမဆည်နိုင်တဲ့ အစိုင်အခဲ ကြီးကြီး ဖြစ်သွားရပါတယ်။ အရင်က သူ့အပေါ် အားကိုးယုံကြည်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ခဲ့ရတယ်လေ။ သမီးလေး မျက်နှာ ထောက်ပြီး သူ့ကို မသိချင်ယောင်ဆောင်ကာ ခွင့်လွှတ်ပေးခဲ့ပေမယ့် သူနဲ့ကျမ ကြားမှာ တဖြည်းဖြည်း ဝေးကွာမှုတွေ စတင်ခဲ့ပါတယ်။

                ဖြစ်ခဲ့တာတွေ သင်ပုန်းချေပြီး နောက် မမှားအောင်ဘဲ ဂရုစိုက်ကာ သူ့အပေါ် အရင်လို ပြန်ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့မျက်နှာမြင်တိုင်း ကျမရင်ထဲမှာ ခံပြင်းနာကျည်းမှုတွေ တိုးသထက် တိုးရပါတယ်။ အထူးသဖြင့် အိပ်ရာထက် မှာ လင်မယားအရာပြုကြရင် ကျမစိတ်တွေ သာယာမှု မခံစားရတော့ပါဘူး။

                  သူ့ရဲ့ ဆန္ဒပြင်းပြမှုတွေ၊ အားမာန်ပြင်းပြင်းတွေ တွေ့ကြုံရတိုင်း ကျမ ရွံရှာနေမိပါတယ်။ ဒါပေမယ့် ကျမမှာ ငြင်းဆန်ဖို့မှ မတတ်နိုင်တာလေ။ ကျမရင်ထဲက နာကျည်းမှုတွေကို သမီးမျက်နှာနဲ့ မေ့ဖျောက်ထားရပါတယ်။ အခုချိန်မှာ ကျမ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရတော့ဘူးလေ။ အနှောင့်အဖွဲ့တွေ ရှိနေခဲ့ပြီ မဟုတ်ပါလား။

အဲဒီတော့ မချစ်သော်လည်း အောင့်ကာနမ်းရတော့မှာပေါ့။ လင်မယားဆိုတဲ့ ခေါင်းစဥ္အောက် မှာတော့ မယားဝတ္တရားကျေပွန်ရမယ်လေ။ အိပ် ရာထက် ကိစ္စတွေမှာတော့ ကျမဘက်က မပျော်ရွှင်နိုင်တော့တာမို့ သူဆန္ဒရှိလို့ တောင်းဆိုတိုင်း သမီးအကြောင်းပြကာ ရှောင်ဖယ်နေခဲ့ပါတယ်။ မရတဲ့ အဆုံးမှာတော့ သူ့ကာမဆန္ဒတွေကို ခံစားမှုမဲ့တဲ့ စိတ်နဲ့ပဲ ဖြည့်ဆည်းပေးရတာပေါ့ရှင်။

               ဒါကြောင့် နောက်ပိုင်းနှစ်များမှာ သူနဲ့ကျမရဲ့ အိပ်ရာထက် ကိစ္စတွေ နည်းပါးလာပြီး သာယာမှုမဲ့ခဲ့ကြပါတယ်။ သူ့အနေနဲ့လည်း ကျမဘက်က ရှောင်ဖယ်နေတာကို သတိပြုမိမှာပါ။ ဒါပေမယ့် ကျမအပေါ် အပြစ်မဆိုပါဘူး။ တကယ်သာ ဒီကိစ္စနဲ့ ပြစ်တင်ပြောဆိုလာရင် ကျမဘက်က ပေါက်ကွဲဖို့ အသင့်ပါပဲ။

               ဒါပေမယ့် သူ့ဘက်က အပြစ်မပြောဘဲ ကျမပေးသလောက် သာယာမှုနဲ့ပဲ ကျေနပ်နေခဲ့ပါတော့တယ်။ ဒါကလည်း ကျမဆီက မရနိုင်တဲ့ သာယာမှုတွေ မမဆီက ရနေလို့ ဖြစ်မှာပေါ့။ သူတို့နှစ်ယောက် ရှေ့ဆက်လို့ မရအောင် အတတ်နိုင်ဆုံး စောင့်ကြည့်ထိန်းသိမ်းနေပေမယ့် ကြာရှည်တော့ ဘယ်ရပါ့မလဲ။

               အမိုက် မှောင်ကို သာယာပြီး ကျေနပ်နေသူတွေကတော့ အမှောင်တောကို မရ ရအောင် ရှာကြံပြီး တိုးဝင်ပျော်ပါးနေမှာ သဘာဝပါပဲ။ ဒီလိုပါပဲ။ ကိုသန့်စင်နဲ့ မမဟာ ဆိတ်ကွယ်ရာ အရပ်တွေမှာ လွန်ကျူးဖေါက်ပြန်နေကြမယ်ဆိုတာ ကျမ သိပါတယ်။ ကျမမှာလည်း သမီးတစ်ဖက်နဲ့မို့ အချိန်ပြည့် မပေးနိုင်ဘူးလေ။

               ပြီးတော့ ကိုသန့်စင်ကိုလည်း ကျမ ပြောချင်စိတ်တွေ မရှိတော့ပါဘူး။ ကာမကိစ္စမှာ ကျမတစ်ယောက်ထက်ပိုပြီး လိုချင်စိတ်အားကြီးနေတဲ့ သူ့ကို ရွံလာတာလည်း ပါပါတယ်။ နောက်ပိုင်းတော့ နေ့ခင်းဘက်တွေဆို မမအိမ်မှာ ကျမ အနေများပါတယ်။ ကျမရှိနေရင် ကိုသန့်စင် လာချင်တိုင်း လာလို့မရဘူးလေ။ ကျမအနေနဲ့ ဒီထက် ပိုတားဆီးဖို့လည်း စိတ်မရှိတော့တာ အမှန်ပါ။

               တစ်ခါတလေ မမ မျက်နှာ လှလှလေးကို ကြည့်ရင်း ယောက်ျားတစ်ယောက်ကို မမနဲ့ကျမတို့ နှစ်ယောက် မျှဝေပေါင်းသင်းနေသလို ဖြစ်နေရပါလားလို့ တွေးမိပါတယ်။ မမကတော့ ကျမရိပ်မိသိရှိနေတာကို မသိရှာပါဘူး။ ဒါကြောင့်ပဲ ကျမကို ညီမလေးတစ်ဦးလို ပြောဆိုဆက်ဆံနေတာပေါ့။ အချိန်ကြာလာတာနဲ့အမျှ ကျမလည်း မမအပေါ် အရင်ကလို စိတ်ထားမျိုး ပြန်ထားလာနိုင်ပါတယ်။

              ကျမ စိတ်မကောင်း ဖြစ်ရတာက ဘာမှ သိပ်မသိတတ်သေးတဲ့ ခေတ်လေး အပေါ်ကိုပါ။ ခေတ်လေးကတော့ ကလေးပီပီ ကျမတို့ မိသားစုကို ခင်မင်တွယ်တာနေပါတယ်။ သမီးလေးကိုလည်း သူ့ညီမလေးလို ချစ်တာပါ။ သူလည်း တစ်ဦးတည်းသော သားမို့ ငုဝါလေးကိုပဲ ချစ်နေရတာပေါ့။

ခေတ်က ကျောင်းကပြန်လာတိုင်း ငုဝါလေးအတွက် မုန့်လေးတွေ ဝယ်လာတတ်ပါတယ်။ ပြီးတော့ အတူကစားပေးတတ်တယ်။ တီတီတာတာ စကားစပြောတတ်လာတဲ့ ငုဝါလေးကို မမောတမ်းဒိုင်ခံကာ စကားထိုင်ပြောတတ်ပါတယ်။ ငုဝါလေးကလည်း ခေတ်ကို အကိုတစ်ဦးလို တော်တော်ချစ်တာပါ။

                ဆွေမျိုး အရင်းအခြာ မရှိတဲ့ ခေတ်ကတော့ ကျမတို့ကို ဆွေမျိုးရင်းတွေလို ခင်တွယ်နေရှာတာပါ။ ကျမကိုလည်း အဒေါ်တစ်ဦးလို သဘောထားပြီး ချွဲနွဲ့တတ်ပါတယ်။ ပြီးတော့ ကိုသန့်စင်ကိုလည်း ဦးလေးတစ်ယောက်လို ခင်မင်အားကိုးတာကို တွေ့ရပါတယ်။

                ခေတ်က ကိုသန့်စင်ကို ခင်မင်တာကို တွေ့ပြီး ကျမ စိတ်မကောင်း ဖြစ်ရပါတယ်။ ခေတ်ခမျာတော့ ဘာမှ မသိရှာဘူးကိုး။ သူအားကိုးယုံကြည်ပြီး ခင်မင်တဲ့ လူက သူ့အမေရဲ့ ခန္ဓာကိုယ်ကို စိတ်ကြိုက်ရယူစားသုံးနေတာ ဘယ်သိရှာပါ့မလဲ။ ကလေးအတွေးနဲ့ မသိနိုင်ပါ။

                ဖြူစင်တဲ့ ခေတ်လေးကို ကြည့်ပြီး ကျမမှာ အားနာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုသန့်စင်က ကျမ ယောက်ျားပဲလေ။ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ မမ သဘော ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ခေတ် အတွက်ကတော့ ခင်မင်တွယ်တာ ယုံကြည်မှုကို ပျက်စီးသွားရမယ် မဟုတ်ပါလား။ ဒါတွေကို စဥ္းစားမိပြီး ခေတ်အပေါ် အပြစ်ကျူးလွန်မိသလို ခံစားရပါတယ်။

               ခေတ်လေး အရွယ်ရောက်လာလို့ အကြောင်းစုံတွေ သိကုန်ရင် ဘယ်လိုဖြစ်မလဲဆိုတာကို မတွေးရဲပါဘူး။ ကျမတို့ မိသားစုကို အမုန်းကြီး မုန်းသွားနိုင်ပါတယ်။ ကျမက ခေတ်ကို ငယ်စဥ္ကတည်းက ချစ်ခဲ့ရသူမို့ ခေတ်လေး ခံစားနာကျင်ရမှာမျိုး မဖြစ်စေချင်ပါဘူး။ ဒီလို ရှက်ရွံ့ဖွယ် ကိစ္စတွေ ခေတ်တစ်ယောက် မသိပါစေနဲ့လို့ပဲ ကျမ ကြိတ်ဆုတောင်းနေရပါတယ်။

              ပြီးတော့ ခေတ်က သူ့ညီမလေး ငုဝါအတွက် မုန့်လေးတွေ ယူလာပေးတာ၊ အတူကစားပြီး စကားထိုင်ပြောနေတာလေးတွေကြည့်ပြီး ကိုကြီးကို ပိုသတိရမိပါတယ်။ ကျမ ငယ်စဥ္ကလည်း ကိုကြီးတို့ ပွဲရုံနောက်က အိမ်လေးမှာ ကပ်နေရပြီး အပေါင်းအဖော် ကစားဖော်မရှိပဲ နေခဲ့ရတာလေ။ ဒါပေမယ့် ကိုကြီးက သူ့အိမ်ကနေ မုန့်တွေယူလာပြီး ကျွေးတတ်သလို၊ ကျမနဲ့ အဖော်ပြုကာ စကားထိုင်ပြောပေးတတ်တယ် မဟုတ်ပါလား။

              ကိုကြီးရဲ့ ကြင်နာနွေးထွေးမှုတွေကို အခုချိန်ထိ ကျမ သတိရတမ်းတနေမိတုန်းပါပဲ။ အခုလည်း ကိုကြီးရဲ့ သားက ကျမရဲ့ သမီးလေးကို ချစ်ခင်ဂရုစိုက်ပေးနေခဲ့ပါပြီ။ ဒီမြင်ကွင်းကို တွေ့ရတော့ ကျမရင်ထဲ ကြည်နူးသလို ကိုကြီးကိုလည်း ပိုလို့ သတိရနေမိပါတယ်။ ပြီးတော့ ဖြူစင်သန့်ရှင်းတဲ့ ခေတ်ဘဝလေး အမြဲပျော်ရွှင်နေပါစေလို့ ဆုတောင်းပေးနေမိပါတယ်။


ဒါပေမယ့် ကျမဆုတောင်းတွေ မပြည့်ခဲ့ဘူးနဲ့ တူပါတယ်။ နောက်ပိုင်းမှာ ခေတ်ဟာ မမနဲ့ တစိမ်းဆန်ဆန် ဆက်ဆံလာပါတယ်။ တစ်ရက်၊ တစ်လ မဟုတ်ပါဘူး။ နောက်အမြဲတမ်း မမအပေါ် တစိမ်းဆန်ဆန် ဆက်ဆံသွားတော့တာပါ။ အမေကို သိပ်ချစ်တဲ့ သားတစ်ယောက်က အခုလို ပြောင်းလဲသွားရတာဟာ ဘာကြောင့်လည်းဆိုတာ ကျမ သိနေခဲ့ပါတယ်။

             ဒါပေမယ့် ခေတ်က ဆူပူသောင်းကြမ်းတာမျိုး မလုပ်ခဲ့လို့ ကျမ တွေးရခက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှ သူ့အမေကို သိပ်ချစ်လို့ အရှက်တကွဲဖြစ်အောင် မပေါက်ကွဲခဲ့ဘဲ တစ်ယောက်တည်း ကြိတ်ကာ ခံစားခဲ့မှန်း ခန့်မှန်းမိလာပါတယ်။ ကျမတောင် အကြောင်းကြောင်းတွေထောက်ပြီး တစ်ယောက်တည်း ခံစားနာကျင်ခဲ့ရတာ မဟုတ်ပါလား။

             ဒါကြောင့်ပဲ ခေတ်ကို ပိုပြီးစာနာမိသလို သနားမိပါတယ်။ ပြီးတော့ ခေတ်က ကိုသန့်စင်ကိုလည်း ရန်မလုပ်ပေမယ့် အတတ်နိုင်ဆုံး မျက်နှာချင်း မဆိုင်ဖြစ်အောင် ရှောင်ဖယ်နေတတ်ပါတယ်။ ကျမကလည်း သူတို့နှစ်ဦး မျက်နှာချင်း မဆိုင်မိအောင် ကြိုးစားပေးခဲ့ပါတယ်။ အချိန်ကြာကြာ မျက်နှာချင်းဆိုင်မိရင် ရင်ထဲက ဒဏ်ရာတွေ ပြန်ပေါ်လာပြီး ပြဿနာ တက်သွားနိုင်တယ်လေ။

              ကျမဟာ ကိုသန့်စင်အတွက် မစိုးရိမ်ပါဘူး။ ခေတ်ကိုသာ စိုးရိမ်မိတာပါ။ နာကျည်းဒေါသကြောင့် ခေတ်ဘဝလေး နစ်မွန်းသွားရမှာ ကျမ အဖြစ်မခံနိုင်ပါဘူး။ တစ်ခါတလေ ကိုသန့်စင်ကို ခေတ် ကြည့်တဲ့ အကြည့်တွေမှာ မုန်းတီးရွံရှာမှုတွေနဲ့ လက်စားချေချင်တဲ့ အရိပ်အရောင်တွေ တွေ့ရပါတယ်။ ဒါကို ခေတ်အတွက်တွေးပြီး ကျမ စိုးရိမ်လွန်းလှပါတယ်။

              ဒါကြောင့်ပဲ နောက်ပိုင်းနှစ်များမှာ ခေတ်အပေါ် ပိုပြီ နားလည်မှုပေးပြီး ကြင်နာနွေးထွေးမှုတွေ ကျမ ပိုပေးဖြစ်ခဲ့ပါတယ်။ ဒေါသအာဃာသတွေကို မေတ္တာတရားနဲ့သာ ကုစားနိုင်တယ်မဟုတ်ပါလား။ ကျမယောက်ျားကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ခံပြင်းနာကျည်းမှုတွေကို ကျမရဲ့ကြင်နာနွေးထွေးမှုတွေနဲ့ ကုစားပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

               ကျမရဲ့ မေတ္တာမှန်လို့လား မသိပါဘူး။ ခေတ်ကလည်း ကိုသန့်စင်ကိုသာ ရှောင်နေခဲ့ပေမယ့် ကျမနဲ့ သမီးလေးအပေါ်မှာတော့ အရင်လိုပဲ ခင်မင်တွယ်တာနေတုန်းပါပဲ။ အထူးသဖြင့် သမီးလေး ငုဝါအပေါ် ပိုပြီးဂရုစိုက်လာခဲ့ကာ အချိန်ပေးတတ်ပါတယ်။ သူတို့မောင်နှမရဲ့ ချစ်ခင်တွယ်တာမှုကို ကြည့်ပြီး ကျမနဲ့ မမလည်း ပျော်ရွှင်ကြည်နူးကြရပါတယ်။

                တစ်ခါတလေတော့ ကျမအနား လာထိုင်ပြီး မျက်နှာမှိုင်တွေနေတတ်ပါတယ်။ သူ့ရင်ထဲက ဝမ်းနည်းနာကျင်နေတာကို ကျမ သိတာပေါ့။ ဒါပေမယ့် ကျမကို ဘာမှ ဖွင့်မပြောတတ်ပါဘူး။ ကျမကပဲ သူစိတ်သက်သာ ပျော်ရွှင်ရအောင် စကားရှာကြံပြောပြီး ဖြေသိမ့်ရပါတယ်။ ဒါပေမယ့် ခေတ်က ငုဝါနဲ့ အတူရှိနေချိန်မှာတော့ သူ့ရင်ထဲက ဒဏ်ရာတွေ မေ့ပျောက်နေသလိုပါပဲ။ ပျော်ရွှင်အေးချမ်းနေတတ်ပါတယ်။


ဒီနောက်ပိုင်းမှာတော့ အရွယ်ရောက်လာတဲ့ ခေတ်ကို ကြည့်ကာ ကျမရင်ထဲ တစ်မျိုးကြီးပါပဲ။ အခုဆိုရင် ခေတ်ဟာ တက္ကသိုလ်ကျောင်းသား လူပျိုပေါက်ကြီးတောင် ဖြစ်နေပြီလေ။ ဒီတော့လည်း ခေတ်ရဲ့ပုံဟန်တွေကို တွေ့တိုင်း ကိုကြီးကို ပြေးမြင်မိတာပါပဲ။ ခေတ်မျက်နှာလေးက မမနဲ့ ပိုတူပါတယ်။ မျက်နှာလေးက နုဖက်ပြီး ချောပါတယ်။

               ဒါပေမယ့် ကိုယ်လုံးကိုယ်ထည်အရပ်အမောင်း၊ အဆစ်အပေါက်ကတော့ ကိုကြီး ငယ်ငယ်တုန်းက အတိုင်းပါပဲ။ အမိ အဖတွေရဲ့ အချောအလှတွေကို ပိုင်ဆိုင်ထားတဲ့ သူပါ။ ကျမ အနားမှာ ခေတ်ရှိနေချိန်တိုင်း ကိုကြီးကို ပြန်မြင်ယောင်နေရသလိုပါပဲ။

               လူမှန်းသိတတ်စ အရွယ်ကတည်းက အဖေနဲ့ ဝေးကွာခဲ့ရတဲ့ ကလေးပါ။ အခုချိန်မှာလည်း အရွယ်နဲ့ မမျှအောင် ခံစားနာကျင်နေမှာကို ကျမ မကြည့်ရက်ပါဘူး။ ကျမအနား ခေတ် ရှိနေချိန်မှာ တဒင်္ဂဖြစ်ဖြစ် စိတ်အေးချမ်း ပျော်ရွှင်စေချင်တဲ့စိတ် ကျမမှာ အမြဲရှိပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ခေတ်အတွက် ကျမရဲ့ စိုးရိမ်ပူပန်မှုတွေ ထပ်တိုးလာခဲ့ရတဲ့ အဖြစ်တွေ ရှိလာခဲ့ပါတယ်။

                ကိုသန့်စင်နဲ့ မမတို့ရဲ့ အဖြစ်ကို ခေတ် သိရှိသွားချိန်မှာ အခြေအနေတွေ ရပ်တန့်သွားခဲ့ပါတယ်။ မမကိုယ်တိုင်က ကိုသန့်စင်ကို အနားကပ် မခံတော့တာပါ။ ကိုသန့်စင်ကို ကျမ ပါမှ မမက အိမ်ကို အလာခံတော့ပါတယ်။ အဲဒီအချိန်မှာတော့ ကိုသန့်စင်ကိုယ်တိုင် အနေအထိုင် ဆင်ခြင်တာကို တွေ့ရပါတယ်။ ကျမ စိတ်ချမ်းသာခဲ့ရတဲ့ အချိန်တွေပေါ့။

               ဒါပေမယ့် ကိုသန့်စင်ရဲ့ စည်းမစောင့်ဘဲ တဏှာလွန်ကျူးတတ်ပုံကို သိနေတဲ့ ကျမအဖို့ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရတာပါပဲ။ အချိန်နည်းနည်း ကြာလာတာနဲ့ သူ့ရင်ထဲ ကြိတ်မနိုင် ခဲမရဖြစ်နေမှာကို သိနေပါတယ်။ ဒီလိုတွေ သိနေခဲ့လို့လည်း ကိုသန့်စင်အပေါ် စိတ်ပျက်လာခဲ့ပါတယ်။

               ကျမနဲ့ ကိုသန့်စင်ရဲ့ အိပ်ရာထက် လင်မယားခန်းကလည်း ခန်းခြောက်လာခဲ့ပါတယ်။ အဲဒီလို လင်မယား သံယောဇဥ္ ခန်းခြောက်လာမှုတွေကပဲ မမအပေါ် ပြန်ပတ်သတ် ဆက်နွယ်ဖို့ အကြောင်းရင်းခံတွေ ဖြစ်လာရသလား မသိပါဘူးရှင်။

                တစ်နေ့ အိမ်ကဖုန်းနဲ့ ကိုသန့်စင် ဖုန်းဆက်နေတာ အမှတ်မထင် ကျမ ကြားလိုက်ရတယ်။ ကျမ နေ့ခင်းဘက် အိပ်နေတယ် ထင်ပြီး သူဖုန်းဆက်နေပုံပါ။ ပထမတော့ တိုးတိုးပြောနေရင်းနဲ့ နောက်တော့ ဒေါသသံနဲ့ အသံကျယ်လာပါတယ်။ မကြည်ပြာဆိုတဲ့ ခေါ်သံကြောင့် မမဆီကို ဆက်နေမှန်း သိလို့ ကျမ အသာလေး နားစွင့်နေလိုက်ပါတယ်။

                သူက မမဆီကနေ တစ်ခုခုတောင်းဆိုနေသလိုပါ။ မမက ခွင့်မပြုနိုင်ဘူး ငြင်းတယ်နဲ့ တူပါတယ်။ သူ့အသံက ဒေါသသံ ပါလာပါတယ်။ ပြီးတော့ သူ့စကားတွေက ခြိမ်းခြောက် အကြပ်ကိုင်နေသလိုပါပဲ။ သူတောင်းဆိုတာ ခွင့်မပြုရင် သူ့ဘက်ကလည်း ဘာမှ ထိန်းသိမ်းထားစရာ မလိုဘူးလို့ ပါလာပါတယ်။ အဲဒီနောက် မှာတော့ သူလာခဲ့မယ်ဆိုပြီး ပြောကာ ဖုန်းချလိုက်ပါတယ်။

အဲဒီအဖြစ်အပျက် ပြီးတဲ့နောက် မှာ ကျမ တော်တော် အတွေးရခက်လာပါတယ်။ ကိုသန့်စင်က မမကို ဘာတွေ အကျပ်ကိုင်နေတာလဲ။ မမနဲ့ သူ ဖြစ်ခဲ့ကြတာ စိတ်တူကိုယ်တူ မဟုတ်ဘူးလား။ ကျမ သိသလောက်ကတော့ ဒီနောက်ပိုင်းမှာ မမက သူ့ကို အကပ်မခံတော့ဘူးလေ။ ဒါကို သူက ပြန်စချင်နေသလိုပါပဲ။

              ဒါကြောင့်ပဲ မမ မငြင်းနိုင်တဲ့ ကိစ္စတစ်ခုခုနဲ့ အကျပ်ကိုင်နေပုံ ရပါတယ်။ ငွေကြေး၊ လုပ်ငန်းနဲ့တော့ မဖြစ်နိုင်ပါ။ ဒါဆို သူဘာနဲ့ အကျပ်ကိုင်ချင်နေရတာလဲ။ မမကရော လက်ခံပါ့မလား။ သူနဲ့ မမနဲ့ ပြန်ဖြစ်နေကြသလား။ ဒီတစ်ခါ ပြန်ဖြစ်တယ်ဆိုရင်တော့ ကိုသန့်စင် တော်တော် လွန်သွားပါပြီ။ အရွယ်ရောက်လာတဲ့ သမီးမျက်နှာမှ မထောက်တဲ့ သူ့ကို တော်တော်ရွံမုန်းမိပါတယ်။

               ဒီတစ်ခါတော့ သူ့ကို သည်းမခံနိုင်တော့အောင်ပါပဲ။ ဒါပေမယ့် ကျမကိုယ်တိုင်ကလည်း ဘာမှသေချာ မသိပါဘူး။ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေတော့လည်း မူမပျက်ကြပါဘူး။ အရင် သူတို့ဖြစ်ကြတုန်းက တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက် ကျမရိပ်မိပါတယ်။ အခုဟာကတော့ လနဲ့ချီအောင် ကျမစောင့်ကြည့်ပေမယ့် မသင်္ကာစရာ မတွေ့ရတော့ ကျမအတွေးရ ခက်လာပါတယ်။

              ကျမ အထင်မှားနေတာလားလို့ပင် တွေးမိပါတယ်။ တစ်ခုရှိတာက ကျမ စောင့်ကြည့်နေပေမယ့် သမီးဝေရာဝစ္စရယ်၊ အိပ်ရာထဲ လဲနေတဲ့ မိခင်ကို  သွားပြုစုနေရတာရယ်ကြောင့် အချိန်ပြည့် မကြည့်နိုင်ဘူးလေ။ အဲဒီတော့ သူတို့ ဖြစ်နေရင်လည်း ဖြစ်နေမှာပါ။ ပြန်ဖြစ်နေရင်လည်း မမကိုယ်တိုင်က မငြင်းနိုင်တဲ့ ကိစ္စတစ်ခုခုကြောင့် သူ့အလိုကို လိုက်လျောရတာ ဖြစ်မှာပါ။

              ကျမ ကိုယ်တိုင်ကရော ဘာထူးလို့လဲ။ သူ့ကို ရွံမုန်းရပေမယ့် မိခင်ရဲ့ ကျန်းမာရေး စားရိတ်နဲ့ သမီးရဲ့ ဘဝရှေ့ရေးကြောင့် အောင့်အီးသည်းခံနေရတာ မဟုတ်ပါလား။ ပြီးတော့ ဒီလောက်နှစ်တွေ ကြာလာမှတော့ လူတစ်ယောက်ရဲ့ စိတ်ကို ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့ဘူးလေ။ ဖြစ်သမျှအကြောင်း အကောင်းပဲ မှတ်နေရတဲ့ ဘဝဖြစ်နေရပါပြီ။ သမီး အပျိုပေါက် ဖြစ်လာတော့မှ မိဘတွေ ကွဲရမှာလည်း မဖြစ်စေချင်ပါဘူး။

              ကျမ စိုးရိမ်တာ တစ်ခုက သူတို့ပြန်ဖြစ်နေတာကို ခေတ်တွေ့သွားမှာကိုပါ။ အရွယ်ရောက်လာပြီ ဖြစ်တဲ့ ခေတ်က ဒီတစ်ခါမှာ ဘယ်လိုတုန့်ပြန်မယ်ဆိုတာ မတွေးတတ်ပါဘူး။ အဲဒီ စိုးရိမ်စိတ်နဲ့ပဲ ကျမ ပူလောင်နေရပါတယ်။ ကျောင်းပိတ်ရက် ပြန်လာတဲ့ ခေတ်တစ်ယောက် သမီးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေတာကို မြင်တွေ့ရတိုင်း ဝမ်းသာကြည်နူးရသလို တစ်ဖက် မှာလည်း ကိုသန့်စင် လုပ်ရပ်တွေ သိသွားမှာကို စိုးရိမ်ပူပန်နေမိပါတယ်။

              တကယ်တော့ ကျမ ဘဝက ကြိုးဆွဲ ယမင်း ရုပ်သေးရုပ်လေးနဲ့ မခြားပါဘူး။ အကြောင်းကြောင်းတွေကြောင့် ကိုယ်တိုင် ကကွက် မစဥ္နိုင်ဘဲ သူတစ်ပါးရဲ့ ကြိုးဆွဲရာမှာ ကကြိုးညီညီ ကပြနေရတာပါပဲ။ မတူတာက ကျမမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ်လေ။ ဒီနှလုံးသားကလည်း တစ်ခါမှ လွတ်လွတ်လပ်လပ် ထုတ်ဖော် ခံစားခွင့် မရှိခဲ့ဘူးလေ။ နာကျင်မှုတွေပဲ ခံစားခဲ့ရတာပါ။ ဘဝရဲ့ ကြိုးကိုင် စီမံရာအတိုင်း လိုက်ပါကပြနေရတဲ့ သက်ရှိ ယမင်းရုပ်လေးရဲ့ နူးညံ့တဲ့ ရင်ခုန်သံ စည်းချက်တွေ ပွင့်ဟထွက်ပေါ်လာအုံးမလားဆိုတာကိုတော့ ..........

  ဖေဖေ၊ မေမေတို့အပြင် အန်တီကြည်ပြာနဲ့ ကိုကိုတို့ဟာ ငုဝါဘဝမှာ အချစ်ရဆုံး သူတွေပါပဲ။ အထူးသဖြင့် မောင်နှမမရှိတဲ့ ငုဝါအတွက် ကိုကိုဟာ အတွယ်တာရဆုံးနဲ့ အားအကိုးရဆုံး အကိုတစ်ယောက်ပါပဲ။

                ငုဝါ ငယ်စဥ္ ကလေးဘဝကတည်းက ကစားဖော်ဖြစ်ပေးတဲ့ကိုကို၊ မနိုင်တနိုင်နဲ့ ချီပိုးထိန်းပေးခဲ့တဲ့ ကိုကိုပါ။ ကျောင်းနေတဲ့ အရွယ်မှာလည်း အတူသွားလာခဲ့ရတာလေ။ ပြီးတော့ ငုဝါကို စိတ်မချလို့ အတန်းရှေ့မှာ လာရပ်ကြည့်ပေးတတ်တဲ့ ကိုကိုဟာ ငုဝါအတွက် အားကိုးယုံကြည်ရာပါပဲ။

                ဖေဖေက အလုပ်တစ်ဖက်နဲ့မို့ အချိန်ပြည့် မပေးနိုင်ပါဘူး။ ဒါပေမယ့် ဖေဖေက ငုဝါကို တော်တော်ချစ်တာပါ။ ငုဝါကလည်း ဖေဖေကို အရမ်းချစ်တယ်။ ငယ်စဥ္က ကျောင်းသွားချိန်တိုင်း ငုဝါရယ်၊ ကိုကိုရယ်ကို ဖေဖေက လိုက်ပို့ခဲ့လို့ ပျော်ပျော်ရွှင်ရွှင် သွားခဲ့ကြတာကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။

               နောက်ပိုင်း အတန်းရလာတော့ ကိုကိုကပဲ ငုဝါကို ကျောင်းအတူသွား၊ အတူပြန် လုပ်ပေးခဲ့တယ်လေ။ ပြီးတော့ ငုဝါကို ကိုကိုကပဲ စာပြပေးခဲ့တာပါ။ ကို့ကို့ အိပ်ခန်းလေးဟာ ငုဝါငယ်စဥ္ကတည်းက ကစားရာ၊ စာလုပ်ရာ အခန်းလေး ဖြစ်ခဲ့ပါတယ်။

               ဒါပေမယ့် ကိုကိုက ၁၀ တန်းကို ဘော်ဒါဆောင် သွားနေတော့ ငုဝါ ဝမ်းနည်းပြီး ငိုခဲ့ရပါသေးတယ်။ ငုဝါငယ်ငယ်ကတည်းက အတူကျောင်းသွားခဲ့၊ ဂရုစိုက်ပေးခဲ့တဲ့ ကိုကိုက အနားမှာ မရှိတော့ဘူးလေ။ အဲဒီတော့ ကလေးပီပီ ဝမ်းနည်းပြီး ငိုခဲ့ရတာ မဆန်းပါဘူး။

                ဒါပေမယ့် ကိုကိုက တစ်ပတ်တစ်ကြိမ် ပြန်လာတိုင်း ငုဝါကို ပိုဂရုစိုက်ပေးခဲ့ပါတယ်။ အဲဒီရက်တွေကတော့ ငုဝါ အပျော်ဆုံးပေါ့။ ကိုကိုနဲ့ မတွေ့ရတဲ့ ရက်တွေကို အတိုးချပြီး နွဲ့ဆိုး ဆိုးခဲ့ရတဲ့ နေ့တွေပါ။ ကိုကိုက ငုဝါ ကျူရှင် အကြိုအပို့ လုပ်ပေးသလို စာလည်း ပြပေးခဲ့တယ်လေ။

                ဒီလိုနဲ့ ကိုကို တက္ကသိုလ်တက်ရတဲ့ အချိန်မှာတော့ အကြာကြီး ခွဲနေရပြန်ပါတယ်။ အိမ်ပြန်လာတာ ရှားလာတဲ့ ကိုကို့ ကိုပိုပြီး လွမ်းဆွတ်ရပါတယ်။ ကိုကို့အိမ်ရောက်တိုင်း ကိုကို မရှိတဲ့ အိပ်ခန်းလေးထဲ ဝင်ကာ တစ်ချိန်က မောင်နှမ နှစ်ယောက် ချစ်ချစ်ခင်ခင် နေခဲ့ကြတာကို သတိရလွမ်းဆွတ်ရုံပဲ တတ်နိုင်ပါတော့တယ်။

                ပြီးတော့ ငုဝါ အသက် မြန်မြန်ကြီးချင်လာပါတယ်။ ဒါမှသာ ကိုကိုနဲ့ တက္ကသိုလ် အတူတူ တက်ရမယ် မဟုတ်ပါလား။ ဒါပေမယ့် အသက် ၅ နှစ်ကျော်လောက် ကွာလို့ ငုဝါ ၁၀ တန်းအောင်ချိန်မှာ ကိုကိုက ကျောင်းပြီးနေမှာပါ။ ငုဝါကတော့ ကိုကိုနဲ့ မတွေ့ရတာ ကြာလေ ပိုပြီး လွမ်းဆွတ်သတိရမိလေပါပဲ။

                 ပြီးတော့ ကိုအောင်အောင်ကလည်း ငုဝါကို တွေ့တိုင်း စတယ်လေ။ ကိုကိုက တက္ကသိုလ်မှာ ရည်းစားရှိနေလို့ အိမ်ပြန်မလာတာတဲ့။ ကိုအောင်အောင် စမှန်း သိပေမယ့် အဲဒီစကားကြားတော့ ငုဝါ တကယ်ငိုချင်လာမိပါတယ်။ ကိုကိုက တကယ်များ ရည်းစားဆိုတာ ရှိနေပြီလားလို့ ထင်မိပါတယ်။


အဲဒီအချိန်က ရည်းစားဆိုတဲ့ အဓိပ္ပါယ်ကို ငုဝါသေချာ မသိပါဘူး။ ငုဝါသိတာက ကိုကို့ဘေးမှာ အခြားကောင်မလေး ရှိနေရင် ငုဝါကို မချစ်တော့ပဲ နေမှာကိုပဲ စိုးရိမ်တာပါ။ ငုဝါကို ဂရုမစိုက်တော့ဘဲ အဲ ကောင်မလေးကိုပဲ ဂရုစိုက်နေတော့မှာလေ။ ကလေးအတွေးနဲ့ ငုဝါ စိုးရိမ်ခဲ့ရတဲ့ အကြောင်းတွေပါပဲ။

                ဒါကြောင့်ပဲ ကိုကို ပြန်လာချိန်မှာ ငုဝါအရင်ဆုံးမေးမိတာက အဲဒီကိစ္စပါပဲ။ ကိုကို့မှာ ကောင်မလေး ရှိပြီလား၊ အဲဒါကြောင့် ငုဝါတို့ဆီ ပြန်မလာတာလားလို့ မေးမိတော့ ကိုကိုက ဟပ်ဟပ်ပက်ပက် ရယ်ပါတော့တယ်။ ပြီးတော့ ကိုကို့မှာ ဘယ်ကောင်မလေးမှ မရှိဘူး။ ဟော့ဒီ ညီမလေးတစ်ယောက်ပဲ ရှိတာလို့ ခေါင်းကို ပုတ်ပြီး ပြောတော့ ငုဝါ ပျော်လိုက်ရတာလေ။

               ငုဝါပျော်တာက ကိုကို့မှာ ရည်းစားမရှိလို့ မဟုတ်ပါဘူး။ ရည်းစားထက်ကို ငုဝါကို အချစ်ပိုတာကို သိရလို့ ကျေနပ်ပျော်ရွှင်ရတာပါ။ ကိုကို့စိတ်ထဲမှာ ညီမလေး ငုဝါတစ်ယောက်တည်း ရှိတယ်ဆိုတဲ့ အပြောက တကယ် စိတ်ချမ်းသာစေပါတယ်။

               တဖက် မှာလည်း ကိုကိုတို့ အရွယ် မမ လှလှတွေ တွေ့တိုင်း မဆီမဆိုင် ငုဝါရင်ပူမိပါတယ်။ ဒီမမတွေက ငုဝါလို ကလေးသာသာ မဟုတ်ဘူးလေ။ အရမ်းလှနေကြတာပါ။ တစ်ခါတလေ ကိုကိုက မမလှလှတွေကို လှမ်းကြည့်တတ်တာ တွေ့ရင် ငုဝါရင်ထဲ တစ်မျိုးကြီးပါပဲ။ မနာလိုတာလား၊ အားကျတာလား ဆိုတာ ကလေးသာသာ ငုဝါ သေချာ မသိပါဘူး။

                ဒါပေမယ့် မမတွေက လှလို့ ကိုကိုက ကြည့်တယ်ဆိုတာတော့ ငုဝါ သိပါတယ်။ ဒါကြောင့် ငုဝါလည်း အဲဒီမမတွေလို လှချင်နေပါပြီ။ ဒါဆို ကိုကိုက ငုဝါကိုပဲ ကြည့်ကာ အမြဲ ဂရုစိုက်နေမယ် ထင်နေမိပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့ နှလုံးသားလေးဟာ ရိုးစင်းစွာ ပိုင်ဆိုင်လိုတဲ့ အတ္တတစ်ခုကြောင့် အရောင်ဆိုးနေမိတာကို သတိမထားမိခဲ့ပါဘူး။

                 ဒီလိုနဲ့ ကိုကို တက္ကသိုလ် စာမေးပွဲ ဖြေဖို့ နီးချိန်မှာ အိမ်ကို ပြန်မလာတော့တာ ကြာသွားပါတယ်။ အဲဒီအချိန် လေး၊ ငါးလအတွင်းမှာပဲ ငုဝါ ခန္ဓာကိုယ် အပြောင်းအလဲတွေ စတင်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ မိန်းကလေး တစ်ယောက်ရဲ့ အပျိုဖော်ဝင်စ အခြေအနေတွေပေါ့။

                မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်ချိန်မှာ မိခင်ရဲ့ အားပေးကူညီ လမ်းပြမှုတွေက တကယ်အရေးပါခဲ့တာပါ။ တစ်သတ်မှာ မကြုံဖူးတဲ့ နာကျင်ကိုက်ခဲ နွမ်းနယ်မှု၊ သဘာဝအရ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုဟာ အနည်းနဲ့ အများတော့ စိတ်ဒုက္ခရောက်ကြရတာပါပဲ။ စစကြုံရခြင်း အခြေအနေမှာ အနေအထိုင်ကအစ ခက်ခဲကြရတာပါ။

                မိန်းမ ဖြစ်ရတာကို မုန်းတီးကြောက်ရွံ့ခြင်းတွေ ကြုံကြရပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံတွေက ငုဝါတို့ မိန်းကလေးတွေ တစ်သတ်လုံး ကြုံတွေ့ရင်ဆိုင်ရမှာပဲ မဟုတ်ပါလား။ မေမေ့ရဲ့ အားပေးကူညီပြောပြမှုတွေက ငုဝါကို စိတ်ဖြေသိမ့်စရာ ဖြစ်ခဲ့ရပါတယ်။

                ပြီးတော့ မေမေက ငုဝါ အပျိုဖြစ်ပြီလို့ ပြောတာ ကြားလိုက်ရတဲ့ အချိန်မှာ စိတ်ထဲ တစ်မျိုးကြီးပါပဲ။ ရင်ဖိုသလိုလို၊ စိုးရိမ်သလိုလို၊ အမျိုးအမည် မခွဲနိုင်တဲ့ ခံစားမှုတွေ ဖြစ်ခဲ့ရပါတယ်။ အရွယ်ရောက်ပြီဆိုတဲ့ အသိတစ်ခုကတော့ ငုဝါကို စိတ်ကျေနပ်စေပါတယ်။

အပျိုဖော် စဝင်တဲ့ လပိုင်းအတွင်းမှာပဲ ငုဝါရဲ့ ခန္ဓာကိုယ်ကလည်း အပြောင်းအလဲတွေ စဖြစ်လာခဲ့ပါတယ်။ မိန်းမတစ်ယောက်ရဲ့ ရှိသင့်တဲ့အဖုအထစ် အဝန်းအဝိုင်းတွေကလည်း ခပ်ရေးရေးမှသည် ထင်ထင်ရှားရှား ပေါ်ထွက်လာဖို့ အားယူနေကြပါပြီ။ ဒီတော့လည်း ဒီအရာတွေနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေ ပြောင်းလဲ ဝတ်ဆင်ရပြီပေါ့။

               ပြီးတော့ မိန်းမသားများသာ ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများဟာ ရင်လှိုက်ဖို မောပန်းစေတဲ့ အဓိကနေရာတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ရင်သားတွေ၊ တင်သားတွေနဲ့ မိန်းမအင်္ဂါတွေဟာ ခံစားမှုအရှိန်ကို မြှင့်တက်စေတဲ့ နေရာတွေမှန်း သိခဲ့ရပါတယ်။

               ငုဝါရဲ့ ခန္ဓာကိုယ်ပင် မကဘဲ စိတ်ပိုင်းဆိုင်ရာမှာလည်း အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အရင်က ကလေးပီပီ မရှက်မကြောက်ခဲ့တဲ့ အရာတွေဟာ အခုချိန်မှာတော့ ရှက်သလို၊ ရွံ့သလို ဖြစ်လာရပါတယ်။ အထူးသဖြင့် တစိမ်းယောက်ျားလေးများနဲ့ ပတ်သတ်ရင် အရင်လို ပြောဆိုဆက်ဆံတာမျိုး သိပ်မလုပ်ဖြစ်တော့ပါဘူး။

               ဒါ့အပြင် အပျံသင်စ ငှက်ငယ်လေးလို အရာရာကို သိချင်၊ စူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်လာရပါတယ်။ အရင်က ဆော့ကစားခဲ့တဲ့ အချိန်တွေမှာ တစ်ယောက်တည်း အေးဆေးထိုင်ပြီး တွေးနေ၊ ငေးနေမိတာမျိုးတွေ ဖြစ်နေရပါတယ်။

              ပြီးတော့ ငုဝါရဲ့ ပြောင်းလဲလာတဲ့ အလှအပတွေကို ကိုကို့ကို ပြချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ တစ်ချိန်က ကိုကို ထိန်းကျောင်းခဲ့ရတဲ့ ညီမလေးဟာ အခုလို ပြောင်းလဲမှုတွေ တွေ့မြင်ရရင် ကိုကို ဘယ်လို တုန့်ပြန်မလဲလို့ သိချင်လာပါတယ်။

               အခြားယောက်ျားလေးတွေက ငုဝါကို အံ့ဩ စိတ်ဝင်စားတဲ့ပုံစံနဲ့ ကြည့်ရင် ငုဝါမကြိုက်ပါဘူး။ ဒါပေမယ့် ကိုကိုရဲ့ အံ့ဩသွားတဲ့ ပုံစံကိုတော့ ငုဝါတွေ့ချင်နေမိပါတယ်။ ကိုယ်တန်ဖိုးထား ပိုင်ဆိုင်တဲ့ အရာတစ်ခုကို သံယောဇဥ္ရှိတဲ့သူကို ပြသချင်တတ်ကြတယ် မဟုတ်ပါလား။

                 
ဒါကြောင့်ပဲ ကိုကို စာမေးပွဲပြီးလို့ ပြန်လာတဲ့ ရက် မှာ ငုဝါအလှဆုံး ပြင်ဆင်မိပါတယ်။ မေမေကိုယ်တိုင် ချုပ်ပေးတဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးကို ကြွကြွရွရွလေး ဝတ်ထားမိပါတယ်။ ငုဝါရဲ့ကိုယ်တိုင်း အတိုင်း အပိုအလိုမရှိ ချုပ်ပေးထားတာမို့ အဝတ်အစားဝတ်ရင်း မှန်ကိုကြည့်ကာ ကျေနပ်နေမိပါတယ်။

                ဆူမို့မို့ ရင်သား၊ သိမ်သောခါး၊ လုံးဝန်းသော တင်သားများဟာ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်ယူစရာ အလှတရားများ မဟုတ်ပါလား။ ဒီလို ကြွကြွရွရွ အလှတရားများနဲ့ ဆံပင်ကို နှစ်ဖက်ခွဲပြီး ကျစ်ဆံမှီး ကျစ်ထားတဲ့ ငုဝါကို ကိုကိုတွေ့ရင် ဘယ်လို ဖြစ်သွားမလဲလို့ သိချင်လှပါပြီ။

                 ငုဝါ မျှော်မှန်းထားသလိုပါပဲ။ ကိုကိုနဲ့ တွေ့ချိန်မှာ ငုဝါစိတ်ထဲ အတိုင်းထက်အလွန် ကျေနပ်ကြည်နူးမိရပါတယ်။ ကိုကိုလေ၊ ငုဝါကို စတွေ့တော့ ပါးစပ်အဟောင်းသားနဲ့ အံ့ဩသွားပါတယ်။ ငုဝါကို ခြေဆုံး ခေါင်းဆုံး ကြည့်ပြီး နှုတ်ဆက်ဖို့ကို ဆွံ့အနေသလိုပါပဲ။ ကိုကို့အမြင်မှာ ကလေးသာသာ ငုဝါက အခုလို တွေ့လိုက်ရတော့ မယုံနိုင် ဖြစ်နေတာ သေချာပါတယ်။

                 ကိုကို့ မျက်ဝန်းထဲမှာ ငုဝါရဲ့ ပြောင်းလဲမှုတွေအတွက် အံ့ဩမှုနဲ့အတူ ငုဝါရဲ့ အလှတရားကို အသိအမှတ်ပြုတာကို အတိုင်းသား မြင်ရပါတယ်။ ဒါကြောင်ပဲ ငုဝါရင်ထဲ ကျေနပ် ကြည်နူးမိတာပေါ့။ ဒါပေမယ့် အခြားရွယ်တူ ယောက်ျားလေးတွေ ဒီလို အကြည့်နဲ့ ကြည့်ရင် ငုဝါမကြိုက်ပါဘူး။ ရှက်လည်း ရှက် မိပါတယ်။

                ဒါပေမယ့် ကိုကို ကြည့်နေတာကိုတော့ ကျေနပ်ပြီး ဂုဏ်ယူမိပါတယ်။ ငုဝါ မရှက်ပါဘူး။ ကိုကို့ကို ဒီလို မြင်တွေ့စေချင်တာလေ။ ခက်တာက ကိုကိုက ငုဝါကို အရင်လို နှုတ်မဆက်သေးဘဲ ယောင်နန လုပ်နေတာကိုပါ။ ကိုကို ဘာဖြစ်နေတာလဲ ?

               ဒါကြောင့်ပဲ ငုဝါကစပြီး ကိုကို့ လက် မောင်းကို ပြေးဆွဲကာ အခန်းထဲသွားဖို့ ဆွဲခေါ်ရပါတယ်။ ဒါကိုတောင် ကိုကိုက တွန့်ဆုတ်ဆုတ် ဖြစ်နေပါသေးတယ်။ နောက်ဆုံး ငုဝါက ကိုကို ဘာဖြစ်နေတာလဲလို့ အော်ပြီး အတင်းဆွဲခေါ်မှ အခန်းထဲ ပါလာပါတယ်။

                အခန်းထဲ ရောက်တော့လည်း ကုတင်ပေါ်မှာ ငုဝါနဲ့ ခပ်ခွာခွာ ထိုင်နေသေးတယ်လေ။ ငုဝါလည်း အမြင်ကပ်တာနဲ့ အနားကို အတင်းကပ်ထိုင်လိုက်တာပေါ့။ ဒီတော့လည်း ကိုကိုက မျက်နှာကြီး လွှဲလို့ နေပြန်တယ်။ ငုဝါလည်း ဒီလိုအနားကပ်ထိုင်လိုက်ပြီးမှ ကိုကိုမျက်နှာလေးကို ငေးကြည့်မိရင်း ရင်ထဲတစ်မျိုးကြီး ဖြစ်လာပါတယ်။

                ရင်ထဲ တသိမ့်သိမ့် လှုပ်ရှားလာကာ မောပန်းလာသလိုပါပဲ။ အရင်ကလည်း ကိုကို့အခန်းထဲမှာ အခုလို နှစ်ယောက်တည်း နေနေကြပါ။ အခုမှ ကိုကို့မျက်နှာကို အနီးကပ်ကြည့်ရင်း ဘယ်လိုဖြစ်လာရတာမှန်း မသိပါဘူး။ ဒီခံစားချက် မျိုး တစ်ခါမှ မခံစားဖူးတာ အမှန်ပါ။ ဒါပေမယ့် ဒီခံစားချက်ကို ငုဝါ သဘောကျနေမိပါတယ်။

               ပြီးတော့ ကိုကိုက ငုဝါကို ခပ်ခွာခွာနေတာကိုလည်း ဝမ်းနည်းလာပါတယ်။ မတွေ့တာ ကြာလို့ စိမ်းသွားတာလား ? ဒါမှမဟုတ် ကိုကို့မှာ ရည်းစားရှိနေလို့ အခြားမိန်းကလေးနဲ့ နီးနီးကပ်ကပ် မနေချင်တာလား ? ဒီအတွေးက ငုဝါရင်ကို ထိခိုက်နာကျင်စေပါတယ်။ ကိုကို့အတွက် ငုဝါက အပြင်လူ ဖြစ်သွားရပြီလား ?

ဒီလိုတွေးမိတာကြောင့်ပဲ ငုဝါ ငိုချင်လာမိပါတယ်။ ဒါကြောင့်ပဲ ကိုကို ဘာဖြစ်နေတာလဲ၊ ရည်းစားရနေလို့ ငုဝါကို မချစ်တော့တာလားလို့ စမေးလိုက်ပါတယ်။ ဒီလိုမေးလိုက် မှ ကိုကိုက မဟုတ်ပါဘူးပြောကာ လှည့်ကြည့်ပါတယ်။ ငုဝါ မျက်ရည်ဝိုင်းနေတာ တွေ့တော့ ကိုကို မျက်လုံးပြူးပြီး ထိတ်ထိတ်ပြာပြာ ဖြစ်သွားပါတယ်။

               ငုဝါရဲ့ ရစ်ဝိုင်းနေတဲ့ မျက်ရည်စတွေကို သုတ်ပေးရင်း ကိုကို့မှာ ရည်းစားမရှိပါဘူးလို့ ပြောရှာပါတယ်။ ဒီနောက် မှာတော့ ကိုကိုက အရင်လို ပြန်ဆက်ဆံလာပါတယ်။ ငုဝါရဲ့ ကျောင်းကိစ္စတွေမေးသလို ကိုကိုရဲ့ တက္ကသိုလ်က အကြောင်းတွေကိုလည်း ပြောပြလာပါတယ်။

               အခုလို မောင်နှမနှစ်ယောက် ပြန်နွေးထွေးသွားတော့ ငုဝါပျော်ပါတယ်။ ရင်ထဲက စိုးရိမ်ပူပန် ဝမ်းနည်းတာတွေလည်း မေ့ပျောက်သွားပါတယ်။ ပြီးတော့ ကိုကိုမျက်နှာလေးကို ငေးကြည့်ရင်း ရင်တသိမ့်သိမ့်တုန်ကာ ကတုန်ကရင်ကြီး ဖြစ်ရတာလည်း သက်သာစေပါတယ်။

               ကိုကိုက ကျောင်းပိတ်တဲ့ လတွေမှာတော့ ငုဝါနဲ့ အတူရှိနေတာ များပါတယ်။ ကိုအောင်အောင်တို့အိမ် သွားနေတဲ့ အချိန်တွေက လွဲလို့ပေါ့။ ငုဝါလည်း ကိုကို ပြန်လာမှ အတိုးချ အပြင်ထွက်ရတာလေ။ မေမေတို့က ငုဝါ အပျိုဖော်ဝင်ကတည်းက တစ်ယောက်တည်း အပြင်သွားတာ သိပ်ခွင့်မပြုတော့ဘူးလေ။

               ဒါပေမယ့် ကိုကိုနဲ့ဆိုရင် ဘယ်သွားသွား ခွင့်ပြုပါတယ်။ ဒါကြောင့်ပဲ ငုဝါ စားချင်ရာ၊ သွားချင်ရာ၊ ဝယ်ချင်ရာတွေကို ကိုကို့ကို အပူကပ်ရတာပေါ့။ ကိုကိုကလည်း ငုဝါကို အကုန်အလိုလိုက်တာပါပဲ။ ဒါကြောင့် ကိုကိုပြန်လာတဲ့ နေ့တွေဟာ ငုဝါအပျော်ဆုံး အချိန်တွေပါပဲ။ ကိုကို့ကို ဆိုးနွဲ့လို့ ရတာကြောင့် ဖြစ်သလို ကိုကို့အနားမှာ ရှိနေရတာကိုလည်း ကျေနပ်ပျော်ရွှင်နေမိလို့ပါ။

               ကိုကိုက ငုဝါကို အလိုလိုက်ပေမယ့် အခုနောက်ပိုင်းတော့ စိတ်မချ ပိုဖြစ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် ငုဝါ အတန်းဖော် သူငယ်ချင်းတွေနဲ့ သွားတာ၊ လာတာမျိုးတွေမှာပါ။ ယောက်ျားလေး အတန်းဖော်တွေ ပါရင် ကိုကိုက ပိုစိတ်မချဖြစ်တတ်တာကို ငုဝါရိပ်မိပါတယ်။ ငုဝါအပေါ် ကိုကိုက အဲလို စိတ်မချ၊ စိတ်ပူပေးတာကိုလည်း ကျေနပ်ကြည်နူးရပါတယ်။

               ကိုကိုကသာ စိတ်မချ ဖြစ်နေတာပါ။ ငုဝါက ယောက်ျားလေး အတန်းဖော်တွေကို ကြည့်မရပါဘူး။ သူတို့က ကိုကိုနဲ့ ယှဥ္လိုက်ရင် စာမဖွဲ့လောက်ပါဘူး။ ကိုကိုက အန်တီနဲ့တူတော့ ချောသလို ကိုယ်ဟန်အနေအထားကလည်း မင်းသားတွေထက် ကြည့်ကောင်းတယ်လို့ ထင်ပါတယ်။ ငုဝါအတွက်ကတော့ ရုပ်ရှင်မင်းသားတွေထက် ကိုကိုက ပိုပြီးချော၊ ပိုပြီး ကြည့်ကောင်းတဲ့ စံပြအမျိုးသားတစ်ယောက်ပါပဲ။

                ကိုကိုက ချောတော့ အတန်းဖော် သူငယ်ချင်းမတွေက ငုဝါကို ယောင်းမလို့ ခေါ်ကြပါတယ်။ ငုဝါကတော့ အဲလိုခေါ်တာ မကြိုက်ပါဘူး။ ဒါကြောင့်ပဲ အဲကောင်မတွေ ရှိရင် ကိုကို့ကို မခေါ်သွားပါဘူး။ ငုဝါလေ ကိုကို့ကို သဝန်တိုတတ်နေပါပြီ။ ညီမတစ်ယောက်က ချစ်ရတဲ့ အကိုကို သဝန်တိုတာထက်တောင် ပိုပါသေးတယ်။


တစ်ခါတလေတော့ ကိုကို စိတ်မချဖြစ်တတ်တာ သိလို့ ကိုကိုရှေ့မှာ အတန်းဖော်ကျောင်းသားတွေနဲ့ ခေါ်ပြောနှုတ်ဆက်တာတွေ လုပ်ပြတတ်ပါတယ်။ အဲလိုဆိုရင် ကိုကို့ မျက်နှာ ရှူတည်တည်ကြီးကို ကြည့်ရင်း ငုဝါစိတ်ထဲ ကြိတ်ရယ်မိပါတယ်။

                 ကိုကိုက ငုဝါကို စိတ်မချပါလားဆိုတဲ့ အသိကလည်း ကြည်နူးရပါတယ်။ ဒါကြောင့်ပဲ မကြာ မကြာ အဲလို အပြုအမူမျိုး ငုဝါလုပ်ပြတတ်ပါတယ်။ ဒါမှ ကိုကို့ ဂရုစိုက် မှု၊ စိုးရိမ်မှုတွေကို အမြဲရနေမှာလေ။ ဘယ်သူမဆို မိမိချစ်ခင် ကြင်နာရသူရဲ့ အလေးထား ဂရုစိုက် မှုကို လိုချင်တတ်ကြတယ် မဟုတ်ပါလား။

                 တစ်ခါတလေတော့ ကိုကိုက လူကြီးလိုဖြစ်နေတတ်ပြီး ငုဝါကို ဆုံးမတတ်ပါတယ်။ အထူးသဖြင့် စာကိစ္စနဲ့ ပတ်သတ်ရင် အလိုမလိုက်ပါဘူး။ ပြီးတော့ စာပြပေးရင် ဧည့်ခန်းမှာ ပြဖို့ လုပ်တတ်ပါတယ်။ ဒါတော့ ငုဝါက လက် မခံပါဘူး။ ငုဝါအတွက် ကိုကို့အိပ်ခန်းလေးဟာ စိတ်ကူးယဥ္ ရင်ခုန်စရာ အကောင်းဆုံးနဲ့ အနွေးထွေးဆုံး နေရာလေး မဟုတ်ပါလား။

                ဒါကြောင့်ပဲ ဧည့်ခန်းမှာ စာလုပ်ဖို့၊ စကားပြောဖို့ဆိုတဲ့ ကိုကို့ သဘောကို မလိုက်လျောတာပါ။ မေမေနဲ့ အန်တီကလည်း ငုဝါသဘောအတိုင်း နေစေတာပါ။ မေမေကိုယ်တိုင်ကတောင် ခွင့်ပြုထားတာကို ကိုကိုက ဘာတွေဇီဇာကြောင်နေမှန်း မသိပါဘူး။ တစ်ခါတလေ ကိုကို့ကို အူတွေယားပြီး ကုတ်ဖဲ့ပစ်လိုက်ချင်ပါတယ်။

                 ကိုကို့ကို အကိုရင်းတစ်ယောက်လို သဘောထားတာထက် ပိုနေတတ်တာကို ဝန်ခံပါတယ်။ ကိုကိုနဲ့ နေရရင် ပျော်နေသလို၊ ကိုကို့ မျက်နှာလေး ငေးကြည့်နေရရင် ရင်ခုန်တတ်နေပါပြီ။ အထူးသဖြင့် ကိုကို အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေရတဲ့ အချိန်တွေဟာ ရင်ခုန်ကြည်နူးရဆုံး အချိန်တွေပါပဲ။ ဒီလို ရင်လှိုင်ဖို ခံစားချက်လေးတွေကို ပျောက်ပျက်သွားမှာ မလိုလားပါဘူး။

                 ဆယ်ကျော်သက် အပျိုဖြန်းလေးတစ်ယောက်ရဲ့ ရင်ခုန်သံ အသစ်အဆန်းလေးများအပေါ် လိုချင်တပ်မက္စိတ်က တဖြည်းဖြည်း တိုးလာမြဲပါ။ တွေ့သမျှ မြင်သမျှကို ပွင့်သစ်စ နှလုံးသားနဲ့ ခံစားရင်း အတွေးကမ္ဘာထဲ မျောလွင့်နေတတ်ကြတာ သဘာဝပါပဲ။
                  ထိုနှလုံးသား နုနုလေးမှာ အပူအပင်များနဲ့ နာကျင်ကြေကွဲရမယ့် အကြောင်းအရာများကို သိမြင် လက်ခံနိုင်ခြင်းလည်း မရှိသေးပါဘူး။ သဘာဝရဲ့ နေဒဏ်၊ မိုးဒဏ်၊ လေဒဏ်များကို မခံရသေးတဲ့ ပွင့်လန်းစ ပန်းတစ်ပွင့်ပေါ့။ ဒါပေမယ့် သဘာဝရဲ့ လှုံ့ဆော် ထိခတ်မှုကို မလွဲမသွေ တွေ့ကြုံရအုံးမယ် မဟုတ်ပါလား။


အပိုင်း ၃၅ ဆက်ရန်











Comments